Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မှာ စစ်တပ်က ပါရာမိုတာနဲ့ ဗုံးကြဲလို့ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီး

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်၊မလှိုင်မြို့နယ်မှာ စစ်တပ်ကပါရာမိုတာ(စက်တပ်​လေထီး)နဲ့ ဗုံးချတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းတစ်ကျောင်းပျက်စီးခဲ့ပါတယ်။

ပျက်စီးခဲ့သော ဘုန်းကြီးကျောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ-လူထုသတင်းကွန်ရက်/မလှိုင်မြို့

သြဂုတ်-၂၆၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်၊မလှိုင်မြို့နယ်မှာ စစ်တပ်ကပါရာမိုတာ(စက်တပ်​လေထီး)နဲ့ ဗုံးချတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းတစ်ကျောင်းပျက်စီးခဲ့ပါတယ်။

သြဂုတ် ၂၅ ရက် မနက် ၂ နာရီလောက်ကမိတ္ထီလာမြို့ပေါ်ကနေတက်လာတဲ့စက်တပ်လေထီး ၅ စီးဟာ မလှိုင်မြို့နယ်မြောက်ခြမ်းနဲ့အရှေ့မြောက်ခြမ်းကျေးရွာတွေဘက်ကို ၃ နေရာခွဲပြီး လေကြောင်းကနေ ဗုံးသီး ၁၅ လုံး ကြဲချကာ တိုက်ခိုက်ခဲ့ပါတယ် ။အဲဒီတိုက်ခိုက်မှုကြောင့် သက္ကယ်ကျင်းကျေးရွာမြောက်ဘက်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးပြီး ကျေးရွာက လျှပ်စစ်မီးကြိုးတွေလည်း ပျက်စီးသွားကြောင်း လူထုသတင်းကွန်ရက်-မလှိုင်ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“တိုက်ပွဲမရှိပါဘူး။ နဂိုလည်းမရှိခဲ့ပါဘူး။ သက္ကယ်ကျင်းရွာဆိုသူတို့အကြမ်းဖက်စစ်တပ်ကနှစ်ချီတပ်စွဲခဲ့တဲ့နေရာတွေပါ။PDFဝင်နေတာလည်းမရှိပါဘူး။အခုအကြဲခံရတဲ့ဘုန်းကြီးကျောင်းဆို သူတို့ နှစ်နဲ့ချိီ တပ်စွဲခဲ့တာ ယခင်က။”လို့အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အခြားတနေရာက တောထဲနေတဲ့ တန်းသမားမိသားစု တဲအနီး ဗုံးကျရောက်ပေါက်ကွဲပြီး နွားတကောင်သေဆုံးခဲ့ကြောင်း၊လူအထိခိုက်တော့မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာမလှိုင်နယ်အတွင်းပါရာမိုတာနဲ့ တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေကြောင်း၊ ပြည်သူတွေအနေနဲ့ စက်တပ်လေထီးလာပြီဆိုရင် ဓာတ်မိီးနဲ့ ထိုးကြည့်တာ၊ မီးထထွန်းတာမျိုးတွေ မပြုလုပ်ကြဖို့ မလှိုင်အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်သူတွေက သတိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အနောက်ခြမ်းက ကျေးရွာ ၄ရွာကို စစ်တပ်က ၂နာရီကြာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ဦး သေဆုံးပြီး ၁၂ဦးဒဏ်ရာရကာ ဒဏ်ရာပြင်းထန်သူတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

အင်းတော်မြို့နယ်၊ မဲဇာရွာအနီးတိုက်ပွဲပြင်းထန်‌နေစဥ်မှာ စစ်တပ်ကတိုက်ပွဲနဲ့ မဆိုင်တဲ့လူနေကျေးရွာအတွင်း လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်နှစ်ဦး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မဟာစည်ဆရာတော်ကြီးဖွားမြင်ရာဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ဆိပ်ခွန်ရွာမှာရှိတဲ့ မဟာစည်ရိပ်သာကျောင်းတိုက်ကို ဒီနေ့ ( အောက်တိုဘာ ၁၁ ရက်) မှာ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ စစ်ရှောင်ပြည်သူ နှစ်ဦးသေဆုံးသွားတယ်လို့ NUG လက်အောက်ခံ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

ကသာ-ထီးချိုင့်လမ်းပိုင်းကို အသုံးမပြုဖို့ PDFသတိပေး

Facebook