Connect with us

Hi, what are you looking for?

သတင်း

PDF ပဲခူးခရိုင်တပ်ရင်း(၂)ရဲဘော်များ အရေးပေါ် လိုအပ်နေသည့်ကျည်ကာ ဝိုင်းပံ့ပိုးကြရန် ဦးမင်းကိုနိုင် တိုက်တွန်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၂၅) ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင်တပ်ရင်း(၂)ရဲဘော်များအတွက်အရေးပေါ်လိုအပ်နေသည့် ကျည်ကာများ ပံ့ပိုးပေးနိုင်ရေး ပြည်သူများ ဝိုင်းဝန်းပေးကြရန် ၈၈မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်က တိုက်တွန်းသည်။

ပဲခူးခရိုင်တပ်ရင်း(၂) ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ပဲခူးခရိုင်တပ်ရင်း ၂

စက်တင်ဘာ-၁၃၊၂၀၂၅။ ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၂၅) ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင်တပ်ရင်း(၂)ရဲဘော်များအတွက်အရေးပေါ်လိုအပ်နေသည့် ကျည်ကာများ ပံ့ပိုးပေးနိုင်ရေး ပြည်သူများ ဝိုင်းဝန်းပေးကြရန် ၈၈မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်က တိုက်တွန်းသည်။

ကရင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KNLA)အပါအဝင် မဟာမိတ်များနှင့်လက်တွဲပြီးနတ်သံကွင်း၊ဇရပ်ကြီး၊မုန်း၊ဖာပွန်မြို့သိမ်းစစ်ဆင်ရေးများ နှင့် စခန်းသိမ်းတိုက်ပွဲ ၃၀ကျော်၊ တိုက်ပွဲငယ်များစွာ စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည့် ပဲခူးခရိုင် တပ်ရင်း(၂)က ရဲဘော်များအား ကျည်ကာတပ်ဆင်ပေးရန် ရန်ပုံငွေရှာဖွေလျက်ရှိရာ ဦးမင်းကိုနိုင်က ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

” ဒီလိုအချိန်က တကယ်ဆိုရင် ပြည်သူလူထုဆီက နေပြီးတော့ အလှူခံရတယ်ဆိုတာမျိုးကိုကျော်လွင်သင့်ပြီပေါ့။ တခြားနည်းလမ်းတွေပေါ့။ နယ်မြေစိုးမိုးတာနဲ့အမျှ ထိုက်သင့်တဲ့အခွန်အခတွေ သယံဇာတတွေက နေပြီးတော့ NUG အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်ကနေ ပြီးတော့ တကယ်တော့ ရန်ပုံငွေဆိုတာ အဲဒီလိုသွားသင့်တာပါ။ အခုကတော့ အရေးပေါ် အခြေအနေအရ ချွင်းချက်တွေဖြစ်လာတယ်။ ကျည်ကာအင်္ကျီတွေလိုလာတယ်ပေါ့။လိုအပ်ချက်ကတော့ ကျည်ကာအင်္ကျီလိုအပ်ချက်ဖြစ်နေတာပေါ့။ ဒါကတော့ လတ်တလောမှာ အပူတပြင်းလိုအပ်ချက်တွေ ဖြစ်နေတဲ့အတွက်ကြောင့် နိုင်သမျှတော့ ဝိုင်းပြီးတော့ အားဖြည့်ကြရအုံးမှာပဲ”ဟု ဦးမင်းကိုနိုင်က ပြောသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးနှင့်ပတ်သက်ပြီး ကူမည့်အဖွဲ့အစည်းတိုင်းကို စနစ်တကျလေ့လာချဉ်းကပ်ရန်လည်း ဦးမင်းကိုနိုင်က ပြည်သူများကို အကြံပြုသည်။

“သေချာပြီ မိမိဆန္ဒနဲ့ ကိုက်ညီတယ်ဆိုတဲ့အခါမျိုးကြမှ ကူညီနိုင်ပါတယ်။ အခုလောလောဆယ် မိုးတွင်းမှာလည်း ရင်ဆိုင်နေရတဲ့ တိုက်ပွဲတွေရှိနေတဲ့အတွက်ရဲဘော်တွေရဲ့လိုအပ်ချက်ကိုဝင်ပြီးတော့ဖြည့်မယ်ဆိုရင်ဒီလှုပ် ရှားမှု ကမ်ပိန်းရဲ့ သဘောသဘာ၀နဲ့ သမိုင်းကြောင်းတွေ လေ့လာပြီးတော့ မိမိစွမ်းတဲ့ဘက်က ဝင်ပြီးတော့ အားဖြည့်နိုင်ကြပါတယ်လို့ တိုက်တွန်းပါတယ်ခင်ဗျ” ဟု ဦးမင်းကိုနိုင်က ပြောသည်။

ပဲခူးခရိုင်တပ်ရင်း(၂)ရဲဘော်များအတွက်ကျည်ကာကမ်ပိန်းကို စက်တင် ဘာ ၁ရက်မှ အောက်တိုဘာ ၁၅ရက်အထိ တလခွဲ ပြုလုပ် မည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

​အထိနာတဲ့ စစ်တပ်က နေအိမ်နဲ့ကားအချို့ကို မီးရှို့၊ ပြည်သူအချို့ ဖမ်းဆီး