Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်၈ထပ်ရေတံခွန်မှာရေကစားသူငါးဦးပြုတ်ကျ၊ရုရှားနိုင်ငံသားတဦးကိုကယ်နိုင်​​​ပေမယ့်အမျိုးသမီးနှစ်ဦးသေဆုံး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ ၈ထပ်ရေတံခွန်တောင်မှာ ရေကစားသူ ၅ဦး တောင်ကျရေကြောင့် အောက်ကိုပြုတ်ကျခဲ့ရာ ရုရှားနိုင်ငံသားတဦးကိုကယ်နိုင်​​ပေမယ့်အမျိုးသမီးနှစ်ဦးသေဆုံးသွားပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးက အသိပေးထားပါတယ်။

ပြင်ဦးလွင်မြို့ ၈ထပ်ရေတံခွန်တောင်မှကနေ ပြုတ်ကျသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်နေစဉ်။ ဓာတ်ပုံ − RESCUE

■ကျန်နှစ်ဦးကို ရှာဖွေနေဆဲ

စက်တင်ဘာ-၂၉၊၂၀၂၅။ရောင်နီ/People’s Spring

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ ၈ထပ်ရေတံခွန်တောင်မှာ ရေကစားသူ ၅ဦး တောင်ကျရေကြောင့် အောက်ကိုပြုတ်ကျခဲ့ရာ ရုရှားနိုင်ငံသားတဦးကိုကယ်နိုင်​​ပေမယ့်အမျိုးသမီးနှစ်ဦးသေဆုံးသွားပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးက အသိပေးထားပါတယ်။

စက်တင်ဘာ ၂၉ ရက် ညနေ ၃နာရီခွဲခန့်မှာ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု၊ အုန်းနှဲ‌ရေအရှေ့ကျေးရွာမှာရှိတဲ့ ၈ထပ်ရေတံခွန်တောင်မှာ လူ ၁၄ ဦး ရေကစားခဲ့တာဖြစ်ပြီး တောင်ကျရေကြောင့် လူငါးဦး ပြုတ်ကျခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြုတ်ကျတဲ့ ငါးဦးအနက် အမျိုးသမီး နှစ်ဦးကို သေဆုံးလျက်ရှာဖွေတွေ့ရှိခဲ့ပြီး ရုရှားနိုင်ငံသားတစ်ဦးကိုတော့ အသက်ရှင်လျက်တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေက ထုတ်ပြန်ထားပါတယ်။

အသက်(၄၃)နှစ်အရွယ် ရုရှားနိုင်ငံသားကတော့ ညာခြေထောက်ကျိုးခဲ့​ပေမယ့်အသက်မ​သေခဲ့ပါဘူး။သေဆုံးသွားတဲ့အမျိုးသမီး ၂ဦးဟာ ကယ်ဆယ်​​​ရေးအဖွဲ့ရိုက်ကူးထားတဲ့ဓါတ်ပုံ​တွေအရမြန်မာ​တွေဖြစ်တာကို​တွေ့ရပါတယ်။ ​

​ပျောက်ဆုံး​နေတဲ့ကျန်တဲ့နှစ်ဦးကိုတော့ ဆက်လက်ရှာဖွေမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ​

ပျောက်ဆုံး​နေသူ ၂ ဦးဟာမြန်မာလား ရုရှားလားဆိုတာကို​တော့ အ​သေးစိပ်မထုတ်ပြန်ထားပါဘူး။

သေဆုံးသူနှစ်ဦးနဲ့ ဒဏ်ရာရရှိသူတွေကို ပုသိမ်ကြီးမြို့နယ် လူမှုကူညီရေးကားတွေနဲ့ ပြင်ဦးလွင် ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

(ပြင်ဦးလွင်မြို့ ၈ထပ်ရေတံခွန်တောင်မှကနေ ပြုတ်ကျသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်နေစဉ်။ ဓာတ်ပုံ − RESCUE)

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာခဏလာနေတဲ့ ပြင်ဦးလွင်မြို့က မေစိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရမှု ဒီကနေ့ ဧပြီ ၇ရက် မနက်က ဖြစ်ပွားခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့အနီးကျေးရွာအချို့မှာအကွက်ရိုက်ရောင်းချပြီး အုတ်တံတိုင်းခတ်ထားတဲ့ မြေကွက်တွေ ကိူ ဖယ်ရှားရှင်းလင်းနေတယ်လို့ဒေသခံအချို့က အသိပေးပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်အုပ်စုစီစဥ်တဲ့ ပန်းပွဲတော်ကိုလည်ပတ်သူတွေများလို့ ဟိုတယ်အများစု အခန်းပြည့်နေကြောင်း သွားရောက်လည်ပတ်ကြမယ့်သူတွေက ပြောပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းအပြီးကတည်းက ၄နှစ်ကျော်ကြာ လုံခြုံရေးကြောင့် အပြင်မထွက်ရဲတဲ့ ပြင်ဦးလွင်မြို့က စစ်တပ်ရဲ့ စစ်တက္ကသိုလ်(DSA)နဲ့ တပ်မ​တော်နည်းပညာတက္ကသိုလ် (DSTA)က ဗိုလ်လောင်းတွေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပထမဆုံးအကြိမ် အပြင်ထွက်ခွင့်ပေးခဲ့ပါတယ်။