Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သား ၂ဦးလက်နက်ယူလာပြီး ရာမညမွန်တပ်တော်ထံ အလင်းဝင်

မွန်ပြည်နယ်တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်လာကြောင်း ရာမညမွန်တပ်တော်(RMA)က ယနေ့(ဇူလိုင် ၃၀ရက်)တွင် သတင်းထုတ်ပြန်သည်။

ရာမညမွန်တပ်တော်ထံ အလင်းဝင်လာသော စစ်ကောင်စီတပ်သား နှစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - NMSP-AD/RMA

ဇူလိုင်-၃၀၊ ၂၀၂၅။ထားမြတ်/People’s Spring

မွန်ပြည်နယ်တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်လာကြောင်း ရာမညမွန်တပ်တော်(RMA)က ယနေ့(ဇူလိုင် ၃၀ရက်)တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ ခမရ(၄၃၂)တပ်ရင်းမှ တပ်သား ၂ဦးသည် လက်နက် ၂လက်နှင့် အခြားစစ်သုံးပစ္စည်းများယူလာပြီး အလင်းဝင်လာခြင်းဖြစ်ဟု အသိပေးသည်။

အလင်းဝင်လာသူ စစ်ကောင်စီတပ်သား ၂ဦးကို လုံခြုံစွာလက်ခံထားပြီး တစ်ဦးလျင် ၂၅သိန်းကျပ်စီထောက်ပံ့ငွေပေးအပ်ခဲ့ဟုလည်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သား နှစ်ဦး၏ အနာဂတ် ရှေ့ရေးနှင့်ပတ်သက်၍ ကာယ ကံရှင်များ၏ သဘောဆန္ဒနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု ရာမညမွန်တပ်တော်က အသိပေးသည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၂ဦးသည် စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုကြောင့် တပ်တွင်းရောက်ရှိလာသူများဖြစ်ပြီး ၎င်းတို့ဆန္ဒအလျောက် ရာမည မွန်တပ်တော်သို့ ပူးပေါင်းလာခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

ရာမညမွန်တပ်တော်သည် မွန်၊ တနင်္သာရီ ဒေသများ၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး စစ်ကောင်စီကိုတိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။