Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့အဝင် တံခွန်တိုင်အဝိုင်းမှာ ဆိုင်ကယ်စီးအမျိုးသား အုပ်စုဖွဲ့ရိုက်နှက်လုယက်ခံရလို့သေဆုံး

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဆိုင်ကယ်စီးသက်ကြီးပိုင်း အမျိုးသားကြီးတစ်ဦး ဆိုင်ကယ်လုယက်ခံရချိန်မှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေနဲ့သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံကနေသိရပါတယ်။

မန္တလေးမြို့အဝင် တံခွန်တိုင်အဝိုင်းကိုတွေ့ရပုံ ( ပုံဟောင်း)

ဇူလိုင် – ၁၁ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဆိုင်ကယ်စီးသက်ကြီးပိုင်း အမျိုးသားကြီးတစ်ဦး ဆိုင်ကယ်လုယက်ခံရချိန်မှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေနဲ့သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံကနေသိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ မန္တလေးမြို့အဝင် ၊ တံခွန်တိုင် အဝိုင်းအနီးမှာ ဇူလိုင်၉ ရက် ၊ မနက် ၆ နာရီ ခန့်က ဖြစ်ပွားခဲ့တာပါ။ သက်ကြီးပိုင်းအမျိုးသားကြီး တစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်လာချိန်မှာ ရိုက်နှက် လုယက်ခံရတာဖြစ်ပါတယ်။

” သူက မနက်အစော ဘုရားထီးတင်သွားရင်းနဲ့ ဖြစ်တာလို့သိရတယ်၊ လူကိုရိုက်နှက်ပြီးလုသွားတာ”လို့ ​မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကို ဆေးရုံမှာ ကုသမှုခံယူနေချိန် မနေ့ ဇူလိုင်လ ၁၀ ရက် မနက် ၉ နာရီ ၂၀ မိနစ်မှာ ဆုံးပါးသွားတယ်လို့ သိရပါတယ်။ ရိုက်နှက်ခံရလို့ ဆုံးပါးသွားတဲ့ အမျိုးသားကြီးဟာ အသက် ၇၂ နှစ်အရွ​ယ် ဦးသိန်းဦး ဆိုသူဖြစ်ပါတယ်။

ကျူးလွန်သူတွေကိုတော့ မန္တလေးမြို့ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီ က လက်ရှိအချိန်ထိဖမ်းမိတာ မရှိသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ လူစည်ကားရာနေရာတွေမှာဓားပြတိုက်တာ ၊လုယက်တာ မျိုးတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

ဆိုင်ကယ်လုယက်ခံရမှုတွေမှာတော့ ငွေကျပ်သိန်းဆယ်ချီတန်ကြေးရှိတဲ့ ဆိုင်ကယ်တွေကိုပစ်မှတ်ထားပြီး အုပ်စုဖွဲ့လုယက်တာပါ။

လုယက်တဲ့အဖွဲ့တွေမှာ တစ်ဖွဲ့ကို ဆိုင်ကယ်သုံး စီးခန့် ၊ လူခြောက်ဦးထက်မနည်းပါဝင်ပြီး ဆိုင်ကယ်ကို လုယက်တဲ့အပြင် ဆိုင်ကယ်ပိုင်ရှင်ကို အသက်အန္တရာယ် ရန်ရှာပြီး ရိုက်နှက်တာ၊ ဓားနဲ့ခုတ်တာ ၊ ဓားနဲ့ထိုးတာမျိုးတွေပါ လုပ်ဆောင်တဲ့ဖြစ်ရပ်တွေဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook