Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောအုပ်စု ကချင်ပြည်နယ်အတွင်းဝင်ရောက်လာ၊ စစ်သင်္ဘောအုပ်စု ပစ်ခတ်၍ ကသာဒေသခံ အနည်းဆုံးတစ်ဦး သေဆုံး

ကသာမြို့နယ်မှ ဧရာ၀တီမြစ်ကြောင်းအတိုင်း အထက်သို့ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်၊ လေယာဉ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ကသာမြို့နယ် ဒေသခံတစ်ဦး ထက်မနည်းသေဆုံးခဲ့သည်ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်သင်္ဘောအုပ်စု ပစ်ခတ်တိုက်ခိုက်၍ သာသနိက အဆောက်အဦးများပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ကသာ ပအဖ

ဇူလိုင်-၂၆၊၂၀၂၅။ထားမြတ်/People’s Spring

ကသာမြို့နယ်မှ ဧရာ၀တီမြစ်ကြောင်းအတိုင်း အထက်သို့ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်၊ လေယာဉ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ကသာမြို့နယ် ဒေသခံတစ်ဦး ထက်မနည်းသေဆုံးခဲ့သည်ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်သင်္ဘောအုပ်စုသည် ယနေ့(ဇူလိုင်၂၆ရက်) နံနက်တွင် ကသာမြို့မှ ဆန်တက်ခဲ့ရာ လက်ရှိတွင် ကချင်ပြည်နယ်၊ရွှေကူမြို့သို့ ရောက်ရှိနေဟု ဆိုသည်။

စစ်သင်္ဘောများသည် ကသာအထက်ပိုင်း ကျေးရွာများအတွင်း ဖြတ်သန်းရာတွင် သင်္ဘောများမှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပြစ်ခတ်ခြင်း ၊ ဂျက်ဖိုက်တာဖြင့် ၂ကြိမ် ၊ Y-12 ဖြင့် အကြိမ် ၂၀ ကျော် အကြမ်းဖက်လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ကသာမြိုအထက်ပိုင်း ကျေးရွာများရှိ ဘုရားများအပါအဝင် သာသနိက အဆောက်အဦများ ပျက်စီးခြင်း၊လူ တစ်ဦးသေဆုံးပြီး အချိုထိခိုက်ဒဏ်ရာရရှိခြင်း ၊နေအိမ်အချိုနှင့် အခြား အဆောက်အအုံများ ထိခိုက်ပျက်စီးခြင်း များကြုံတွေ့ခဲ့ရကြောင်းကနဦးသိရှိရဟုကသာပအဖက အသိပေးသည်။

Public Service Announcement

Public Service Announcement

ကနဦးသတင်းဖြစ်၍မြေပြင်တွင် ထိခိုက်သေဆုံးမှုနှင့် အဆောက်အဦးပျက်စီးမှု ယခုထက်ပိုများနိုင်သည်ဟုလည်း​ဖော်ပြထားသည်။

လက်နက်ခဲယမ်း၊ရိက္ခာများ တင်ဆောင်လာသည့် စစ်သင်္ဘောများသည် အထက်သို့ ဆန်တက်လာစဉ် ဧရာ၀တီ မြစ်ကြောင်းတလျောက်ရှိ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကြဲခဲ့၍ ကသာမြို့နယ် မြေနုရွာမှ ၃ဦး ထိခိုက်ခဲ့ရာယင်းအနက်တစ်ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာပြင်းထန်ဟု ဒေသသတင်းရင်းမြစ်က အသိပေးထားသည်။

“(စစ်ကောင်စီသင်္ဘောအုပ်စု) ကချင်ပြည်နယ်ဘက်ထဲရောက်သွားပါပြီတဲ့”ဟု ၎င်းက ပြောသည်။

ကသာမြို့မှ ထွက်ခွာလာစဉ် ကသာမြို့နယ်မိုးတားလေးကျေးရွာအနီးဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်တပ်ကလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် ဗန်းမော်မြို့ကို ရေကြောင်းမှ စစ်အင်အား ခဲယမ်းဖြည့်တင်းရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ရွှေကူမှ အထက်သို့ ဆန်တက်စဉ် KIA ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြုံရနိုင်ဟု သတင်းရင်းမြစ်က ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

နယ်စပ်အနီး စစ်တပ်စခန်းမီးလောင်မှု၊ စစ်သားအလောင်းတွေကျန်ခဲ့တဲ့ရုပ်သံတွေထွက်ပေါ်

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုထဲက တစ်စီးကို​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်နှစ်မြုပ်ဖျက်ဆီးလိုက်ပြီး ထောက်ပို့မော်တော်တစ်စီးကို လည်းသိမ်းယူလိုက်ပါတယ်။