Connect with us

Hi, what are you looking for?

သတင်း

တရုတ်အစိုးရက KIAကို ဗန်​မော်ထိုးစစ်မရပ်လျှင် မြေရှားမဝယ်​တော့ဟုခြိမ်း​ခြောက်မှု မကြားမိဟု KIO/KIA​ပြော

တရုတ်အစိုးရက ကချင်လွတ်လပ်​ရေးအဖွဲ့/ကချင်လွတ်လပ်​ရေးတပ်မ​တော်( KIO/KIA )ကို ဗန်း​​မော်မြို့သိမ်းထိုးစစ်ဆင်​နေမှုကို မရပ်တန့်လျင် မြေရှားသတ္ထု​တွေဝယ်ယူမှုရပ်တန့်မယ်လို့ ခြိမ်း​ခြောက်​ပြောဆိုတာကို မကြားဘူးလို့ KIO/KIA သတင်းပြန်ကြား​ရေးဌာန တာဝန်ခံ ဗိုလ်မှုကြီး​နော်ဘူက​ပြောပါတယ် ။

KIO/KIA သတင်းပြန်ကြား​ရေးဌာန တာဝန်ခံ ဗိုလ်မှုကြီး​နော်ဘူ ။ ဓါတ်ပုံ- File Photo

ဇူလိုင်-၉၊၂၀၂၅။​ဇော်ရမ်း/People’s Spring

တရုတ်အစိုးရက ကချင်လွတ်လပ်​ရေးအဖွဲ့/ကချင်လွတ်လပ်​ရေးတပ်မ​တော်( KIO/KIA )ကို ဗန်း​​မော်မြို့သိမ်းထိုးစစ်ဆင်​နေမှုကို မရပ်တန့်လျင် မြေရှားသတ္ထု​တွေဝယ်ယူမှုရပ်တန့်မယ်လို့ ခြိမ်း​ခြောက်​ပြောဆိုတာကို မကြားဘူးလို့ KIO/KIA သတင်းပြန်ကြား​ရေးဌာန တာဝန်ခံ ဗိုလ်မှုကြီး​နော်ဘူက​ပြောပါတယ် ။

“မြေရှားနဲ့ပတ်သက်တဲ့သတင်းကလည်း ကျတော်တို့မကြားဘူး။ ကျနော်တို့ဗဟိုကော်မတီကနေလည်း မကြားဘူး။ အပစ်အခတ်ရပ်စဲပြီးမှ နိုင်ငံရေးဆွေးနွေးဖို့ဆိုတာကတော့ တရုတ်ပြည်ဘက်ကနေ အမြဲတမ်းပြောနေတဲ့စကားပါ။ဒါကတော့ ခဏခဏပြောပါတယ်။ နယ်စပ်‌ဒေသတည်ငြိမ်အေးချမ်းရေးရှိဖို့အတွက် ဆွေးနွေးကြပါဆိုတာကတော့ အကြံပြုတာကတော့ ဒါကပြောပါတယ်။ ဒါက ကြာပါပြီ။ အခုမှပြောတာတော့မဟုတ်ဘူး။ မြေရှားသတ္တုနဲ့ပတ်သက်လို့တော့ အခုလို( တရုတ်အစိုးရက ဗန်းမော်မြို့သိမ်းတိုက်ပွဲမရပ်ပါက မြေရှားမဝယ်ယူ​တော့ဟု ထွက်ပေါ်လာတဲ့သတင်း) ပြောတာတော့ ကျတော်တို့ကတော့ မကြားဘူး”ဟုဗိုလ်မှူးကြီး​နော်ဘူက ဇူလိုင် ၉ ရက် မှာ People’s Spring ကို​ပြောပါတယ် ။

လတ်တလော‌မှာ လမ်း​တွေလည်း ပိတ်နေတဲ့အတွက် မြေရှားသတ္တုးတူးဖော်ရေးလုပ်ငန်း​တွေ အကောင်အထည်ဖော်နိုင်ခြင်းမရှိ​သေးဘူးလို့လည်းKIO/KIA သတင်းပြန်ကြား​ရေးဌာန တာဝန်ခံကဆက်​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

ရိုက်တာသတင်းဌာနက နိုင်ငံတကာ မြေရှားသတ္တု တင်ပို့ရောင်းချမှု စျေးကွက်ကို လက်ဝါးကြီး အုပ်ထားတဲ့ တရုတ်က KIA အနေနဲ့ ဗန်းမော်ကို ထိုးစစ်ဆင်နေတာကို ရပ်တန့်ဖို့ ဖိအားပေးတောင်းဆိုထားပြီး KIAဖက်ကတောင်းဆိုမှုကို မလိုက်လျောဘူး ဆိုရင်တော့ KIA ထိန်းချုပ်နယ်မြေတွေထဲမှာ ရှိနေတဲ့ မြေရှားသတ္တုတွင်းတွေက ထွက်တဲ့ သတ္တုရိုင်းတွေကို တရုတ်က ဝယ်ယူတော့မှာ မဟုတ်ဘူးလို့လည်း ခြိမ်းခြောက်ထားတယ်လို့ ဇူလိုင် ၈ ရက်​နေ့မှာ​ဖော်ပြပါတယ် ။

ရာဇသံဆန်ဆန် အဲဒီ အသိပေးမှုကို မေလထဲမှာ တရုတ်က KIAဆီ ပေးပို့ထားတာလို့လည်း ဆိုပါတယ်။ရိုက်တာက ဒီသတင်းကို KIO/KIA ကအမည် မ​ဖော်လိုတဲ့ အရာရှိအပါအဝင်သတင်းရင်းမြစ်သုံးဦးကို​ စုံစမ်းအတည်ပြု​ရေးသားထားတာလို့​ဖော်ပြပါတယ် ။

ဒါပေမဲ့ တရုတ်က တကယ်ပဲ KIAဆီက မြေရှားသတ္တု ဝယ်ယူမှုတွေ ရပ်ဆိုင်းလိုက်သလား ဆိုတာကို တိတိကျကျ မသိရပါဘူးလို့လည်းရိုက်တာသတင်းဌာနဆက်လက်​ဖော်ပြပါတယ်။KIAက ကချင်ပြည်နယ်ရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ ဗန်းမော်ကို သိမ်းပိုက်နိုင်ရေးအတွက် ၂၀၂၄ ဒီဇင်ဘာ လကတည်းက စစ်ကောင်စီကို ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ အခုထိလည်းကချင်ပြည်နယ်ထဲမှာ စစ်ကောင်စီကို ထိုးနှက်တဲ့ စစ်ဆင်ရေးတွေ ဆက်ပြီးအကောင်အထည်ဖော်နေဆဲပါ။

ကမ္ဘာ့မြေပုံကို ကြည့်ရင်တော့ စစ်မက်ဖြစ်ပွားနေတဲ့ မြန်မာနဲ့ တရုတ် နယ်စပ်​ဒေသတွေဟာ တစ်ကမ္ဘာလုံးစာ မြေရှားသတ္တု ထုတ်လုပ်မှု စုစုပေါင်းရဲ့ ထက်ဝက်လောက် မြစ်ဖျားခံတဲ့ ဇုန်မျိုး ဖြစ်နေပါတယ်။

ဒိုင်ပရိုဆီယမ်နဲ့ တာဘီယမ်တို့လိုမြေရှားသတ္တုစာရင်းဝင် ဓာတ်သတ္တုတွေဟာ ခေတ်ရှေ့ပြေး အဆင့်မြင့် နည်းပညာ ပစ္စည်းတွေ၊ သန့်စင်စွမ်းအင်သုံး နည်းပညာ ပစ္စည်းတွေ ထုတ်လုပ်မှုမှာ အရမ်းအရေးကြီးပါတယ်။ တကယ်လို့ ကမ္ဘာ့စျေးကွက်ဆီ မြေရှားသတ္တုတွေ တင်သွင်းမှု လျော့ကျလာမယ်ဆိုရင် စျေးနှုန်းတွေ မြင့်တက်လာပြီး စျေးကွက် တည်ငြိမ်မှုပါ ထိခိုက်လာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

