Connect with us

Hi, what are you looking for?

သတင်း

ဘေကျင်းမှာ အသိအမှတ်ပြုမှုလိုချင်နေတဲ့ စစ်ကောင်စီခေါင်းဆောင်

တရုတ်မှာကျင်းပတဲ့ စစ်ရေးပြအခမ်းအနားကိုရောက်နေတဲ့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ဟာ အခြားသော နိုင်ငံတွေက ခေါင်းဆောင်တွေကို လိုက်လံနှုတ်ဆက်နေတဲ့ ရုပ်သံတွေ စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်တွေက ဖြန့်ဝေနေကြပါတယ်။

စက်တင်ဘာ – ၃​၊၂၀၂၅ /People’s Spring

တရုတ်မှာကျင်းပတဲ့ စစ်ရေးပြအခမ်းအနားကိုရောက်နေတဲ့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ဟာ အခြားသော နိုင်ငံတွေက ခေါင်းဆောင်တွေကို လိုက်လံနှုတ်ဆက်နေတဲ့ ရုပ်သံတွေ စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်တွေက ဖြန့်ဝေနေကြပါတယ်။

နိုင်ငံခေါင်းဆောင်တွေစုဝေးပြီး ခေတ္တနားနေဖို့ စီစဉ်ပေးထားတဲ့နေရာမှာ စစ်ကောင်စီခေါင်းဆောင်က လိုက်လံ နှုတ်ဆက် တဲ့ ရုပ်သံအတိုတွေကို ဝါဒဖြန့် လူမှုကွန်ရက်ကတွေက ဖြန့်ဝေလာကြတာပါ။

ဒါကို နိုင်ငံတကာခေါင်းဆောင်တွေနဲ့ စစ်ကောင်စီခေါင်းဆောင်တို့ စကားလက်ဆုံကြတာ ၊ တွေ့ဆုံဆွေးနွေးကြတာ ဆိုပြီး စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်တွေက ဖြန့်ဝေတာကိုတွေ့ရပါတယ်။ဒီဓါတ်ပုံ​တွေကို နိုင်ငံတကာသတင်းဌာန​တွေက​ဖော်ပြတာမ​တွေ့ရပဲ စစ်တပ်ဝါဒါဖြန့်လူမှုကွန်ယက်နဲ့ စစ်တပ်ဝက်ဆိုက်​တွေကအဓိကဖြန့်​​ဝေ​နေတာကို​တွေ့ရပါတယ် ။

Public Service Announcement

Public Service Announcement

ဘေကျင်းမှာကျင်းပတဲ့ ဒုတိယကမ္ဘာစစ်မှာ ဂျပန်တပ်တွေ လက်နက်ချမှု နှစ် ၈၀ ပြည့် အခမ်းအနား ကို တရုတ် ရဲ့မဟာမိတ်တွေဖြစ်တဲ့ ရုရှား သမ္မတ ပူတင် ၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း တို့ တက်ရောက်ကြပါတယ်။

အဲဒီပွဲမှာ မြန်မာစစ်ခေါင်းဆောင်ဟာ မြောက်ကိုရီးယားအာဏာရှင်ကင်မ်ဂျုံအွန်းနဲ့တွေ့ဆုံခွင့်ရတာကို ဝမ်းပန်းတသာ ဖြစ်နေတာ ရုပ်သံမှာတွေ့ရပါတယ်။

ရုရှားသမ္မတ ပူတင်နဲ့လည်း စစ်ကောင်စီခေါင်းဆောင်တို့ အခမ်းအနား ရဲ့ နေ့လယ်စာ စားပွဲ တွေ့ဆုံကြပါတယ်။

အာဏာသိမ်းပြီးနောက်ရုရှားကိုချောင်းပေါက်မတတ်သွားခဲ့တဲ့စစ်ကောင် စီခေါင်းဆောင်ဟာပူတင်နဲ့ တွေ့ဆုံခွင့်ရချိန်ကကမ္ဘာ့ခေါင်းဆောင်ကြီး အဖြစ်မြှောက်ပင့်ပြောဆိုခဲ့ဖူးသလို ဗျာဒိတ်တော်လာကြွက်မင်း ဇာတ်လည်း သွင်းခဲ့ပါသေးတယ်။

အီရန်သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်း ကိုလည်း စစ်ကောင်စီခေါင်းဆောင်က လက်နှစ်ဖက်နဲ့ အသေအချာ နှုတ်ဆက်ပါတယ်။

ဘေကျင်းက စစ်ရေးပြပွဲမှာ စစ်ကောင်စီခေါင်းဆောင်ဟာ ဒေသတွင်းက အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တို ၊ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်တို့ကိုလည်းနှုတ်ဆက်တာတွေ့ရပါတယ်။

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီးအာဏာစသိမ်းကတည်းက နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုကိုအသည်းအသန်လိုချင်နေတဲ့စစ်ကောင်စီခေါင်းဆောင်အဖို့ ဘေကျင်းက စစ်ရေးပြပွဲ အခမ်းအနားဟာ ကျေနပ်စရာဖြစ်နေပါတယ်။

တဖက်မှာလည်း စစ်တပ် ဝါဒဖြန့် လူမှုကွန်ရက်တွေကမြန်မာနိုင်ငံ ယာယီသမ္မတ ၊ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ တွေ့ဆုံတဲ့မြင်ကွင်းဆိုပြီး အကြီးအကျယ် ဝါဒဖြန့်ပါတယ်။

NUG ကတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုတာ ဆိုင်းငံထားဖို့ ၊ စစ်ကောင်စီက တောင်းဆိုတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ပေးဖို့ကို ငြင်းပယ်ဖို့ နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ယာယီသမ္မတအဖြစ် မသုံးစွဲဖို့ဆိုပြီးတ​ရုတ်အစိုးရဆီ စာပေးပို့ပြီး တောင်းဆိုပါတယ်။

ဒါအပြင်တရုတ်အစိုးရက မြန်မာပြည်သူ​တွေကအလိုမရှိတဲ့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်ကို ဖိတ်ကြားတာဟာပြည်သူများရဲ့တန်ပြန်တုန့်ပြန်မှုကိုဖိတ်ခေါ်သလို ဖြစ်စေပြီး၊ နှစ်နိုင်ငံပြည်သူ​တွေအကြား နှစ်ရှည်လများတည်ရှိခဲ့တဲ့ ရင်းနှီးချစ်ကြည်မှုကိုလည်း ထိခိုက်စေနိုင်မည်လို့ ရေးသားထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နေပြည်​တော်ကိုသွားပြီးမင်း​အောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။...

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

Facebook