Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းအပတ်စဉ် ၁၆အတွက် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မန္တလေးမှာပေါ်တာဆွဲ

စစ်မှုထမ်း အပတ်စဉ် ၁၆အတွက် မန္တလေးမြို့မှာ ပေါ်တာဆွဲတာ‌တွေ၊ မဲပေါက်ထားသူတွေကို နေအိမ်အတွင်း ဝင်ဖမ်းတာတွေ စတင်ပြုလုပ်နေပြီလို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီ စစ်မှုထမ်းခေါ်ယူထားသူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - စကစ

ဩဂုတ်-၈၊၂၀၂၅။ ရှိန်း/People’s Spring

စစ်မှုထမ်း အပတ်စဉ် ၁၆အတွက် မန္တလေးမြို့မှာ ပေါ်တာဆွဲတာ‌တွေ၊ မဲပေါက်ထားသူတွေကို နေအိမ်အတွင်း ဝင်ဖမ်းတာတွေ စတင်ပြုလုပ်နေပြီလို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၁၆အတွက် မဲပေါက်သူတွေကို မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်‌‌ ညောင်ကွဲရပ်ကွက်မှာ နေအိမ်အတွင်းအထိ ဝင် ရောက်ဖမ်းဆီးတာ၊ အလုပ်ရုံတွေအထိ လိုက်လံ ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“၃ ရက်လောက်ရှိပြီ။ တအားပြန်ဆွဲနေတာ။ ည ၈နာရီလောက်ဆိုလမ်းပေါ်လူရှင်းနေပြီ။ ညောင်ကွဲရပ်ကွက်မှာဆိုရင် မဲမပေါက်လည်း မိရင် ဖမ်းခေါ်သွားတာ”လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဩဂုတ် ၆ ရက်ကလည်း ပြည်ကြီးတံခွန်မြို့နယ်ကအမျိုးသားတစ်ဦးကို စစ်မှုထမ်းမဲ ပေါက်ထားလို့ဆိုပြီး ည၈နာရီမှာ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၅ ရက် မနက်၁၀နာရီလောက်ကလည်း မဟာအောင်မြေမြို့နယ်က ရေခဲမုန့်အလုပ်ရုံအတွင်းကို ဝင်ပြီး ယောကျာ်းလေး ၃ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က စစ်မှုထမ်းတွေကို အသုံးပြုပြီး မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ဆက်တိုက်ထိုးစစ်ဆင်နေပြီး လက်ရှိမှာ မန္တလေးတိုင်းအတွင်းက မတ္တရာမြို့နယ်၊သပိတ်ကျင်းနဲ့ ပြင်ဦးလွင်မြို့နယ်တို့မှာ တိုက်ပွဲ တွေဖြစ်နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော့သောင်းမြို့နယ်မှာ စစ်တပ်က စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ် ၂ဦးနဲ့ စစ်မှုထမ်းတပ်သား ၁ဦးကို ကယ်တင်ထားတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

Facebook