တရုတ်ဟာ KIA အပါအဝင် နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့လည်း ဆက်စပ်မှုတွေ ရှိပေမယ့် မြန်မာနိုင်ငံက တရုတ် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို လုံခြုံရေး အာမခံချက်ပေးဖို့ စစ်ကောင်စီဖက်က ရပ်တည်တာ အကောင်းဆုံး ရွေးချယ်မှုလို့ ယူဆထားပုံ ပေါ်ပါတယ်။

KIA သတင်းရင်းမြစ်တွေကတော့ တကယ်လို့ ဗန်းမော် ထိုးစစ်ကနေ ဆုတ်ခွာပေးမယ်ဆိုရင် KIA အတွက်လည်း ပိုမိုကောင်းမွန်တဲ့ ကုန်သွယ်ရေး အခွင့်အလမ်းတွေ ကမ်းလှမ်းမယ်လို့ တရုတ်က မက်လုံးပေးထားကြောင်း သိရပါတယ်။ ဒါပေမဲ့ မူအားဖြင့်တော့ KIAက လက်မခံဘဲ ငြင်းဆိုထားပါတယ်။ တစ်ဖက်မှာလည်း တရုတ်ဟာ ကချင်ပြည်နယ်က ထွက်ရှိတဲ့ မြေရှားသတ္တုတွေကို လိုအပ်တာကြောင့် KIAက တင်းခံနေဟန် ရှိတယ်လို့လည်းပါရှိပါတယ်။

KIAဟာ မြန်မာနိုင်ငံရဲ့ အင်အားအတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေထဲက တစ်ခုဖြစ်ပြီး တပ်အင်အား ၁၅၀၀၀ လောက် ရှိတယ်လို့ ယုံကြည်ရပါတယ်။ KIAက ကချင်ပြည်နယ်ထဲက အရေးပါတဲ့ သတ္တုမိုင်းတွေကို ထိန်း

ချုပ် သိမ်းယူပြီး သတ္တုတွင်း လုပ်ငန်းရှင်တွေဆီကနေ အခွန်တိုးကောက်ခဲ့တာကလည်း မြေရှားသတ္တု စျေးကွက်မှာ စျေးနှုန်းမြင့်တက်မှုတွေ ဖြစ်စေခဲ့ပါတယ်။

လက်ရှိ အခြေအနေမှာတော့ စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ခုခံနေတဲ့တိုင် KIAဟာ ဗန်းမော်ကို ချီတက် သိမ်းယူဖို့ အားထုတ်နေမှုတွေကနေ သွေဖယ်မသွားသေးပါဘူး။ ဒါပေမဲ့ တစ်ဖက်မှာလည်း KIAဖက် ထိခိုက်ကျဆုံးမှု အများအပြား ရှိခဲ့သလို တိုက်ပွဲတွေဒဏ်ကြောင့် မြို့ကလည်း အရမ်းအထိနာနေပါတယ်။ ဒါ့အပြင် အရပ်သားတွေလည်း သေဆုံးပြီး အိမ်တွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေး အဆောက်အအုံတွေနဲ့ အခြေခံ အဆောက်အအုံတွေလည်း အများကြီး ပျက်စီးနေကြောင်း Reutersက ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း KIAကို ဖိအားပေးတဲ့ အနေနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်က ကန့်သတ် ပိတ်ပင်မှုတွေ သတ်မှတ် ကျင့်သုံးနေတာကြောင့် ကချင်ပြည်နယ် အနှံ့မှာ ဆေးဝါးနဲ့ စက်သုံးဆီ ရှားပါး ပြတ်လပ်မှုတွေ စတင် ကြုံတွေ့နေရပါတယ်။

Reuters ကတော့ KIA ခေါင်းဆောင်တွေဟာ ဗန်းမော်ကိုသာ လက်ရသိမ်းပိုက်နိုင်မယ်ဆိုရင် တရုတ် အနေနဲ့ စစ်ကောင်စီနဲ့ သဘောတူညီမှုတွေကို ဖယ်ခွာပြီး KIAကို တိုက်ရိုက် စေ့စပ်ဆွေးနွေးရုံကလွဲရင် တခြား ရွေးစရာ မရှိတဲ့ အနေအထားမျိုး ရောက်လာမယ်လို့ ယူဆနေဟန်ရှိကြောင်း သုံးသပ်​ဖေည်ပြခဲ့ပါတယ်။

ကိုးကား-Reuters

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။