Connect with us

Hi, what are you looking for?

သတင်း

မဟာစည်ဆရာတော်ကြီးသီတင်းသုံးခဲ့တဲ့ကျောင်းတိုက်ကို စစ်တပ်ဗုံးကြဲလို့ ပြည်သူ နှစ်ဦးသေဆုံး၊ ရှစ်ဦးထက်မနည်းဒဏ်ရာရ

မဟာစည်ဆရာတော်ကြီးဖွားမြင်ရာဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ဆိပ်ခွန်ရွာမှာရှိတဲ့ မဟာစည်ရိပ်သာကျောင်းတိုက်ကို ဒီနေ့ ( အောက်တိုဘာ ၁၁ ရက်) မှာ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ စစ်ရှောင်ပြည်သူ နှစ်ဦးသေဆုံးသွားတယ်လို့ NUG လက်အောက်ခံ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ – ၁၁ ၊၂၀၂၆

မဟာစည်ဆရာတော်ကြီးဖွားမြင်ရာဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ဆိပ်ခွန်ရွာမှာရှိတဲ့ မဟာစည်ရိပ်သာကျောင်းတိုက်ကို ဒီနေ့ ( အောက်တိုဘာ ၁၁ ရက်) မှာ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ စစ်ရှောင်ပြည်သူ နှစ်ဦးသေဆုံးသွားတယ်လို့ NUG လက်အောက်ခံ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

ဒီနေ့ မနက်ပိုင်း ၁၁ နာရီ ၄၄ မိနစ်က ဆိပ်ခွန်ရွာမှာ ရှိတဲ့ မဟာစည်ကျောင်းကို တိုက်လေယာဉ်သုံးပြီး သုံးကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့်အရပ်သား ပြည်သူနှစ်ဦးသေဆုံးပြီး ရှစ်ဦးထက််မနည်းထိခိုက်ဒဏ်ရာရတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဓမ္မာရုံ၊ ရိပ်သာဆောင် ၊ဇရပ်၊စောင်းတန်းတွေလည်း ပျက်စီးသွားတယ်လို့သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ မဟာစည်ကျောင်းတိုက်ဟာ မဟာစည်ဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ကျောင်းတိုက်ဖြစ်တယ်လို့ လည်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုထားပါတယ်။

မဟာစည်ဆရာတော် ဦးသောဘနဟာ ဝိပဿနာတရားကို သင်ကြားပြသရာမှာ ထင်ရှားခဲ့တဲ့ ဆရာတော်ကြီး ဖြစ်ပါတယ်။

ဆရာတော်ကြီးရဲ့ဇာတိရွာဖြစ်ပြီး ဒီနေ့မှာ စစ်တပ်ဗုံးကြဲတဲ့ ဆိပ်ခွန်ရွာဟာဆိုရင် ရွှေဘိုမြို့ရဲ့အနောက်ဘက် ခုနှစ်မိုင်ခန့်အကွာ မှာရှိတာပါ။

အခုလို ဗုံးကြဲခံရတဲ့နေ့ဟာ ဥပုသ်နေ့ လည်းဖြစ်ပါတယ်။ ဒီနေ့ဟာဆိုရင်ဗုဒ္ဓဘာသာဝင်တွေအတွက် သီတင်းသီလဆောက်တည်ရာ ဥပုသ်နေ့ ( တော်သလင်းလကွယ်နေ့) ပါ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကို စစ်ကူ နဲ့ လက်နက်ခဲယမ်းဖြည့်တင်းဖို့ ကြိုးစား​နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ယာဥ်တန်း​တွေကို လမ်းမှာကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ယာဉ်အချို့ မီးလောင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

အင်းတော်မြို့နယ်၊ မဲဇာရွာအနီးတိုက်ပွဲပြင်းထန်‌နေစဥ်မှာ စစ်တပ်ကတိုက်ပွဲနဲ့ မဆိုင်တဲ့လူနေကျေးရွာအတွင်း လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်နှစ်ဦး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကသာ-ထီးချိုင့်လမ်းပိုင်းကို အသုံးမပြုဖို့ PDFသတိပေး

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ ပိုပြုလုပ်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Trending

Facebook