Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့ရှိ စစ်တပ်ကင်းစခန်း တော်လှန်ရေးတပ်များ သိမ်းပိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများရဟု မြိုင်ပကဖ ပြော

မကွေးတိုင်း၊မြိုင်မြို့အနီးရှိ စစ်ကောင်စီတပ်၏ ကင်းစခန်း တိုက်ခိုက်သိမ်းပိုက်ရာ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများရရှိခဲ့သည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ကင်းစခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - Na Gwin

သြဂုတ်-၁၀၊၂၀၂၅။ရဲခေါင် /Peoples Spring

မကွေးတိုင်း၊မြိုင်မြို့အနီးရှိ စစ်ကောင်စီတပ်၏ ကင်းစခန်း တိုက်ခိုက်သိမ်းပိုက်ရာ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများရရှိခဲ့သည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့ (သြဂုတ် ၁၀ရက်) နံနက်အစောပိုင်းက စစ်ကောင်စီ၏ ကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး နံနက် ၁၁နာရီဝန်းကျင်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

“ရခတွေပါ အခုမိတာကတော့။ မျက်မြင်တစ်ကောင်ပဲ သေတာဗျ။သူကတော့ဒဏ်ရာတွေ နဲ့မိတာဆိုတော့။အရှင်မိတဲ့ကောင်က ၂လက်လွယ်ပြေး တာ။ သူ့တို့ မြို့မရဲ စခန်းဆီပေါ့။ကျနော့်တို့ကြားထဲမှာ ဖြတ်တောက်ရေးထားတာဆိုတော့ကျနော်တို့လူတွေနဲ့ တွေတာပေါ့”ဟုအထက်ပါတာဝန်ရှိသူက တိုက်ပွဲ ဖြစ်စဥ်နှင့်ပတ်သက်၍ ရှင်းပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှပစ်ကူပေးခြင်းအပြင် စက်တပ်လေထီးများဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ကင်းစခန်းသိမ်းရာတွင် မြိုင် ပကဖ၊ ပေါက်မြို့နယ်မြောက်ပိုင်း ပကဖနှင့် ပေါက်မြို့ပြည်သူကာကွယ်ရေးအဖွဲ့ နှင့် ဒေသတွင်း တော်လှန်အင်အားစုများပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

ဇူလိုင် ၉ရက်ကလည်း မြိုင်မြို့ အရှေ့ပိုင်းစီမံကိန်းရုံး၌ အထိုင်ချထားသော စစ်ကောင်စီ၏ စခန်းကို ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်သား ၁၂ ဦးကို ကာကွယ်ရေးတပ်များက အရှင်ဖမ်းမိနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်တပ်က ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်း - Myaing Villages Revolution Frontက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။