Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်မှာတိုက်ပွဲတွေ ဆက်လက်ပြင်းထန်

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်တွင် စစ်တပ်က ဇွန် ၂၉ ရက်မှာ ပြန်သိမ်းနိုင်ခဲ့တယ်လို့ ဝါဒဖြန့်ခဲ့တဲ့ ​တော်လှန်​ရေးအဖွဲ့ရဲ့ ကာကင်းစခန်းတစ်ခု။ ဓါတ်ပုံ-စစ်​ကောင်စီ

ဇွန်-၂၊၂၀၂၅။မေ/People Spring

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်က(၄)မိုင်(၆)နဲ့ (၇)မိုင်နေရာတွေမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါတယ်။

“လက်ရှိက တိုက်ပွဲကပြင်းတယ်။ ၇မိုင်မှာလည်း တိုက်နေကြတယ်။ (၅)မိုင်နဲ့ (၆)က တော်လှန်ရေးတပ်တွေ ပြန်ရပြီလည်း ကြားတယ်။ အကျအဆုံးတွေလည်း များတယ်ကြားတယ်။ စကစဘက်က ပိုကျတယ်”လို့ သပိတ်ကျင်းဒေသ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

(၅)မိုင်နဲ့ (၆)မိုင်နေရာတွေကို စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းက သိမ်းယူ‌‌ထားရာ လက်ရှိမှာတော့ တော်လှန်ရေးတပ်တွေက သိမ်းယူထားပြီလို့ ၎င်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ၂၇ ရက်ကစပြီး စစ်ကောင်စီတပ်ဟာ ယခင်ကတည်းက ရှိနေတဲ့ (၇)မိုင်ကနေ လေယာဉ်ပစ်ကူယူကာ စစ်ကြောင်းထိုးလာခဲ့တာလို့ အဲဒီဒေသက တော်လှန်‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဇွန်လ၂၇ ရက်နေ့ကနေ ဇွန်လ၃၀ရက်အထိ (၅)မိုင်နဲ့(၆)မိုင်ရွာတွေကိုစစ်တပ်ကစီးနင်းကာမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။

“တိုက်ပွဲကတော်တော်ပြင်း နေတယ်။မိုးကုတ်-မန္တလေးလမ်းလည်းအခုတလော အန္တရာယ်များတယ်။လေကြောင်းက ဆက်တိုက်ပစ်နေလို့ လမ်းမှာခဏခဏ ရပ်ထားရတယ်”လို့ဒေသခံ တစ်ဦးက ပြောပါတယ်။

မန္တလေးမြို့နဲ့ မိုင်(၈၀)ခန့်အကွာက ရွှေလုပ်ကွက်တွေကြောင့် နာမည်ကြီးတဲ့ သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၉ ရက်ကြာတိုက်ခိုက်ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ် ၂၅ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ခဲ့ပါတယ်။

တကယ်တော့ သပိတ်ကျင်းမြို့ကိုသာ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရခဲ့တာဖြစ်ပြီး မြို့နယ်တစ်ခုလုံးက စစ်ကောင်စီတပ်သားတွေ ကင်းစင်ခဲ့တာ မဟုတ်ပါဘူး။ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ (၇)မိုင်က လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းနဲ့ သပိတ်ကျင်းမြို့နဲ့ (၂၆)ခန့်ကွာဝေးတဲ့ တွင်းငယ်ကျေးရွာမှာအမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)မှာ သွားရောက်စုဝေးသလို ၊စစ်တပ်ကစစ်ကူပို့တဲ့စစ်သား​တွေနဲ့​ပေါင်းပြီး ခံစစ်ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီကနေ စုဝေးစစ်ကြောင်းထိုးပြီး ကျေးရွာအချို့ကို ပြန်သိမ်းယူနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ တွင်းငယ်ကျေးရွာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၄ရက်နေ့မှာ ကျေးရွာကနေ ဆုတ်ခွာပေးခဲ့ရပါတယ်။

အခုလည်း (၇)မိုင်က စစ်ကြောင်းထိုးထွက်လာတဲ့ စစ်တပ်ဟာ (၄)မိုင်(၅)နဲ့(၆)မိုင်နေရာတွေကိုရဖို့ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

ယခုနှစ်အတွင်း စစ်ကောင်စီက မန္တလေးတိုင်းအတွင်းက တော်လှန်ရေးတပ်စိုးမိုး နေရာတွေကို စစ်ကောင်စီတပ်က အပြင်းအထန်ထိုးစစ်ဆင် သိမ်းယူနေပြီး မတ္တရာမြို့နယ်အရှေ့ခြမ်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်တပ်ရဲ့ ကာဘိုးကျေးရွာတပ်စခန်းအနီး တိုက်ပွဲအတွင်း စစ်တပ် ထိခိုက်သေဆုံးမှုရှိပြီး လက်နက်၂လက် သိမ်းရခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။