Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားတဲ့ မင်းလှမှပြည်သူ ၁၉ ဦးထွက်ပြေး၊ ၁ ဦးပြန်ဖမ်းခံရ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာစစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးထားတဲ့ ပြည်သူ ၁၉ ဦး ထွက်ပြေးခဲ့ရာ ၁၈ ဦးလွတ်မြောက်ပြီး တစ်ဦးပြန်အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေ People’s Spring ကို ပြောပါတယ်။

မင်းလှထွေအုပ်ရုံးမှာစစ်တပ်၊ ရဲ နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေစုဝေးနေစဥ်(ပုံ​ဟောင်းဖြစ်ပါတယ်)။ ဓါတ်ပုံ-စစ်​ကောင်စီ

သြဂုတ်-၄၊၂၀၂၅။ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာစစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးထားတဲ့ ပြည်သူ ၁၉ ဦး ထွက်ပြေးခဲ့ရာ ၁၈ ဦးလွတ်မြောက်ပြီး တစ်ဦးပြန်အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေ People’s Spring ကို ပြောပါတယ်။

​ဒေသခံလူငယ်တွေကို စစ်ကောင်စီတပ်က မင်းလှမြို့နယ် ထွေအုပ်ရုံးမှာ ဖမ်းဆီးချုပ်နှောင်ထားစဥ် သြဂုတ် ၂ ရက်ညပိုင်းက ထွက်ပြေးလွတ် မြောက်ခဲ့ကြတာလို့ မင်းလှမြို့ခံတွေက ပြောပါတယ်။

“စခတွေမင်းလှအနောက်ခြမ်းကရွာတွေကိုပေါ်တာသွားဆွဲနေတုန်း နောက်ကထွက်ပြေးကြတာ”လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက People’s Spring ကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်တွေ ပေါ်တာဆွဲဖမ်းဆီးထားရာကနေ ထွက်ပြေးသွားတဲ့ လူငယ်တွေဟာ မင်းလှမြို့နယ်တွင်းမှာရှိတဲ့ ကျေးရွာတွေကဖြစ်ပြီး ဘယ်ရွာကဘယ်နှစ်ဦးပါဝင်တယ်ဆိုတဲ့အသေးစိပ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

အခုလက်ရှိမှာ စစ်တပ်လက်ကနေ ထွက်ပြေးလာသူတွေဟာသူတို့အစီအစဥ်နဲ့သူတို့ထွက်ပြေးလွတ်မြောက်လာခြင်းသာဖြစ်ပြီးဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေထံဆက်သွယ်အကူအညီတောင်းတာမျိုး မရှိသေးဘူးလို့ မင်းလှမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ထွက်ပြေးတဲ့အထဲက လူငယ်တစ်ယောက်ပဲ ၂ ရက်(သြဂုတ်)နေ့ညပိုင်းမှာ ပြန်မိတာ။ကျန်သူတွေကိုတော့ရွာတွေဘက်မှာလူစိမ်းတွေ့ရင်အ ကြောင်းကြားဖို့ အုပ်ကြီးတွေဆီ အသိပေးလာတယ်”လို့မင်းလှမြို့နယ်တွင်း စစ်ကောင်စီလှုပ်ရှားမှုကို ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင်စစ်ကောင်စီဘက်ကမင်းလှမြို့အဝင် အထွက်ဂိတ်တွေမှာ ခရီးသွားပြည်သူတွေကို ထွက်ပြေးသွားသူတွေရဲ့ ဓာတ်ပုံတွေနဲ့ပါ တိုက် ဆိုင်စစ်ဆေးတာတွေ လုပ်နေသလို မြို့အဝင် အထွက် လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းကလည်းစစ်ကောင်စီတပ်သားတွေ ပေါ်တာဆွဲဖမ်းဆီးလာတဲ့ပြည်သူငါးဦး လမ်းခုလပ်တင်ထွက်ပြေးခဲ့ဖူးပြီး နှစ်ဦးလွတ်မြောက်၍ သုံးဦးပြန်လည်ဖမ်း ဆီးခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။