Connect with us

Hi, what are you looking for?

သတင်း

မြန်မာလုပ်သား ဓါတ်လိုက်​မေ့​မျောခဲ့မှုနဲ့ ဆက်စပ်ပြီး ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုကို တောင်ကိုရီးယား ရဲတပ်ဖွဲ့ စီးနင်း

မြန်မာအလုပ်သမားတစ်ဦးဓါတ်လိုက်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်စပ်ပြီး ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို တောင်ကိုရီးယား ရဲတပ်ဖွဲ့က စီးနင်းခဲ့ပါတယ်။

အာဏာရပါတီဖြစ်တဲ့ဒီမိုကရက်တစ်ပါတီမှ လွှတ်​တော်အမတ်​တွေက မြန်မာလုပ်သား ဓါတ်လိုက်ခဲ့တဲ့ ​ဆောက်လုပ်​ရေးလုပ်ငန်းခွင်ကိုစစ်​ဆေး​နေစဥ်။ ဓါတ်ပုံ- Yonhap

သြဂုတ်-၁၂၊၂၀၂၅။People’s Spring

မြန်မာအလုပ်သမားတစ်ဦးဓါတ်လိုက်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်စပ်ပြီး ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို တောင်ကိုရီးယား ရဲတပ်ဖွဲ့က စီးနင်းခဲ့ပါတယ်။

ဩဂုတ် ၁၂ ရက်နေ့တုန်းက ရဲတွေဟာ POISCO E&C ကုမ္ပဏီရဲ့ ရုံးကို စီးနင်း ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ လဆန်းပိုင်းတုန်းက မြန်မာ လုပ်သားတစ်ဦး ဓာတ်လိုက်မှုမှာ ကုမ္ပဏီဖက်ကလုံခြုံရေးစံနှုန်း အားနည်းချက်တွေ ရှိခဲ့သလားဆိုတာကိုစစ်ဆေးဖို့ဖြစ်ပါတယ်။

ဩဂုတ်လ ၄ ရက်နေ့တုန်းက အသက် ၃၀ ကျော်အရွယ် မြန်မာလုပ်သားဟာ ဆိုးလ်မြို့တော် အနောက်တောင်ဖက် ကွမ်မြောင်မှာရှိတဲ့ လမ်းဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ရေပိုက်တွေကို စစ်ဆေးနေရင်း ဓါတ်လိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့သူဟာအခုထိသတိပြန်မလည်သေးဘူးလို့ တောင်ကိုရီးယား သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လုပ်ငန်းခွင်နေရာကစိုစွတ်နေပြီးဓါတ်လိုက်နိုင်ခြေ ရှိပေမယ့် ကုမ္ပဏီက အဲဒီဝန်ထမ်းကို လျှပ်ကာ လက်အိတ်တွေအစားချည်လက်အိတ်တွေလောက်သာ ပေးထားခဲ့တယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။ အခင်းဖြစ်တဲ့ နေရာမှာလည်း ချည်လက်အိတ်တွေကို ရဲတွေက သိမ်းဆည်းရမိခဲ့ပါတယ်။

POISCO E&Cဟာ အဲဒီဆောက်လုပ်ရေး လုပ်ငန်းအတွက် စာချုပ်ရရှိထားတဲ့ ကန်ထရိုက် ကုမ္ပဏီပါ။ ရဲတွေက ဝန်ထမ်းကိုရေပိုက်တွေသွားစစ်ခိုင်းလိုက်တဲ့ အချိန်မှာဘာကြောင့် ဓါတ်အားကိုမပိတ်ထားခဲ့သလဲဆိုတဲ့ ကိစ္စကိုလည်း စုံစမ်းနေပါတယ်။

တောင်ကိုရီးယားက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ အကာအကွယ် တန်ဆာပလာတွေ ထောက်ပံ့ဖို့ ညွှန်ကြားထားပေမယ့် အခုဖြစ်ရပ်မှာတော့ ကုမ္ပဏီဖက်က ပျက်ကွက်မှုတွေ ရှိခဲ့တယ်လို့ ရဲတွေက ယူဆနေပါတယ်။

သမ္မတ လီဂျေမြောင်က အစိုးရ အနေနဲ့ စက်မှုလုပ်ငန်းခွင်တွေမှာ လူသေလောက်တဲ့ထိ ပေါ့လျော့မှုတွေကို တိုက်ဖျက်သွားမယ်လို့ ပြောကြားထားပါတယ်။ပြီးခဲ့တဲ့သီတင်းပတ်မှာတော့သမ္မတက လုပ်ငန်းခွင်မှာ ထိခိုက်သေကြေမှုတွေ တစ်ကြိမ်ထက်မက ဖြစ်ခဲ့ဖူးတဲ့အတွက် POSCO E&C ကို တိုက်ရိုက် နာမည်တပ် ဝေဖန်ခဲ့သလို ကုမ္ပဏီရဲ့ ဆောက်လုပ်ရေး လိုင်စင်ကို ဆိုင်းငံ့ထားဖို့ပါညွှန်ကြားခဲ့ပါတယ်။

ကိုးကား-Korea Times

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအုပ်စုအတွင်းက မွန်ပြည်သစ်ပါတီ(NMSP) တပ်ရဲ့ ကင်းစခန်းတခုကို စစ်တပ်ကစီးနင်းပြီး မွန်တပ် ရဲဘော်တွေကို ဖမ်းဆီးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

တရုတ်စက်ရုံပိုင်ရှင်က ရဲတပ်ဖွဲ့ငွေပေးပြီး မြန်မာလုပ်သားတွေ ဖမ်းဆီးခိုင်းထားဟုဆို