Connect with us

Hi, what are you looking for?

သတင်း

မော်ချီးဒေသကို စစ်ကောင်စီ လေကြောင်း ထပ်မံတိုက်ခိုက်၊ အရပ်သား ငါးဦးဒဏ်ရာရ

ကရင်နီပြည်နယ် ၊မော်ချီးဒေသကို စစ်ကောင်စီက ယနေ့(ဇူလိုင် ၁၅ ရက်) နံနက် ၁ နာရီခန့်တွင် လေကြောင်းမှ ထပ်မံတိုက်ခိုက်ရာ အရပ်သား ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် မော်ချီးဒေသရှိ လူနေအိမ်တစ်လုံး ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇူလိုင်-၁၅၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ် ၊မော်ချီးဒေသကို စစ်ကောင်စီက ယနေ့(ဇူလိုင် ၁၅ ရက်) နံနက် ၁ နာရီခန့်တွင် လေကြောင်းမှ ထပ်မံတိုက်ခိုက်ရာ အရပ်သား ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုသည် ၂၄ နာရီအတွင်း မော်ချီးဒေသကို နှစ်ကြိမ်ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

“ဒီမနက်က ထိခိုက်တဲ့အရပ်သားတွေထဲမှာ အမျိုး သမီးလေးဦးနဲ့ အမျိုးသားတစ်ဦး ဖြစ်တယ်။အိမ်တစ်လုံးပျက်စီးတယ်”ဟု ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(ဇူလိုင် ၁၄ ရက်)မွန်းလွဲ ၂ နာရီခန့်ကလည်း မော်ချီးဒေသ တောင်ပေါ်လူနေရပ်ကွက်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ခြောက်ဦးသေခဲ့ပြီး သုံးဦးဒဏ်ရာရခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ယခုနှစ်မတ်လကစ၍ မော်ချီးဒေသကို လေကြောင်းမှဗုံးကြဲမှုသည် ယနေ့တိုက်ခိုက်မှုအပါအဝင် ကိုးကြိမ်ရှိပြီဟု စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်နေသည့် CTER Karenni က အသိပေးသည်။

“လူမှုဘဝလုပ်ကိုင်စားသောက်လို့မရအောင် အစီ အမံနဲ့ လုပ်နေတယ်ပြောရမယ်။စားနပ်ရိက္ခာလမ်းကြောင်းတွေကို ပိတ်ဆို့တယ်။စစ်ကြောင်း ထိုးတယ်။အခုလည်း စစ်ကြောင်းထိုးမရတော့လေကြောင်းကနေ ဗုံးကြဲတယ်။လူမှုစီးပွားပျက်အောင် လုပ်နေတယ်လို့ ပြောရမယ်”ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ တွဲဖက်အတွင်းရေးမှူးဦးဗညားက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပေါ် သုံးသပ်သည်။

ယခုနှစ်အတွင်း မော်ချီးဒေသကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၃၀ ထက်မနည်းသေဆုံးခဲ့ရသည်။

ယခုနှစ်အတွင်း ကရင်နီပြည်နယ်၌ ကလေးငယ်များအပါအဝင် ပြည်သူ ၁၀၀နီးပါးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး လူမျိုးသုန်းသတ်ဖြတ်မှုအထိ ပစ်မှတ်ထားနေကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်ထားသည်။

စစ်ရှောင်စခန်း၊စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများလေကြောင်းတိုက်ခံရမှုမှ ရပ်တန့်ပေးနိုင်ရန် နိုင်ငံတကာအနေဖြင့် စစ်တပ် ၏ လေယာဥ်ဆီရရှိနေသည့် လမ်းကြောင်းများဖြတ်တောက်ပေးရန် ၊အရပ်သားများအတွက် စစ်မဲ့ဇုန် သတ်မှတ်ပေးရန်နှင့် စစ်ရာဇဝတ်မှုကျူး လွန်နေသည်ကိုအရေးယူပေးရန် IECက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအ၀င် ၁၅ ဦးထက်မနည်းထိခိုက်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook