Connect with us

Hi, what are you looking for?

သတင်း

ဝဒေသ မိုင်းပေါက်မြို့တွင်ရေကြီး​နေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းပေါက်မြို့တွင် မိုးသည်းထန်ပြီး ရေကြီးနစ်မြုပ်ဖြစ်ပွား​နေ​ကြောင်း​ဒေသခံအချို့က​​ပြောသည်။

မြန်မာ နှင့် ​ဒေသတွင်းနိုင်ငံများ​ပေါ်မှ တိမ်စိုင်များကို ဂြိဟ်တု ပုံရိပ်၌ ​တွေ့ရစဥ်။ဓါတ်ပုံ-TMD

ဇူလိုင်-၂၂၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းပေါက်မြို့တွင် မိုးသည်းထန်ပြီး ရေကြီးနစ်မြုပ်ဖြစ်ပွား​နေ​ကြောင်း​ဒေသခံအချို့က​​ပြောသည်။

“မိုးကမနားတမ်းရွာနေတာဖြစ်ပြီးညကစပြီးတောင်ကျရေတွေဆင်းတာပါ။ ကားတွေလဲမျောပါနေတယ်။လမ်းတွေလည်းတော်တော်လေးပျက်စီးတယ်။ အခုလက်ရှိအခြေအနေကတော့ မြို့ထဲတောင်သွားလိုလာလို့မရပါဘူး” ဟု မိုင်းပေါက်ဒေသခံတစ်ဦးကပြောသည်။

မိုင်းပေါက်မြို့အပြင် ပန်ဆန်းနှင့်ဆက်သွယ်ထားသောလမ်းတွင်လည်းတောင်ကျရေလွှမ်းမိုးမှုဖြစ်ပေါ်နေပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေသည်ဟုသတင်းရရှိသည်။

Public Service Announcement

Public Service Announcement

လက်ရှိရေဘေးကြောင့် လူထိခိုက်သေဆုံးမှုရှိမရှိနှင့် ပျက်စီးမှုအခြေအနေများကို မသိရှိရသေးပေ။UWSA၏ လားရှိုးမြို့ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံ ဆက်သွယ်မေးမြန်းနိုင်ရန်ကြိုးစား​နေဆဲဖြစ်သည်။

တောင်တရုတ်ပင်လယ်ပြင်မှအပူပိုင်းမုန်တိုင်းဝီဖာ( Wipha) အရှိန်ကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်

ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကသတိပေးထားသည်။မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ် ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်ဟု သတိပေးထားသည်။

ဝီဖာမုန်တိုင်းဝင်နေသည့် ဗီယက်နမ်နိုင်ငံတွင် ထိခိုက်ပျက်စီးမှုမှုများပြားနေသလို ထိုင်းနိုင်ငံတွင်မိုးကြီးနေသည်။ ထိုင်းနိုင်ငံနှင့်နယ်စပ်ဖြစ်သော တာချီလိတ်မြို့အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့နယ်အချို့တွင်လည်း မိုးကောင်းနေသည်။ တာချီလိတ်မြို့တွင် ဇူလိုင် ၂၁ ရက်ညက လေပြင်းတိုက်ခတ်စဉ် သစ်ပင်ကျိုးကျ၍ ဒေသခံနှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိူးမြို့၊ ဟန်နားကျေးရွာအုပ်စုတွင်လည်း လေပြင်းတိုက်ခတ်၍ နေအိမ်အချို့နှင့်စိုက်ခင်းများ ပျက်စီးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်၌လည်း ဇူလိုင်လ ၂၄ရက်မှစ၍ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး အနောက်တောင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေကာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးကောင်းနိုင်ကြောင်း MOHADMက သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။

သတင်း

နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုမှာ ကလေးနှစ်ဦးကို လက်တွဲပြီး ပြေးလာရင်း အသက်ဘေးကနေ ကပ်လွတ်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ရင်ထိတ်စရာ အခြေအနေကို ဗီဒီယိုနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။