Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေးအကျဉ်းသားတွေ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရဖို့ ဓာတ်ပုံကမ်ပိန်းလုပ်တောင်းဆို

“အသက်တွေကိုပိတ်မထားနဲ့ဖွင့်ပေး” ကမ်ပိန်းတွင် ချမ်းမြသာစည် မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး-အကလ ရဲဘော်များ က ဓာတ်ပုံလှုပ်ရှားမှုဖြင့် ပါဝင်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးသည်။

ဇူလိုင်-၉၊၂၀၂၅။သတိုး/ People’s Spring

“အသက်တွေကိုပိတ်မထားနဲ့ဖွင့်ပေး” ကမ်ပိန်းတွင် ချမ်းမြသာစည် မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး-အကလ ရဲဘော်များ က ဓာတ်ပုံလှုပ်ရှားမှုဖြင့် ပါဝင်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးသည်။

အကျဉ်းထောင်များအတွင် နိုင်ငံရေးအကျဉ်းသားများ လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရရှိသောကြောင့် PPNM က “အသက်တွေကိုပိတ်မထားနဲ့ဖွင့်ပေး” ကမ်ပိန်းပြုလုပ်နေခြင်းဖြစ်သည်။

ယင်းကမ်ပိန်းတွင် နေရာဒေသအသီးသီးသို့ရောက်ရှိနေသော ချမ်းမြသာစည်မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး-အကလ ရဲဘော်များက ကမ်ပိန်းစာသားနှင့်အတူ ဓာတ်ပုံများ ဖန်တီး၍ လှုပ်ရှားမှုပြုလုပ်ကာတောင်းဆိုခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းရဲဘော်များက “အကျဉ်းထောင်သည် လူသတ်ကွင်းမဟုတ် ” “အကျဉ်းထောင်တွင်း ဟစ်ကြွေးသံသည် ကမ္ဘာထိတိုင် ပျံ့လွင့်စေ” “အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ထား” စာသားများနှင့် ဓာတ်ပုံများဖန်တီးထားခဲ့ခြင်းဖြစ်သည်။

အကျဉ်းသားများ၏ အခွင့်အရေးအရ ထောင်တွင်းဆေးဝါးကုသမှုနဲ့ ဆေးဝါးလုံလောက်စွာထားရှိရန်၊ကျန်းမာရေးအရ စိုးရိမ်ရသူများကို ပြင်ပဆေးရုံသို့အချိန်နှင့်တပြေးညီပို့ဆောင်ပေးရန် PPNMအနေနဲ့ တောင်းဆိုထား‌သော်လည်း အကျဉ်းဦးစီးဌာနက လုပ်ဆောင်မှုမရှိသောကြောင့် တစ်နှစ်လျှင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ပျမ်းမျှ(၂၅)ဦးခန့်အသက်ဆုံးရှုံးနေ‌ကြောင်း PPNM ကထုတ်ပြန်ထားသည်။

ဇူလိုင် ၈ ရက်ကလည်း မန္တလေး အိုးဘိုအကျဥ်းထောင်တွင် အကျဉ်းကျခံနေရသည့် အသက် ၅၉ နှစ်အရွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးမြင့်ဝေသည် အူအတက်ပေါက်၍ကွယ်လွန်ခဲ့သည်။

ဦးမြင့်ဝေသည် ဇူလိုင်လပထမပတ်ကတည်းက ဗိုက်အောင့်ဝေဒနာကို ပြင်းထန်စွာခံစားနေ၍ ထောင်အာဏာပိုင်တွေများထံ ဆေးဝါးကုသခွင့်ရရေးအတွက်အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ပုံမှန်ဗိုက်အောင့်တာဟုဆိုကာ ဆေးဝါးကုသမှုမရရှိခဲ့ကြောင်းနှင့် ဗိုက်အောင့်ဝေဒနာ အလွန်ဆိုးရွားလာသည့်အချိန်မှ ပြင်ပဆေးရုံကို ပို့ဆောင်ခဲ့ရာ ဆေးရုံရောက်ချိန် တစ်ပတ်ခန့်နောက်ကျခဲ့သောကြောင့် သေဆုံးခြင်းဖြစ်ကြောင်း PPNMက အသိပေးထားသည်။

“ဒီသေဆုံးမှုတွေဟာ တဘက်လှည့်ကနေ သတ်ဖြတ်ခြင်းမျိုး အဓိပ္ပါယ်သက်ရောက်မှု ဖြစ်မယ်လို့ ကျနော်တို့အနေနဲ့ သက်မှတ်ချင်တယ်။ ဒါကြောင့်မို့ မသေသင့်ဘဲ သေဆုံးသွားရတဲ့သူအနေနဲ့ ပတ်သက်လာရင်တော့ ဒီထောင်တွေမှာ တာဝန်ကျနေတဲ့ ထောင်အာဏာပိုင်တွေအပါအဝင် ဆရာဝန်တွေအနေနဲ့ သေချာပေါက်ပြန်လည်ဖြေရှင်းပေးရမယ့် ကိစ္စရပ်တွေဖြစ်မယ်လို့ ကြိုတင်ပြီး သတိပေးထားချင်တယ်”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

ဆောင်းပါး

၂၀၂၁ ခုနှစ် နွေဦးကာလကစလို့ မြန်မာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ရဲရဲဝံ့ဝံ့ ကြွေးကြော်ခဲ့ကြတဲ့ လူငယ်တွေထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အထူးပဲ ထင်ရှားခဲ့ပါတယ်။

သတင်း

​မကွေးအကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၄၂ ဦး နှိပ်စက်တိုက်ပိတ်ခံထားရပြီး ၁၂ ဦးဟာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း နွေဦးနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးရဲ့ ဦးဆောင်အဖွဲ့ဝင် ကိုရှင်းသန့်က ပြောပါတယ်။

သတင်း

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ဖို့ တောင်းဆိုဆန္ဒပြမှု ဇွန်လ ၇ ရက်က ပြုလုပ်ခဲ့ပါတယ်။