Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်​နေတဲ့​ ဝေါ​လေဗျူဟာကုန်းမှာကြီးမားတဲ့​ပေါက်ကွဲမှုဖြစ်

မြန်မာ-ထိုင်းနယ်စပ်အနီးဝေါလေဗျူဟာကုန်းတိုက်ပွဲပြင်းထန်ပြီး ဒီကနေ့(ဇူလိုင် ၁၁ရက်)မှာ ဝေါလေဗျူဟာရဲ့ ခဲယမ်းတိုက်ပေါက်ကွဲမှုဖြစ်တယ်လို့ယူဆရပြီးကြီးမားတဲ့​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

​ဝေါ​လေဗျူဟာကုန်းမှာဇူလိုင် ၁၁ ရက်ကကြီးမားတဲ့​ပေါက်ကွဲမှုဖြစ်ပွား​နေစဥ် နဲ့ ​ပေါက်ကွဲမှုကို ထိုင်းစစ်တပ်မှ မှန်ဘီလူးနဲ့ကြည့်ရှု​နေစဥ်။ ဓါတ်ပုံ- Addy

“ဒီနေ့ ဝေါလေစခန်းကိုပစ်ခတ်မှုမှာသူတို့ဆီကခဲယမ်းတိုက်ပေါက်ကွဲတယ်လို့ ယူဆရတယ်။ ကြီးမားသော ပေါက်ကွဲသံနဲ့အတူ မီးခိုးလုံးကြီးတက်လာတယ်”

— ကရင်​စစ်​​ရေးသတင်းရင်းမြစ်

ဇူလိုင်-၁၁၊ ၂၀၂၅။ People’s Spring

မြန်မာ-ထိုင်းနယ်စပ်အနီးဝေါလေဗျူဟာကုန်းတိုက်ပွဲပြင်းထန်ပြီး ဒီကနေ့(ဇူလိုင် ၁၁ရက်)မှာ ဝေါလေဗျူဟာရဲ့ ခဲယမ်းတိုက်ပေါက်ကွဲမှုဖြစ်တယ်လို့ယူဆရပြီးကြီးမားတဲ့​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

“ဒီနေ့ ဝေါလေစခန်းကိုပစ်ခတ်မှုမှာသူတို့ဆီကခဲယမ်းတိုက်ပေါက်ကွဲတယ်လို့ ယူဆရတယ်။ ကြီးမားသော ပေါက်ကွဲသံနဲ့အတူ မီးခိုးလုံးကြီးတက်လာတယ်”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဇူလိုင် ၁၀ရက်ကလည်း ဝေါလေဗျူဟာကုန်းတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်သားတွေ သေဆုံးမှုရှိတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အရှေ့တောင်ဘက်မှာရှိတဲ့ ဝေါလေမြိုင်မြို့က စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကကာလရှည် ပိတ်ဆို့ဖြတ်​တောက်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းဟာ ဝေါလေမြို့ရဲ့တောင်ဘက်မှာရှိပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက KNU တပ်မဟာ(၇)၊ တပ်မဟာ(၆) ၊ တပ်မဟာ(၄)က ထိုင်းနယ်စပ်တ​​လျှောက်မှာရှိတဲ့ စစ်တပ်စခန်း​တွေကို ဧပြီလကစပြီ ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်​နေတာဖြစ်ပါတယ်။

နယ်စပ်မှာတိုက်ပွဲ​တွေဖြစ်ပွား​နေတာကို ထိုင်းစစ်တပ်ကလည်း​စောင့်ကြည့်​နေပြီး ​KNLA ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်​တွေရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှု​ကြောင့် ​စစ်စခန်းထဲမှာ ကြီးမားတဲ့​ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းလုံခြုံ​ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရုပ်သံမှတ်တမ်းနဲ့တကွ​​ရေးသား​ဖော်ပြထားပါတယ် ။

မြဝတီမြို့​တောင်ဘက် မြန်မာ-ထိုင်းနယ်စပ်မှာစစ်တပ်ရဲ့​ဝေါလဗျူဟာ ၊ဥကရစ်ထစခန်း နဲ့ တိသဲလယ်ကာကင်းစခန်းတို့ပဲကျန်ရှိ​တော့တာဖြစ်ပါတယ်။ ဥကရစ်ထ နဲ တိသဲလယ်စခန်း​တွေကိုလည်း​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်​နေပါတယ် ။

တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဝေါလေဗျူဟာကုန်းစခန်းရှိရာ ဝေါလေမြို့ကိုပြီးခဲ့တဲ့ ဇူလိုင် ၄ရက်မှာ စစ်တပ်က ၁၂၀ မမလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာမှာအရပ်သား သုံးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မြန်မာ – ထိုင်းနယ်စပ်မျဉ်းအနီးက ဝေါလေဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲကြောင့် ဝေါလေမြို့ခံ ၃၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံထဲကို တိမ်းရှောင်​နေရတယ်လို့ သိရပါတယ်။

မြန်မာ−ထိုင်းနယ်စပ်၊ စစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၃ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ၊ဝေါလေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေက ဇူလိုင် ၂ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Facebook