Connect with us

Hi, what are you looking for?

သတင်း

မြန်မာလူငယ်တွေရဲ့ စစ်အာဏာရှင် တွန်းလှန်မှု မှတ်တမ်းသတင်းအတွက် RFA ဆုနှစ်ခုရ

သြဂုတ်-၂၂၊၂၀၂၅။People’s Spring

မြန်မာလူငယ်တွေကစစ်အာဏာရှင်စနစ်ကို တွန်းလှန်နေတဲ့အကြောင်း အထူးသတင်းမှတ်တမ်း တင်ဆက်မှုအတွက် လွတ်လပ်တဲ့ အာရှအသံ (RFA) သတင်းဌာနဟာ မီဒီယာဆိုင်ရာ ဂုဏ်ပြုဆု နှစ်ခုကို လက်ခံရရှိခဲ့ပါတယ်။

အက်ဒွပ်အာရ်မူရို အမျိုးသား မီဒီယာ ထူးချွန်ဆု နှစ်ခုကို RFAက ရရှိခဲ့တာပါ။ အဲဒီဆုဟာ ဒုတိယ ကမ္ဘာစစ်တုန်းက ရေဒီယို သတင်းထုတ်လွှင့်မှုတွေကြောင့် နာမည်ကျော်ခဲ့တဲ့ အမေရိကန်ဂျာနယ်လစ် မာရိုကို ဂုဏ်ပြုပြီး နာမည် မှည့်ခေါ်ထားပြီး အမေရိကန် အခြေစိုက် Radio Television Digital News Association (RTDNA) အဖွဲ့က ချီးမြှင့်တာ ဖြစ်ပါတယ်။

RFA အနေနဲ့ အမေရိကန် အစိုးရဆီက ထောက်ပံ့စရိတ် ဖြတ်တောက်မှုတွေကြောင့် အကြီးအကျယ် ရုန်းကန်နေရတဲ့ ကာလတစ်ခုမှာ အခုလို ဂုဏ်ယူစရာ ဆုတွေကို လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ RFAရဲ့ ဝန်ထမ်းအင်အား စုစုပေါင်း ၉၀ ရာခိုင်နှုန်းလောက်ဟာ လစာမဲ့ ခွင့်တွေယူထားရ၊ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ခံထားရပါတယ်။

Public Service Announcement

Public Service Announcement

RFAကတော့ အဲဒီလို စရိတ်ဖြတ်တောက် လျှော့ချခံရမှုတွေကိုတရားရေးအရတုံ့ပြန်စိန်ခေါ်ဖို့ ကြိုးစားနေဆဲပါ။

မြန်မာ့မီဒီယာ ရပ်ဝန်းကို အာဏာသိမ်း စစ်တပ်နဲ့ တရုတ် အထောက်အပံ့ခံ မီဒီယာတွေက လွှမ်းမိုးထားတဲ့ အခြေအနေမျိုးမှာ အလုပ်လုပ်ရတာ အများကြီး ခက်ခဲကြောင်း၊ အဲဒီလို စိန်ခေါ်မှု ကြီးမားလှတဲ့ အခြေအနေမှာ အချက်အလက် အမှန်တွေကို အခြေခံတဲ့ သတင်းတွေ တင်ပြဖို့ ဆိုတာက RFAရဲ့ တာဝန်လို့ ခံယူကြောင်း သတင်းဌာနနဲ့ အမှုဆောင်ချုပ်နဲ့ ဥက္ကဋ္ဌဖြစ်သူ ဘေးဖန်းက ပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကိုဂျန်ဇီလို့ခေါ်တဲ့ မျိုးဆက်သစ် မြန်မာလူငယ်တွေက တွန်းလှန်ရင်း နိုင်ငံရဲ့ အနာဂတ်အတွက် ရုန်းကန်နေကြတဲ့ အကြောင်း အထူးသတင်းဆောင်းပါးနဲ့ မှတ်တမ်းဗီဒီယိုတွေအတွက် RFAဟာ ဂုဏ်ပြုဆု နှစ်ခုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ “Myanmar’s Gen Z fighting for a nation’s future”လို့ ခေါင်းစဉ်တပ်ထားတဲ့ အဲဒီ အထူးသတင်း မှတ်တမ်းတွေကို RFAကမနှစ်ကနိုဝင်ဘာလမှာအပိုင်းလိုက် ဖော်ပြခဲ့တာပါ။

RFA Burmese အပါအဝင် ကွဲပြားတဲ့ ဘာသာစကားတွေနဲ့ ထုတ်လွှင့်တဲ့ သတင်းဝန်ဆောင်မှုတွေ ရပ်နားထားရတဲ့တိုင် အာရှ-ပစိဖိတ် ဒေသတွင်းမှာ RFAရဲ့ သက်ရောက်မှုတွေက ဘယ်လောက် အရေးပါခဲ့သလဲဆိုတာ ဒီဆုတွေက သက်သေခံနေတယ်လို့ ဖန်းက ထောက်ပြသွားပါတယ်။

ရရှိထားတဲ့ ဆုတွေကိုတော့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့ကျရင် RTDNAက RFAဆီ ပေးအပ် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ကိုးကား-RFA

ဆက်စပ်သတင်းများ

အတွေးအမြင်

"စင်ကာပူကအလုပ်သမားရှားတယ်၊ဒါပေမယ့်လူတွေကို ပိုပြီးခေါ်မယ့်အစားAI ကို အသုံးချပြီးထုတ်လုပ်မှုစွမ်းအားမြှင့်တင်မယ်"

နိုင်ငံတကာ

တရုတ်နိုင်ငံကို ဦးတည်တဲ့ ထုတ်လွှင့်မှုတွေ ပြန်စတင်နေပြီလို့ လွတ်လပ်တဲ့ အာရှအသံ (RFA) သတင်းဌာနက ပြောကြားခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံရဲ့ ခိုတောင်ကျွန်းမှာ နိုင်ငံခြားသူ တစ်ဦးကို မုဒိမ်းကျင့်ဖို့ ကြံစည် အားထုတ်မှုအတွက်လူငယ်တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတွေက ပြောကြားခဲ့ပါတယ်။

သတင်း

ရဲနဲ့ တရားရုံးတွေက အကာအကွယ်ပေးနိုင်တဲ့အဖွဲ့အစည်းမဟုတ်ဘဲ အမြတ်ထုတ်၊ထိခိုက်နိုင်တဲ့အဖွဲ့တွေလို့ လူငယ်တွေရှုမြင်လာ