Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ စစ်သားနှစ်ဦး အချင်းချင်းပစ်ခတ်လို့ တစ်ဦးသေ၊ လက်နက်ခဲယမ်းတွေကို PDF သိမ်းဆည်း

စစ်ကိုင်းမှာ စစ်ကောင်စီတ​ပ်သားနှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်လို့ တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေကို PDF က သိမ်းနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သိမ်းဆည်းရမိတဲ့ သေနတ် ၂ လက်နဲ့ ခဲယမ်းအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ-Phoenix Sagaing

ဇူလိုင်-၅၊ ၂၀၂၅။ ဇေအောင်/People’s Spring

စစ်ကိုင်းမှာ စစ်ကောင်စီတ​ပ်သားနှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်လို့ တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေကို PDF က သိမ်းနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်က စစ်ကိုင်းမြို့နယ်၊ အုန်းတော(၆၀၀၅)တင့်ကားတပ်ရင်းကနေ စစ်ကိုင်း-ရွှေဘိုလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစိကောင်စီ စစ်ကြောင်းထဲက စစ်သားနှစ်ဦးဟာ အချင်းချင်း ရန်ဖြစ်ပြီး ပစ်ခတ်ခဲ့ကြတာလို့ Phoenix Sagaing အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

အဲဒီလိုပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးသွားပြီး ကျန်တစ်ဦးက ထွက်ပြေးသွားကြောင်း၊ သူတို့ရဲ့ ကျန်နေတဲ့ MA-(1)အမျိုးအစား သေနတ်(၂)လက်၊ ကျည်ဘောက် (၅)ခု၊ ၅.၅၆ကျည်(၃၈)တောင့်၊ MG(1)အမျိုး အစား လက်ပစ်ဗုံး တစ်လုံးတို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မသေတဲ့ ဒဏ်ရာတွေနဲ့ ခွေးကတော့ ထွက်ပြေး လွတ်မြောက်သွားပြီး သူတို့ ခွေးကြောင်းဆီ ပြန်ပေါင်းသွားပြီ”လို့ Phoenix Sagaing အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

နယ်မြေလုံခြုံရေးအရ ရက်အနည်းငယ်စောင့်ပြီးမှ သတင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်း Phoenix Sagaing အဖွဲ့က အသိပေးပါတယ်။

အဲဒီရက်ပိုင်းက စစ်ကိုင်း-ရွှေဘိုလမ်းမှာ တိုက်ပွဲတွေဖြစ်လို့ ခရီးသွားယာဥ်တွေဟာ ကွင်းလမ်းတွေကနေတဆင့် ရှောင်ကွင်းသွားခဲ့ရတယ်လို့ ကားသမားတွေက ပြောပါတယ်။

လက်ရှိလည်း စစ်ကောင်စီတပ်က စစ်ကိုင်း-ရွှေဘိုလမ်းမှာ စစ်ကြောင်းထိုးနေပြီး ဒေသတွင်း တော်လှန်ရေးအင်အားစုတွေပူးပေါင်းကာ တိုက်ခိုက်နေတယ်လို့ Phoenix Sagaing အဖွဲ့က အသိပေးထားပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းကပဲ စစ်ကိုင်းမြို့နဲ့ အနီးကပ်ဆုံးရွာတရွာဖြစ်တဲ့ ဝါးချက်ရွာမှာလည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီက ပြည်ထောင်စုအကျိုးအတွက်ဖိတ်ခေါ်ချက်ဟု ခေါင်းစဉ်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အပါအဝင် လက်နက်ကိုင်အဖွဲ့များ ရွေးကောက်ပွဲလမ်းကြောင်းကို ပူးပေါင်းရန် ဖိတ်ခေါ်ချက် ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ၏ လုပ်ရပ်သည် တော်လှန်ရေးအင်အားစုများအား သွေးခွဲရေးဗျူဟာဖြစ်ကြောင်း PDF၊ ဒေသကာကွယ်ရေးတပ်နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံခရိုင်ထဲကရွာ‌​တွေက စစ်တပ်ဆီကိုလက်နက်နဲ့ရိက္ခာပို့လာတဲ့စစ်တပ်ယာဉ်တန်းနဲ့ လုံခြုံရေးယူလာတဲ့ စစ်သား​တွေကို PDF ​တွေကတိုက်ခိုက်တာမှာစစ်သား၃၀ကျော်သေဆုံးပြီး ရိက္ခာပို့ယာဉ်နှစ်စီးကို နဲ့သုံ့ပန်း၃ဦးကိ ဖမ်း‌ဆီးရရှိမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၇ (Zero ပျောက်ကြားတပ်ဖွဲ့) ကတာဝန်ရှိသူက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၂၈)မှာ "မင်းတို့စစ်ဖိနပ်အောက်မှာငါဘယ်တော့မှဒူးထောက်မှာမဟုတ်ဘူးကွ"စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့သပိတ်လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းနဲ့တနင်္သာရီတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၂၇)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့သပိတ်လှုပ်ရှားမှုတွေအသီးသီး ပြုလုပ်ခဲ့ကြပါတယ်။