Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့ရှိ စစ်ကောင်စီ၏ ကင်းပုန်းစခန်းအား တော်လှန်ရေးတပ်များတိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကင်းပုန်းစခန်းအားဝင်ရောက်တိုက်ခိုက်ရာ စစ်သားများသေဆုံးမှုရှိကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ယနေ့(ဇူလိုင်၁၁ရက်) ထုတ်ပြန်သည်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Mon State Revolutionary Force - MSRF

ဇူလိုင်-၁၁၊၂၀၂၅။ရဲခေါင်/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကင်းပုန်းစခန်းအားဝင်ရောက်တိုက်ခိုက်ရာ စစ်သားများသေဆုံးမှုရှိကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ယနေ့(ဇူလိုင်၁၁ရက်) ထုတ်ပြန်သည်။

ရေးမြို့မြောက်ပိုင်းတွင်ရှိသော မော့ကနင်ကျေးရွာမှ စစ်ကောင်စီ၏ ကွမ်ကျိုက်တပ်စခန်းအနီးရှိ ကင်းပုန်းစခန်းကို ယနေ့ နံနက် ၉ နာရီခွဲခန့်က တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ကွမ်ကျိုက်စခန်းမှာက စကစ အင်အား ၃၀ရှိတယ်။ကင်းပုန်းစခန်းမှာက ၁၅ ယောက်ရှိတယ်။ပြောက်ကျားစစ်ဆင်ရေးလုပ်ခဲ့တာ”ဟု MSRF တာဝန်ရှိသူက တိုက်ခိုက်ခဲ့မှုကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ ထိခိုက်မှုမရှိခဲ့ကြောင်း အသိပေးသည်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)နှင့် KNLAတပ်ရင်း(၂၇) တပ်ခွဲ(၁) တို့ပူး ပေါင်းခဲ့ကြောင်း ဖော်ပြသည်။

ယခု ဇူလိုင် ၇ ရက်ကလည်း ရေး – ထားဝယ်လမ်းမပေါ်ရှိ စစ်ကောင်စီ၏ ရေးမြို့အခြေစိုက် အမှတ် (၃၁၆) အမြောက်တပ်ရင်း (အမတ-၃၁၆)ကို MSRFနှင့် ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၁၅ ဦးထိခိုက်သေဆုံးကြောင်း MSRF တာဝန်ရှိသူက ပြောသည်။ယနေ့ တိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုအပေါ် လူထုနွေဦး အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။