Connect with us

Hi, what are you looking for?

သတင်း

အင်း​တော်၊နတ်​ရေတွင်းရွာကိုစစ်တပ်ဗုံးကြဲ က​လေးငယ်နှစ်ဦး​သေဆုံး

အင်းတော်မြို့နယ်၊ မဲဇာရွာအနီးတိုက်ပွဲပြင်းထန်‌နေစဥ်မှာ စစ်တပ်ကတိုက်ပွဲနဲ့ မဆိုင်တဲ့လူနေကျေးရွာအတွင်း လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်နှစ်ဦး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

(စစ်တပ်ရဲ့တိုက်​လေယာဥ် ၂ စင်း​လေကျင့်ပျံသန်းစဥ်။ဓါတ်ပုံ-AFP)

​အောက်တိုဘာ-၁၁၊၂၀၂၆။အိမ်သွင်/People’s Spring

အင်းတော်မြို့နယ်၊ မဲဇာရွာအနီးတိုက်ပွဲပြင်းထန်‌နေစဥ်မှာ စစ်တပ်ကတိုက်ပွဲနဲ့ မဆိုင်တဲ့လူနေကျေးရွာအတွင်း လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်နှစ်ဦး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

မနေ့(အောက်တိုဘာလ၁၀ရက်)ကတိုက်ပွဲပြင်းထန်‌နေစဉ် မဲဇာရွာအနီးက နတ်ရေတွင်းရွာကို စစ်တပ်ကလေကြောင်းကနေဂျက်ဖိုက်တာနဲ့‌ ရော ဒရုန်းနဲ့ပါ ဗုံးကြဲတာလို့ ဒေသခံတဦးကပြောပါတယ်။

“ရွာနားကိုလည်းစစ်ကြောင်းကဝင်လာတယ်။ အဲဒီစစ်ကြောင်းကိုကာဖို့အတွက်ဒရုန်းနဲ့ ဗုံးကြဲတာ။ နတ်ရေတွင်းရွာက ၁၀နှစ်အရွယ်ကလေးတစ်ဦး ဗုံးစတွေမှန်ပြီး သေဆုံးသွားပါတယ်။ ၁၄ နှစ်အရွယ်ကလေးတစ်ဦးလည်းသေဆုံးပြီး သူ့အကြောင်းတော့ အသေးစိတ်မသိရသေးဘူး”လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်က ကသာမြို့အခြေစိုက်ခြေမြန်တပ်ရင်းခမရ(၃၀၉) နဲ့ ထီးချ်ိုင့်မြို့ထဲမှာတပ်စွဲထားတဲ့စစ်ကြောင်းတွေကို အင်းတော််မြို့ဘက်ဆီနှစ်ဘက်ညှပ်ပြီးစစ်​ကြောင်းထိုးဝင်လာတာပါ။ရွှေဘို- မြစ်ကြီးနားလမ်းရဲ့အဓိကလမ်းပိုင်းဖြစ်တဲ့ မဲဇာရွာကို အောက်

တိုဘာလဆန်းပိုင်းမှာ စစ်ကြောင်း​တွေထပ်မံဝင်ရောက်လာပြီး တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွား​နေပါတယ်။ မြေပြင်စစ်ကြောင်းမှာ အင်အား ၁,၀၀၀ ကျော်ပါဝင်ပြီး လေကြောင်းကနေလည်း မကြာခဏဗုံးကြဲနေတယ်လို့ တော်လှန် ရေးတပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။

ဒီနေ့(အောက်တိုဘာ ၁၁)ညနေပိုင်းမှာစစ်တပ်စစ်ကြောင်းက ပါအောရွာနဲ့စက်တောကုန်းအထိရောက်နေတယ်လို့ သိရပါတယ်။

“ဘယ်ဘက်ကိုဦးတည်မယ်မသိသေးဘူး။ပါအောရွာကနေ ဗန်းမော် နဲ့ ဝန်သိုဘက်ကို သွားလို့ရတယ်။စက်တောကုန်းက‌‌နေ ဗျူဟာလမ်းပေါ် တက်လို့ရတယ်”လို့ စစ်ဘေးရှောင်နေတဲ့ဒေသခံတစ်ဦးကပြောပါတယ်။

စက်တောကုန်းရွာကို စက်တင်ဘာလ၂၃ရက် မနက်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား အမျိုးသားငါးဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးအပါအဝင်ရှစ်ဦးဒဏ်ရာရခဲ့ပါတယ်။ အဲဒီလုပ်ရပ်ဟာအရပ်သားပြည်သူကိုဦးတည်တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုဖြစ်ပြီး ပြင်းပြင်းထန်ထန်ပြန်လည်တိုက်ခိုက်သွားမယ်လို့ အင်းတော်မြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ဟာမန္တလေး-မြစ်ကြီးနားပြည်ထောင်စုလမ်းအတိုင်း တစ်ဆက်တည်းရှိနေတဲ့ ထီးချိုင့်-အင်းတော်-ကသာမြို့လမ်းပိုင်းကို ထိန်းချုပ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ မြေပြင်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်နေပြီးစစ်တပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲနေတယ်လို့သိရပါတယ်။

လက်ရှိမှာကသာ-ထီးချိုင့်အမှတ်( ၃ )ကားလမ်းကို စစ်တပ်က အသုံးပြုနေပြီး စစ်တပ်ယာဉ်တန်းတွေကို တိုက်ခိုက်ချေမှုန်းမှာဖြစ်တဲ့အတွက် ခရီးသွားပြည်သူတွေ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ကသာခရိုင် အမှတ် ( ၁ ) တပ်ရင်းက အောက်တိုဘာလ၁၀ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ ကသာ-ထီးချိုင့်လမ်းအတိုင်းတက်လာတဲ့စစ်ယာဉ်တန်းကို တော်လှန် ရေး ပူးပေါင်းတပ်တွေက ဒီနေ့ တိုက်ခိုက်ခဲ့ကြပြီး တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ စစ်ရေးသတင်းမြစ်တစ်ဦးကပြောပါတယ်။ စစ်ကောင်စီယာဉ်တန်းထဲက ကားနှစ်စီးကိုတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ဖျက်စီးနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကို စစ်ကူ နဲ့ လက်နက်ခဲယမ်းဖြည့်တင်းဖို့ ကြိုးစား​နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ယာဥ်တန်း​တွေကို လမ်းမှာကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ယာဉ်အချို့ မီးလောင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

မဟာစည်ဆရာတော်ကြီးဖွားမြင်ရာဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ဆိပ်ခွန်ရွာမှာရှိတဲ့ မဟာစည်ရိပ်သာကျောင်းတိုက်ကို ဒီနေ့ ( အောက်တိုဘာ ၁၁ ရက်) မှာ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ စစ်ရှောင်ပြည်သူ နှစ်ဦးသေဆုံးသွားတယ်လို့ NUG လက်အောက်ခံ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

ကသာ-ထီးချိုင့်လမ်းပိုင်းကို အသုံးမပြုဖို့ PDFသတိပေး

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ ပိုပြုလုပ်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Trending

Facebook