Connect with us

Hi, what are you looking for?

သတင်း

မန္တလေးအိုးဘိုထောင်မှာနိုင်ကျဥ်းတစ်ဦး အူအတက်ပေါက်ပြီး ဆေးဝါးကုသခွင့်မရလို့ ကွယ်လွန်

မန္တလေး၊ အိုးဘိုအကျဥ်းထောင်မှာအကျဥ်းချခံထားတဲ့ နိုင်ငံရေးအကျဥ်းသား တစ်ဦးဟာ အူအတက်ပေါက်ပြီး ဆေးဝါးကုသခွင့်မရလို့ ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။

မန္တ​လေးအိုးဘိုအကျဥ်း​ထောင်​ရှေ့မှ စစ်​ကောင်စီရဲ့ အကျဥ်းဦးစီးဝန်ထမ်း​တွေကို ၂၀၂၂ ခုနှစ်က​တွေ့ရစဥ်။ဓါတ်ပုံ-RFA

“ဒီသေဆုံးမှုတွေဟာ တဘက်လှည့်ကနေ သတ်ဖြတ်ခြင်းမျိုး အဓိပ္ပါယ်သက်ရောက်မှု ဖြစ်မယ်လို့ ကျနော်တို့အနေနဲ့ သက်မှတ်ချင်တယ်”

— ကိုသိုက်ထွန်းဦး(PPNMဦးဆောင်ကော်မတီဝင်)

ဇူလိုင်-၉၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေး၊ အိုးဘိုအကျဥ်းထောင်မှာအကျဥ်းချခံထားတဲ့ နိုင်ငံရေးအကျဥ်းသား တစ်ဦးဟာ အူအတက်ပေါက်ပြီး ဆေးဝါးကုသခွင့်မရလို့ ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။

မနေ့က ဇူလိုင်(၈)ရက်နေ့ မနက်အစောပိုင်းက မန္တလေး အိုးဘိုအကျဥ်းထောင်မှာ အသက်(၅၉)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် နိုင်ငံရေးအကျဉ်းသားဦးမြင့်ဝေဟာ အူအတက်ပေါက်ပြီး အသက်ဆုံးပါးခဲ့ကြောင်း PPNMက အသိပေးပါတယ်။

ဦးမြင့်ဝေဟာ၂၀၂၁ခုနှစ် မေလ(၁၉)ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွာသစ်ကျေးရွာမှာ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ပုဒ်မ ၅၀၅(က)၊၅၀(က)နှင့် ၆၁တို့နဲ့ စုစုပေါင်း ထောင်ဒဏ်(၁၉)နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဦးမြင့်ဝေဟာ ဇူလိုင်လပထမပတ်ထဲက ဗိုက်အောင့်ဝေဒနာကို ပြင်းထန်စွာခံစားနေရလို့ ထောင်အာဏာပိုင်တွေဆီကနေ ဆေးဝါးကုသခွင့်ရဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ ပုံမှန်ဗိုက်အောင့်တာဆိုပြီး ဆေးဝါးကုသမှုမရရှိခဲ့ကြောင်း၊ ဗိုက်အောင့်ဝေဒနာ အလွန်ဆိုးရွားလာသည့်အချိန်ရောက်မှသာ ပြင်ပဆေးရုံကို ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံရောက်ချိန် တစ်ပတ်ခန့်နောက်ကျခဲ့ရတဲ့အတွက် သေဆုံးရခြင်းဖြစ်ကြောင်း PPNMက ထပ်မံအသိပေးပါတယ်။

“ဒီသေဆုံးမှုတွေဟာ တဘက်လှည့်ကနေ သတ်ဖြတ်ခြင်းမျိုး အဓိပ္ပါယ်သက်ရောက်မှု ဖြစ်မယ်လို့ ကျနော်တို့အနေနဲ့ သက်မှတ်ချင်တယ်။ ဒါကြောင့်မို့ မသေသင့်ဘဲ သေဆုံးသွားရတဲ့သူအနေနဲ့ ပတ်သက်လာရင်တော့ ဒီထောင်တွေမှာ တာဝန်ကျနေတဲ့ ထောင်အာဏာပိုင်တွေအပါအဝင် ဆရာဝန်တွေအနေနဲ့ သေချာပေါက်ပြန်လည်ဖြေရှင်းပေးရမယ့် ကိစ္စရပ်တွေဖြစ်မယ်လို့ ကြိုတင်ပြီး သတိပေးထားချင်တယ်”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အကျဉ်းသားများ၏ အခွင့်အရေးအရ ထောင်တွင်းဆေးဝါးကုသမှုနဲ့ ဆေးဝါးလုံလောက်စွာထားရှိရန်၊ကျန်းမာရေးအရ စိုးရိမ်ရသူများကို ပြင်ပဆေးရုံသို့အချိန်နှင့်တပြေးညီပို့ဆောင်ပေးရန် PPNMအနေနဲ့ တောင်းဆိုနေပေမဲ့ အကျဉ်းဦးစီး

ဌာနက လုပ်ဆောင်မှုမရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ နှစ်စဉ်ပျမ်းမျှ(၂၅)ဦးဝန်းကျင် အသက်ဆုံးရှုံးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားပါတယ်။

မန္တလေးအိုးဘိုထောင်မှာ ၂၀၂၄ခုနှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလကလည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ နိုင်ငံရေးအကျဉ်းသား ကိုစိန်လင်း(ခ)အငယ်လေး တို့ (၃) ဦးဆက်တိုက် ကွယ်လွန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်ကလည်း မန္တလေး အိုးဘိုထောင်အတွင်းမှာ မတရားဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်း လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦး ကွယ်လွန်ခဲ့ပါတယ်။

ဒါ့အပြင် မန္တလေး အိုးဘိုထောင်တခုတည်းမှာတင် မတ် (၂၈) ရက်နေ့တုန်းက လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးအိုးဘိုထောင်ထဲကနိုင်ငံရေးအကျဉ်းသား (၅၀) ဦးကျော် သေဆုံးခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အတည်ပြုနိုင်ခဲ့တာကြောင့် မိသားစုနဲ့ တွေ့ဆုံနိုင်ဖို့ နဲ့ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ Proof Of Life ကမ်ပိန်းကို ဦးဆောင်တဲ့ All in One Piece Movement က​ကြေညာပါတယ်။