Connect with us

Hi, what are you looking for?

သတင်း

PDF တပ်မှူးကြီးများအစည်းအဝေးပြုလုပ်၊ စစ်တပ်ကို အပြီးသတ်အနိုင်ယူရေးဆွေးနွေးခဲ့ဟု ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၏ တပ်မှူးကြီးများအစည်းအဝေးကို ဩဂုတ် ၂၃ ရက်မှ စတင်ကာ သုံးရက်ကြာ ​အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဩဂုတ်၂၈ရက်) ထုတ်ပြန်သည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ကို ၂၀၂၄ အတွင်းက ပြုလုပ်သည့် အထူးကွန်မန်ဒိုသင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရစဉ်။ဓာတ်ပုံ − NUG

ဩဂုတ်−၂၈၊၂၀၂၅။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၏ တပ်မှူးကြီးများအစည်းအဝေးကို ဩဂုတ် ၂၃ ရက်မှ စတင်ကာ သုံးရက်ကြာ ​အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဩဂုတ်၂၈ရက်) ထုတ်ပြန်သည်။

တပ်မှူးကြီးများ အစည်းအဝေးကို စစ်ဦးစီးချုပ် အမှူးပြု၍ ဒုစစ်ဦးစီးချုပ်နှင့် စစ်ရုံးချုပ်တာဝန်ရှိသူများ၊ အမှတ်(၁)စစ်ဒေသ စစ်ဒေသမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်မှူးကြီးများဖြစ်ကြသည့် တိုင်းစစ်ဌာန (၁၀)ခုမှ တိုင်းကွပ်ကဲရေးမှူး နှင့် ဒုတိယတိုင်းကွပ်ကဲရေးမှူးများ၊ ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိများ တက်ရောက်ခဲ့ဟု အသိပေးသည်။

အဆိုပါ အစည်းအဝေးကို ပြည်သူ့ခုခံတော်လှန်စစ်၏ စစ်ရေးအောင်ပွဲများ ဆက်လက် ရရှိနေစေရေး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ များကို အမိန့်ပေးကွပ်ကဲမှု ကောင်းမွန်ပြီး ကျင့်ဝတ် လိုက်နာသည့် တပ်မတော်တရပ်အဖြစ် စနစ်တကျ ဆက်လက်တည်ဆောက်ရေး၊ အကြမ်းဖက်စစ်တပ်ကို အပြီးသတ် အနိုင်ယူနိုင်ရေး စသည့် အချက်များအတွက် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်၏ ကွပ်ကဲမှု‌အောက်တွင် တိုင်းစစ်ဌာန ၁၀ခု ဖွဲ့စည်းပြး တပ်ရင်းတပ်ဖွဲ့များ ကို ကွပ်ကဲတိုက်ပွဲဝင်လျက်ရှိသည်ဟု လည်းအသိ​ပေးသည်။

အဆုပါတိုင်းစစ်ဌာနများမှာ စစ်ကိုင်းတိုင်းစစ်ဌာန၊ မန္တလေးတိုင်းစစ်ဌာန၊ မကွေးတိုင်းစစ်ဌာန၊ ရှမ်းတောင်-ကယား(ကရင်နီ) တိုင်းစစ်ဌာန၊ နေပြည်တော်တိုင်းစစ်ဌာန၊ ပဲခူးတိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာန၊ ဧရာဝတီတိုင်းစစ်ဌာန၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌တနင်္သာရီတိုင်းစစ်ဌာန နှင့် အထူးတိုင်းစစ်ဌာနတို့ဖြစ်သည်။

တပ်မှူးကြီးများအစည်းအဝေးတွင် တိုင်းစစ်ဌာနအလိုက် စစ်ရေးသုံးသပ်ချက် စာတမ်းများ တင်သွင်းခဲ့ကြပြီး လက်ရှိ တော်လှန်ရေးအခြေအနေအပေါ် သုံးသပ်‌ဆွေးနွေးခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ်ချမှတ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် တပ်မှူးကြီးများ အစည်းအဝေးကျင်းပမှုကို ပထမဆုံးအကြိမ်ထုတ်ပြန်ခြင်းဖြစ်သည်။PDF တပ်ရင်းတပ်ဖွဲ့များသည် နိုင်ငံတစ်ဝန်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပါအဝင် ​တော်လှန်​ရေးအင်အားစုများနှင့် ပူး​ပေါင်း၍ စစ်တပ်ကိုခုခံတိုက်ခိုက်​နေ​သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသလက်အောက်ခံတမူးခရိုင်၊အမှတ် (၂)တပ်ရင်းက လာမယ့် ၂၀၂၆ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်မယ်လို့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၂၅) ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင်တပ်ရင်း(၂)ရဲဘော်များအတွက်အရေးပေါ်လိုအပ်နေသည့် ကျည်ကာများ ပံ့ပိုးပေးနိုင်ရေး ပြည်သူများ ဝိုင်းဝန်းပေးကြရန် ၈၈မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်က တိုက်တွန်းသည်။

သတင်း

နိုင်ငံကြီးတခုက မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအား ခြိမ်းခြောက်ဖိအားပေးနေမှုကြောင့် စစ်လက်နက်ပစ္စည်းရရှိရေး အဟန့်အတားရှိနေသော်လည်း အထွေထွေထိုးစစ်အတွက် လက်နက်ခဲယမ်းမီးကျောက်ရရှိရေး ပြင်ဆင်မှုနှင့် နည်းလမ်းရှာပြီး ဒရုန်း၊ ဂျန်ဘာကဲ့သို့ နည်းပညာပစ္စည်းများ ဖြည့်တင်းမှုလုပ်ဆောင်နေဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က လက်ရှိတော်လှန်ရေး၏ အခြေအနေနှင့်အထွေထွေထိုးစစ်အကြောင်းကို NUG သတင်းပြန်ကြားရေးဌာန PVTV မှတဆင့် ယနေ့ ထုတ်လွှင့်​သောအင်တာဗျူးတွင် အသိပေးခဲ့ရာ တော်လှန်ရေးအလှည့်အပြောင်း ဖန်တီးရန် အထွေထွေထိုးစစ် မဖြစ်မနေပြုလုပ်ရမည်ဟုပြောကြားသည်။