Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မှာဆိတ်ကျောင်းသား တဦးမိုင်းထိသေဆုံး

မန္တလေးတိုင်း၊မလှိုင်မြို့နယ်မှာဆိတ်ကျောင်းသားတဦး မိုင်းထိပြီးသေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးဝန်းကျင်တွင်စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ နင်းမိုင်း ၇၈ လုံးကို ၂၀၂၂ သြဂုတ်လက မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲဖြစ်သော Myanmar ချီဂွေဗားရားအဖွဲ့မှ ရဲဘော်​တွေက သိမ်းဆည်းရမိခဲ့စဥ်။ ဓါတ်ပုံ-မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

သြဂုတ်-၂၈၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊မလှိုင်မြို့နယ်မှာဆိတ်ကျောင်းသားတဦး မိုင်းထိပြီးသေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သြဂုတ်၂၇ ရက်မနက်၈ နာရီခွဲခန့်ကမလှိုင်မြို့နယ်၊ မလှိုင်-နှောကန်လမ်း၊ ကျပ်ဖြူကျေးရွာလမ်းခွဲအနီးမှာ ဆိတ်ကျောင်းနေတဲ့အသက် ၅၀ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦး မိုင်းထိကာ သေဆုံးခဲ့တယ်လို့ဒေသခံ​တွေက ပြောပါတယ်။

အဆိုပါ ဆိတ်ကျောင်းသားဟာ လမ်းဘေးခြုံထဲထောင်ထားတဲ့မိုင်းကဘတ္ထရီအိုးကို ဖြုတ်ယူရာကနေပေါက်ကွဲမှုဖြစ်ပွားပြီးနေရာတင်သေဆုံးခဲ့တာလို့လူထုသတင်းကွန်ရက်-မလှိုင်မြို့ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

“မိုင်းက လမ်းဘေးခြုံထဲမှာ ထောင်ထားတာလို့ပဲ သိရပါတယ်။ မိုင်းက ခြုံထဲဆိုတော့ မထိဘဲမကိုင်ဘဲတော့မကွဲနိုင်ဘူးယူဆပါတယ်။”လို့လူထုသတင်းကွန်ရက်-မလှိုင်မြို့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

မိုင်းဘာကြောင့်ကွဲသွားတယ်ဆိုတာကိုတော့လူထုနွေဦးက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

မလှိုင်မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်က တော်လှန်ရေးအားကောင်းတဲ့ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးဘက်က လာတဲ့ယာဥ်တွေကို စစ်ဆေးတင်းကြပ်နေပြီး မြို့ထဲဖြတ်သွားမယ့် ကားတွေကို ကုန်ကားတစ်စီး တစ်သိန်းခွဲ၊ လူစီးလိုင်းကားတစ်စီး ငါးသောင်းကျပ်၊ ကားပေါ်ပါ လူတစ်ဦး ငါးထောင်ကျပ်နဲ့ အိမ်စီးကားတစ်စီး ငါးထောင်ကျ​ပ်နှူန်းနဲ့ ငွေကြေးတောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ မုန်း(မူး)မြို့နယ်မှာ အာဏာသိမ်းစစ်တပ် ထောင်တဲ့ မိုင်းကြောင့် အရပ်သား ၂ဦး သေဆုံးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ် ရေခါးရွာကို တပ်စွဲထားတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မလှိုင်မြို့နယ် သဘွတ်ကုန်းကျေးရွာ‌‌က ပြည်သူနေအိမ်ပေါ်ကျပြီး လင်မယား ၂ဦး သေဆုံးကာ သမီးဖြစ်သူဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ကံသစ်ကျေးရွာမှာပြီးခဲ့တဲ့ရက်ပိုင်း မေလ ၂၂ ရက် မနက်ပိုင်းက စစ်ရှောင်မိသားစု ရွာကိုပြန်လည်ဝင်ရောက်ချိန်မှာ မိုင်းနင်းမိပြီး ကလေးငယ်အပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။