Connect with us

Hi, what are you looking for?

သတင်း

ဂုတ်ထိပ်တံတား စစ်ကောင်စီဖျက်ဆီးမှု NUG အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့ ရှုတ်ချ

ရှမ်းပြည်မြောက်ပိုင်း၏ကြားကာလအမွေအနှစ်ဖြစ်သောဂုတ်ထိပ်တံတားပျက်စီးမှုအတွက်နှမြောဝမ်းနည်းကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့ပြီး ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်တပ်အား ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြသည်။

မိုင်းခွဲပျက်စီးသွားတဲ့ ဂုတ်ထိပ်တံတားအား တွေ့ရစဉ်။ ဓာတ်ပုံ -စစ်​ကောင်စီ

ဩဂုတ် -၂၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

ရှမ်းပြည်မြောက်ပိုင်း၏ကြားကာလအမွေအနှစ်ဖြစ်သောဂုတ်ထိပ်တံတားပျက်စီးမှုအတွက်နှမြောဝမ်းနည်းကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့ပြီး ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်တပ်အား ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြသည်။

ဩဂုတ်၂၄ ရက်နံနက်ပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၏ ကြားကာလအမွေအနှစ်ဖြစ်သော ဂုတ်ထိပ်တံတားအား ဗုံးခွဲဖျက်ဆီးခြင်းခံရသည့် သတင်းအပေါ်မဟာမိတ်တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော်(TNLA)မှ တာဝန်ရှိသူတို့က ဖြေကြားချက်အရ အကြမ်းဖက်စစ်တပ်ဖက်မှ စစ်ရေး၊ နိုင်ငံရေး ရည်ရွယ် ချက် များဖြင့် ကျူးလွန်ခြင်း ဖြစ်ကြောင်း သိရှိရဟု ဖော်ပြသည်။

အကြမ်းဖက်စစ်တပ်သည် ၂၀၂၄ ဇွန်လကုန် အတွင်း ရှမ်းပြည်မြောက်ပိုင်းရှိ ခိုလိတ်ရထားလမ်းတံတား၊ မန်စံရေကျကြိုးတံတား၊ မန်ပွဲတံတား၊ စွတ်လန်းတံတား များအား ဗုံးခွဲဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ရှေးဟောင်းအမွေအနှစ်နှင့် သာသနိကအဆောက်အဦ ၂၃၀ ကျော် ပျက်စီးခဲ့ရကြောင်း ဖော်ပြသည်။

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းများရှိ ကျေးရွာများအားမီးရှို့ခဲ့ခြင်း၊ ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း လေကြောင်းပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်း တို့ကို စစ်ကောင်စီ ကျူးလွန်ခဲ့ဟုဆိုသည်။

ထို့ပြင် ၂၀၂၅ ဇူလိုင်နှင့် ဩဂုတ်တွင် စစ်ကိုင်းတိုင်း လင်းတလူကျေးရွာဘုန်းကြီးကျောင်း၊ မန္တလေးတိုင်း စကားပင်ရွာဘုန်းကြီးကျောင်း၊ မွန်ပြည်နယ် ချမ်းမြေစုဘုန်းကြီးကျောင်းများကို ဗုံးကြဲခြင်း၊ ဩဂုတ်လ ၂၅ရက်နေ့တွင်လည်း အမွေအနှစ်နယ်မြေ မြောက်ဦးဒေသကိုဗုံးကြဲခြင်း စသည့် စက်မှုအမွေအနှစ်၊ ဘာသာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များစွာကို ဖျက်ဆီးခြင်း၊ အမွေအနှစ်နယ်မြေရှိ လူအမြောက်အများကို သေဆုံးဒဏ်ရာရစေခြင်း များရှိခဲ့ကြောင်း မီးမောင်းထိုး ဖော်ပြသည်။

ယခု ဖျက်ဆီးခံရသည့် ဂုတ်ထိပ်တံတားနှင့် တံတားအနီးသဘာဝဝန်းကျင် တို့ကိုလည်း ရှမ်းပြည်မြောက်ပိုင်း၏ ကြားကာလအမွေအနှစ်စာရင်း – ၁ တွင် စက်မှုအမွေအနှစ်နှင့် သဘာဝအမွေအနှစ်အဖြစ် NUG အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှု ဗဟိုက ၂၀၂၄ ဩဂုတ် ၂၀ရက် နေ့စွဲဖြင့် ကြေညာထားပြီးဖြစ်သည်ဟုဆိုသည်။

မဟာမိတ် TNLAက ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-လားရှိုးရထားလမ်းပေါ်ရှိ ဂုတ်ထိပ်တံတားအား သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်ဖက်မှ လေကြောင်းပစ်ခတ်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများဆက်တိုက် ပြုလုပ်နေ၍ ထိုသို့ ကြေညာခဲ့ရာ စစ်ကောင်စီက ယခုကဲ့သို့ ကျူးလွန်ခဲ့၍ အရေးယူမှုများ ပြုလုပ်နိုင်ရေး ကြိုးပမ်းသွားမည်ဟု အသိပေးသည်။

ထို့ပြင် ညီနောင် မဟာမိတ်တို့၏ အမွေအနှစ်များအား ပူးပေါင်းကာကွယ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ဂုဏ်ထိပ်တံတား ပျက်စီးမှုနှင့်ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီတပ်ကလည်း TNLAက လုပ်ဆောင်းခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (မတ်လ ၈)မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ တအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့် တပ်မတော် (MNDAA)တို့ တင်းမာမှု ညှိနှိုင်းနေဆဲဖြစ်ပြီး နှစ်ဘက်စလုံးက မြို့တွင်း၊ မြို့ပြင်မှာပါ တပ်စွဲထားဆဲလို့ သတင်းရရှိပါတယ်။