Connect with us

Hi, what are you looking for?

သတင်း

လိုင်ဇာဒေသရေဘေး စစ်ရှောင်စခန်းမှ နေအိမ် များပျက်စီး

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့အနီး မြန်မာ-တရုတ်နယ်စပ်တကြောတွင် ဩဂုတ်၃ရက်ညကစ၍ ရေကြီးမှုဖြစ်နေရာ ရေဘေးကြောင့် စစ်ဘေးရှောင်စခန်းမှ နေအိမ်များပျက်စီးမှုရှိကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ဩဂုတ်-၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့အနီး မြန်မာ-တရုတ်နယ်စပ်တကြောတွင် ဩဂုတ်၃ရက်ညကစ၍ ရေကြီးမှုဖြစ်နေရာ ရေဘေးကြောင့် စစ်ဘေးရှောင်စခန်းမှ နေအိမ်များပျက်စီးမှုရှိကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ယခင်ကလည်း လိုင်ဇာဒေသ၌ ရေကြီးမှုများ ဖြစ်သော်လည်း ယခုတကြိမ် ရေကြီးမှုအလွန်ပြင်းထန်ကြောင်း သတင်းရင်းမြစ်က ပြောပြသည်။ နေအိမ်အချို့ ရေထဲမျောပါသွားသည့် ဖြစ်စဉ်ကို သတင်းရင်းမြစ်က ပေးပို့သည့် ရုပ်သံ၌ တွေ့ရသည်။

“ထိခိုက်ပျက်စီး ဆုံးရှုံးမှုတော်တော်များမယ်။ စစ်ရှောင်စခန်းအိမ်တွေ အများကြီး ပါသွားနိုင်တယ်။ စာရင်း မသိရသေးဘူး”ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

KIO ဌာနချုပ် လိုင်ဇာဒေသတွင် ၂၀၁၁က စစ်တပ်နှင့် ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲကြောင့် ဆယ်စုနှစ်နှင့်ချီ၍ စစ်ရှောင်နေရသည့် စစ်ရှောင် စခန်းအချို့ရှိသည်။ စစ်ရှောင်စခန်းများအနက် ဂျေယန်းစစ်ရှောင်စခန်းလည်း ပါဝင်ပြီး ယခင်ကလည်း ရေကြီးမှု၊ မြေပြိုမှုများကြောင့် လူထိခိုက်သေဆုံးဖြစ်စဉ်အချို့ရှိခဲ့သည်။

ယခု ရေဘေးတွင် လူထိခိုက်သေဆုံး အခြေအနေမကြားမိသေးဟု သတင်းရင်းမြစ်က ပြောပြသည်။

လိုင်ဇာဒေသ ရေဘေးအခြေအနေနှင့် ကယ်ဆယ်ရေး အခြေအနေများ မေးမြန်းရန် KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားသည်။

ပဲခူးတိုင်း၊ တောင်ငူခရိုင်တွင်လည်း ဇူလိုင် ၂၅ရက်မှစ၍ ယနေ့ဩဂုတ် ၄ရက်အထိ ရေကြီးရေလျှံမှုများ ရှိနေကြောင်း တောင်ငူခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်သည်။

တော်လှန်ရေးအင်အားစုများ၏ စိုးမိုးနယ်မြေများအတွင်း ယခင်နှစ်ကကဲ့သို့ပင် ယခုနှစ်တွင်လည်း ရေကြီး ရေလျှံမှုများ ရှိနေ၍ ပြည်သူများ သတိဖြင့်နေထိုင်ကြရန် တောင်ငူခရိုင် တပ်ရင်း(၂)က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ဘင်္ဂလားပင်လယ်အော်မှာမေလနှောင်းပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOSLHA )ကထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ပေါ် စစ်ရှောင်စခန်းတွေမှာ လေပြင်းကြောင့် စစ်ရှောင်နေအိမ်အများအပြား ပျက်စီးခဲ့ရပြီး အရေးပေါ် အကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်စခန်း ဦးဆောင်တာဝန်ခံ တစ်ဦးက ပြောပါတယ်။