Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးတပ်​တွေရဲ့ နယ်စပ်က လက်ကျန်စစ်စခန်းသိမ်းတိုက်ပွဲ​တွေကို ထိုင်းစစ်တပ်​စောင့်ကြည့်

မြန်မာ−ထိုင်းနယ်စပ်က စစ်တပ်ရဲ့ လက်ကျန်စခန်း​တွေကို KNLA ဦး​ဆောင်တဲ့ပူး​​ပေါင်းတပ်​တွေက ထိုးစစ်ဆင်တိုက်ခိုက် ​နေချိန်မှာ ထိုင်းစစ်တပ်က နယ်စပ်လုံခြုံ​ရေးကိုမြှင့်ထားပြီး အ​ခြေအ​နေကို ​စောင့်ကြည့်​နေတယ်လို့ ထိုင်းနယ်စပ်ကလာတဲ့ သတင်း​တွေအရ သိရပါတယ် ။

ထိုင်းစစ်တပ်ကလုံခြုံ​ရေးမြှင့်ထားပြီး ​စောင့်ကြည့်​နေစဥ် နဲ့ စစ်​ဘေး​ရှောင်ပြည်သူအချို့။ဓါတ်ပုံ-AEC ၊ Addy Chaiyadesh

ဇွန်-၃၊၂၀၂၅။​နေ့သစ်/People’s Spring

မြန်မာ−ထိုင်းနယ်စပ်က စစ်တပ်ရဲ့ လက်ကျန်စခန်း​တွေကို KNLA ဦး​ဆောင်တဲ့ပူး​​ပေါင်းတပ်​တွေက ထိုးစစ်ဆင်တိုက်ခိုက် ​နေချိန်မှာ ထိုင်းစစ်တပ်က နယ်စပ်လုံခြုံ​ရေးကိုမြှင့်ထားပြီး အ​ခြေအ​နေကို ​စောင့်ကြည့်​နေတယ်လို့ ထိုင်းနယ်စပ်ကလာတဲ့ သတင်း​တွေအရ သိရပါတယ် ။

KNLA ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​​တွေက KNU တပ်မဟာ ၇ ၊ တပ်မဟာ ၆ ၊ တပ်မဟာ ၄ က ထိုင်းနယ်စပ်တ​​လျှောက်မှာရှိတဲ့ စစ်တပ်စခန်း​တွေကို ဧပြီလကစပြီထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်​နေတာပါ။ KNU ဌာနချုပ်ရှိတဲ့တပ်မဟာ (၇)က စခန်း​တွေကို ​မေလမှာဆက်တိုက်သိမ်းပိုက်ခဲ့ပြီး ဇွန်လမှာ တပ်မဟာ (၆)က နယ်စပ်ကစစ်စခန်း​တွေကိုဆက်တိုက်သိမ်းပိုက်ခဲ့ပါတယ်။ဒါ​ကြောင့် အခုဆိုရင် မြဝတီမြို့​တောင်ဘက်မှာ ​ဝေါ​လေဗျူဟာ၊ ဥကရစ်ထစခန်း ၊တီသဲလယ်ကာကင်းစခန်းတို့ပဲကျန်ပါ​တော့တယ် ။ကျန်​နေတဲ့ စစ်စခန်း​တွေကို ဒီရက်မှာ KNLA ၊KNDO ၊PDF စတဲ့ ပူး​ပေါင်းတပ်​​တွေက အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်​နေပါတယ် ။

တီသဲလယ်စစ်စခန်းကို​တော်လှန်​ရေးတပ်​တွေက ဒရုန်း​တွေအသုံးပြုတိုက်ခိုက်သလို စစ်တပ်ကလည်း လက်နက်ကြီး​တွေနဲ့ဆက်တိုက်ပစ်ခတ်​နေတယ်လို့ ထိုင်းနယ်စပ်က ​ဒေသတွင်းသတင်းဌာနအချို့က​ဖော်ပြပါတယ် ။တိုက်ပွဲ​တွေဖြစ်ပွား​နေစဥ်မှာ ​ဒေသခံပြည်သူ ၃ ဦးဒဏ်ရာရတဲ့အတွက် ထိုင်းနယ်စပ်ဘက်ခြမ်းကူလာပြီး​ဆေးကုသမှုခံယူတာကိုကူညီကုသ​ပေး​နေတယ်လို့ ထိုင်းနယ်စပ်သတင်း​တွေကို​ဖော်ပြ​ပေးတဲ့ AEC သတင်းဌာနက​ဖော်ပြပါတယ် ။

Public Service Announcement

Public Service Announcement

ဒါအပြင် တိုက်ပွဲဖြစ်ပွား​နေတဲ့​နေရာအနီးက​ ဒေသခံပြည်သူ​တွေထိုင်းဘက်ခြမ်းကိုထွက်​ပြေးတိမ်း​ရှောင်တဲ့အတွက် ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့ဝင်​တွေက ကူညီ​နေရာချထား​ပေး​နေကြတာကိုလည်း သတင်းဓါတ်ပုံ​တွေမှာ​တွေ့ရပါတယ် ။ နယ်စပ်လုံခြုံ​ရေးကို ၂၄ နာရီ ​စောင့်ကြည့်တာဝန်ထမ်း​ဆောင်​နေတယ်လို့ထိုင်းလုံခြုံ​ရေးအဖွဲ့​တွေကထုတ်ပြန်ထားပါတယ် ။

တော်လှန်းရေးတပ်ဖွဲ့တွေဟာ ဥကရစ်ထတပ်စခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်က စတင်ပိတ်ဆို့ထားပြီး ရက်ပေါင်း ၂၀ကျော်အကြာမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ အဲဒီနယ်စပ်တကြောက ဝေါ်လေဗျူဟာကုန်းတပ်စခန်းကိုလည်း တပြိုင်းတည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းစစ်တပ်ရဲ့ ကြည်းတပ်ဟာ ဒရုန်းစစ်ဆင်ရေးတွေကို ကွပ်ကဲပေးမယ့် သီးခြား စစ်ဆင်ရေး ယူနစ်တစ်ခု ဖွဲ့စည်းဖို့ ကာကွယ်ရေး ဝန်ကြီးဌာနဆီ တင်ပြ တောင်းဆိုထားကြောင်း သိရပါတယ်။ ဒါ့အပြင် စစ်ဆင်ရေး စွမ်းရည်ကို မြှင့်တင်နိုင်ဖို့အတွက် သံချပ်ကာယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ အတွဲလိုက်ပစ် ဒုံးကျည် စနစ်တွေ ဖြည့်တင်းပေးဖို့လည်း ကြည်းတပ်က...

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့က ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး တစ်စီး ထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။