Connect with us

Hi, what are you looking for?

သတင်း

ပလမြို့ရှိ စစ်တပ်စခန်းများကို KNLA နှင့်ပူး​ပေါင်းတပ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ပလမြို့ရှိစစ်ကောင်စီ၏ကင်းစခန်းနှင့် ဂိတ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ(၄)ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ(၄) သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှရဲဘော်အချို့အားတွေ့ရစဉ်။ဓာတ်ပုံ- အေပီ

ဇူလိုင်-၃၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ပလမြို့ရှိစစ်ကောင်စီ၏ကင်းစခန်းနှင့် ဂိတ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ(၄) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ(၄) သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဇူလိုင် ၂၅ရက်နှင့် ၂၆ရက် တိုက်ပွဲများအတွင်းပလမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို KNLA တပ်မဟာ(၄)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း(၇) မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“အဲဒီမှာရန်သူ စကစ ၁၇ဦး သေဆုံးတယ်။ ၂၆ယောက် ထိခိုက်ဒဏ်ရာရတယ်။ပြီးတော့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က လက်နက်ခဲယမ်းတချို့ရရှိတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ဂိတ်စခန်း နှင့်ကင်းစခန်းများကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သော်လည်းပလမြို့အနီးဝန်းကျင်တွင်စစ်ကောင်စီတပ်ရင်းများကျန်နေသေးဟု ပြောသည်။

“ပလမြို့အောက်ဘက်ခြမ်းမှာတပ်ရင်းတွေရှိတယ်။ဒါကို ကျနော်တို့ သိမ်းလို့မဘူး။ အဓိက ပလမှာ အထိုင်ချတဲ့ ကင်းစခန်းတွေ၊ စကစ ရဲ့ ပျူစောထီးတွေ၊ စကစချထားတဲ့ မြို့ဂိတ်တွေ အဲဒီလိုမျိုးပဲ သိရတယ်။ အဓိက ဒီမြို့ကိုလုံခြုံရေးပေးတဲ့အဖွဲ့က ပျူစောထီးတွေ၊ပျူစောထီးနဲ့တပ်ပူးပေါင်းအထိုင်ချတဲ့ ကင်းစခန်းပေါ့”ဟုသတင်းရင်းမြစ်က ပြောသည်။

ပလမြို့သည် မြိတ်မြို့နှင့် ပုလောမြို့အကြား၌ တည်ရှိပြီး စစ်ရေးအရအရေးပါသည့်ဒေသ ဖြစ်သည်ဟု ဆိုသည်။

ပလမြို့တိုက်ပွဲနှင့်ပတ်သက်၍တပ်မဟာ(၄) KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးပဒိုစောအယ်နားထံ မေးမြန်းရာ ပလမြို့ကို သိမ်းခြင်းထက်စစ်ကောင်စီတပ်များကို တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာခြင်းဖြစ်နိုင်ပြီး အခြေအနေများ ပြန်လည်အသိပေးမည်ဟု ပြောသည်။

KNU တပ်မဟာ(၄)နယ်မြေ တနင်္သာရီ သိန်ခွန်းနှင့် ပုလောမြို့နယ်တို့တွင် ယခု ဇူလိုင်နောက်ဆုံးပတ်အတွင်းတိုက်ပွဲများပြင်းထန်ခဲံပြီးစစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှုများအနက် ဇူလိုင် ၂၆ရက် ပုလောမြို့နယ် ဇရပ်ဆိပ်ရွာကို လေကြောင်းမှ ဗုံးကြဲခဲ့ရာ ဒေသခံပြည်သူ ၁၀ဦး အစုလိုက်၊ အပြုံလိုက်သေဆုံးခဲ့ရပြီး ၆ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဇူလိုင်၃၁ရက်) ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။