Connect with us

Hi, what are you looking for?

သတင်း

မန္တလေး စစ်ဆေးရေးဂိတ်တွေမှာ သ​ယ်ယူခွင့်မပြုတဲ့ ကုန်ပစ္စည်းတွေကို စစ်ကောင်စီကန့်သတ်

မန္တလေးတိုင်း ရဲ့ အဝင်အထွက်ကို ထိန်းချုပ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေမှာခွင့်မပြုချက်မရဘဲ ရွှေတူးဖော်ရေးလုပ်ငန်းသုံးပစ္စည်းတွေ အပါ အဝင် စက်သုံးဆီကိုပါ စစ်ကောင်စီက ဖြတ်သန်းသယ်ယူခွင့် ပိတ်ပင်ထားတယ်လို့သိရပါတယ်။

သြဂုတ် – ၆ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ရဲ့ အဝင်အထွက်ကို ထိန်းချုပ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေမှာခွင့်မပြုချက်မရဘဲ ရွှေတူးဖော်ရေးလုပ်ငန်းသုံးပစ္စည်းတွေ အပါ အဝင် စက်သုံးဆီကိုပါ စစ်ကောင်စီက ဖြတ်သန်းသယ်ယူခွင့် ပိတ်ပင်ထားတယ်လို့သိရပါတယ်။

ကန့်သတ်ပစ္စည်းတွေထဲမှာ ရွှေတူးဖော်ရေး လုပ်ငန်းသုံးဆက်စပ်ပစ္စည်းတွေ ၊ စက်သုံးဆီ ၊ လျှပ်စစ်ပစ္စည်း ( ဝါယာကြိုး ၊ ဘတ္ထရီ ၊ ဆိုလာ ၊ ပါဝါဘန့် ) ၊ ဓာတ်မြေသြဇာ ၊ အောက်ဆီဂျင်အိုး ၊ ဆေးဝါး ဆက်စပ်ပစ္စည်းတွေ ( စောင် ၊ ခြင်ထောင် ၊ သူနာပြုဝတ်စုံ၊ အမျိုးသမီး လစဉ်သုံး၊ ဒိုင်ဘာ ) ၊ ၃ လက်မနဲ့အထက်ရှိတဲ့ ပိုက်တွေ ၊သံပိုက်တွေ ပါဝင်ပါတယ်။

ဒီပစ္စည်းတွေကို စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်းအစိုးရအဖွဲ့ ရဲ့ ခွင့်ပြချက်ရမှ သယ်ဆောင်ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“သူတို့က (စစ်တပ်) အဓိကသိမ်းတာက ရွှေတွင်းမှာ သုံးတဲ့ပစ္စည်းတွေဆို အဓိကသိမ်းတယ် ၊ အဲတာတွေဆို ညှိလို့မရဘူး လုံးဝကိုပြန်မပေးတာ”လို့ မန္တလေး-မိုးကုတ် လမ်းပိုင်းပြေးဆွဲနေတဲ့ ကားသမားတစ်ဦးကပြောပါတယ်။

အဓိကအားဖြင့် တော်လှန်ရေးအဖွဲ့တွေ အားကောင်းတဲ့ ဒေသတွေဆီ သွားရောက်မယ့်ကားတွေကို တင်းကြပ်ပြီး ကုန်ပစ္စည်းသယ်ယူခွင့်ကန့်သတ်နေတာလို့ ကားသမားတွေကပြောပါတယ်။

မန္တလေးအထွက် စစ်ကိုင်းဘက်ခြမ်း ရတနာပုံတံတား စစ်ဆေးရေးဂိတ်၊မတ္တရာ- မိုးကုတ်သွားကားလမ်း ရွှေကျင်ဂိတ်၊ ပြင်ဦးလွင်အထွက် ဝက်ဝံစစ်ဆေးရေးဂိတ် စတဲ့နေရာတွေမှာ တင်းတင်းကြပ်ကြပ်စစ်ဆေးနေတာလို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေအားကောင်းရာ ရွှေလုပ်ကွက်တွေရှိတဲ့ သပိတ်ကျင်း ၊ စဉ့်ကူး နဲ့မတ္တရာ နယ်တွေဆီ ကုန်စည်စီးမှုမရှိစေလို့ စစ်ကောင်စီတပ်က ပိတ်ဆို့တာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook