Connect with us

Hi, what are you looking for?

သတင်း

မန္တလေး အာဇာနည်ဗိမာန်ကို ပြည်သူတွေလာမှာစိုးလို့ စစ်တပ်ကင်းစောင့်

မန္တလေးက ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်မှာ လူထုလှုပ်ရှားမှုတွေ လာလုပ်မှာစိုးရိမ်လို့ စစ်ကောင်စီက လုံခြုံရေးတွေ ချထားကြောင်း မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့က အာဇာနည်ဗိမာန်အား တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ

ဇူလိုင်-၁၉၊၂၀၂၅။မေရီ/People’s Spring

မန္တလေးက ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်မှာ လူထုလှုပ်ရှားမှုတွေ လာလုပ်မှာစိုးရိမ်လို့ စစ်ကောင်စီက လုံခြုံရေးတွေ ချထားကြောင်း မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၁၉ ရက် မနက်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ တမ္မဝတီ ရပ်ကွက်မှာရှိတဲ့ ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမ္မာန်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကားတွေနဲ့ရောက်ရှိလာပြီး ဗိမာန်အဝင်တံခါးကိုသော့ပိတ်ကာဗိမာန်ဝမှာ ကင်းစောင့်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

“ရဲတွေများတယ်။ အရပ်ဝတ်တွေကောပဲ။”လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗိမာန်ကို ပြည်သူတွေလာပြီး အာဇာနည်နေ့အထိမ်းအမှတ် တခုခုလုပ်သွားမှာကိုစိုးရိမ်လို့ ကင်းစောင့်နေတာဖြစ်နိုင်ကြောင်း မြို့ခံတွေက ဆိုပါတယ်။

ဒါ့အပြင်မန္တလေးမြို့နေရာတချို့မှာလည်းစစ်ကောင်စီတပ်က လုံခြုံရေးတွေချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ကင်းစောင့်နေတဲ့ ဗိမာန်ဟာ ၁၃၀၀ ပြည့်အရေးတော်ပုံကာလမှာ မန္တလေးမြို့မှာသံဃာတော်တွေနဲ့ ပြည်သူတွေ ဆန္ဒပြခဲ့ကြရာ ပစ်ခတ်နှိမ်နင်းခံရလို့ ရဟန်း ၇ ပါးနဲ့ လူ ၁၀ ဦး ကျဆုံးခဲ့ပြီး အဲဒီကျဆုံးခဲ့သူတွေကို ဂူသွင်းသဂြိုဟ်ခဲ့တဲ့ အာဇာနည်ဗိမ္မာန်ဖြစ်တယ်လို့ သိရပါတယ်။

NLD အစိုးရလက်ထက်မှာတော့ အဲဒီ အာဇာနည်ဗိမာန်မှာ အာဇာနည်နေ့အခမ်းအနားတွေ ကျင်းပခဲ့ဖူးတယ်လို့ မြို့ခံတွေကပြောပါတယ်။

အာဏာသိမ်းခေါင်းဆောင်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဖခင်ဗိုလ်ချုပ်​အောင်ဆန်းနဲ့​တွေရဲ့ အာဇာနည်​တွေဗိမာန်ကိုတော့သွားရောက်အလေးပြုခဲ့တာကို ဝါဒဖြန့်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။