Connect with us

Hi, what are you looking for?

သတင်း

နတ်ရေကန်ဗျူဟာမှ လက်နက်နှင့်အတူ အလင်း ဝင်လာသည့်တပ်သား စစ်တပ်ကို ပြန်တိုက်မည်ဟု သရက်ခရိုင် PDF အသိပေး

မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာသို့ စေလွှတ်ခံရပြီး လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ဘက်ပူးပေါင်းလာသော စစ်ကောင်စီ တပ်သားသစ်တစ်ဦးသည် တော်လှန်ရေးရဲဘော်အဖြစ်ခံယူကာ စစ်တပ်ကို ပြန်လည်တိုက်ခိုက်သွားရန် ၎င်း၏ဆန္ဒအလျှောက်ရွေးချယ်ထားကြောင်း ၎င်းအားလက်ခံထားသည့် သရက်ခရိုင် အမှတ်(၄) တပ်ရင်းက အသိပေးသည်။

လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ဘက်ပူးပေါင်းလာသော စစ်ကောင်စီ တပ်သားသစ်တစ်ဦးအားတွေ့ရစဉ်

ဇူလိုင်-၁၅၊ ၂၀၂၅။ People’s Spring

မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာသို့ စေလွှတ်ခံရပြီး လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ဘက်ပူးပေါင်းလာသော စစ်ကောင်စီ တပ်သားသစ်တစ်ဦးသည် တော်လှန်ရေးရဲဘော်အဖြစ်ခံယူကာ စစ်တပ်ကို ပြန်လည်တိုက်ခိုက်သွားရန် ၎င်း၏ဆန္ဒအလျှောက်ရွေးချယ်ထားကြောင်း ၎င်းအားလက်ခံထားသည့် သရက်ခရိုင် အမှတ်(၄) တပ်ရင်းက အသိပေးသည်။

သရက်မြို့တွင် စစ်ကောင်စီတပ်၏ အတင်းအ ဓမ္မဖမ်းဆီးခံရပြီး စစ်မှုထမ်းသင်တန်းပို့ခံခဲ့ရသော အသက်(၂၄)နှစ်အရွယ် ကိုမောင်(အမည်လွှဲ)သည် ရှေ့တန်းကင်းကျချိန် MA1 (၁)လက်၊ MA ကျည်ဘောက် (၃)ခု၊ 5.56ကျည် (၁၀၀) တောင့်၊ အီကွယ်မန့် (၁)ခုတို့နှင့်အတူ ထွက်ပြေးလာခဲ့ပြီး သရက်ခရိုင် PDF အမှတ်(၄)တပ်ရင်းသို့ ဇွန်လ ၂၅ ရက်တွင် ဝင်ရောက်ခိုလှုံလာခြင်း ဖြစ်သည်။

လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ဘက်ပူးပေါင်းလာသော စစ်ကောင်စီ တပ်သားသစ်တစ်ဦးအားတွေ့ရစဉ်

“သူက သူ့ဒေသသူ မပြန်တော့ပါဘူး။ ကျနော်တို့ တပ်ရင်းထဲမှာပဲနေပြီး စကစ ကို ပြန်တော်လှန်သွားပါမယ်”ဟု အလင်းဝင်တပ်သား၏ ရပ်တည်ချက်နှင့်စပ်လျဥ်းပြီး အမှတ်(၄)တပ် ရင်းပြန်ကြားရေးတာဝန်ခံ ကိုမြတ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

သရက်ခရိုင် အမှတ် (၄) တပ်ရင်း အနေဖြင့် အလင်းဝင်ရောက်လာသူအား ကောင်းမွန်စွာ လက်ခံကြိုဆိုပြီး ဆုကြေးငွေ ကျပ်သန်း (၃၀) ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ၎င်းတပ်ရင်းက အသိ ပေးသည်။

ယခင်ကလည်း ရခိုင်ပြည်နယ်၊ တောင်ကုတ်တပ်နယ်မှ စစ်ကောင်စီ စရဖ တစ်ဦးနှင့် စစ်မှု ထမ်းတပ်သား(ပစ)တစ်ဦး သရက်ခရိုင် အမှတ် (၄)တပ်ရင်းထံသို့ MA3 တစ်လက်၊ ပစ္စတိုတစ်လက်အတူ အလင်းဝင်ရောက်လာရာ တပ်ရင်းမှ ကျပ်သိန်း (၇၀)ချီးမြှင့်ခဲ့သေးသည်။

သို့ဖြစ်ရာ အကြမ်းဖက်စစ်ကောင်စီ လက် အောက်မှ ရုန်းထွက်ပြီး ပြည်သူ့ဘက်သို့ ကူး ပြောင်းလိုသူများအနေနှင့် သရက်ခရိုင် အမှတ် (၄)တပ်ရင်းထံသို့ ဆက်သွယ်လာပါက အ ကောင်းဆုံးချိတ်ဆက်၍ ခေါ်ယူပေးနေကြောင်းအသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။