Connect with us

Hi, what are you looking for?

သတင်း

ဝိုင်း‌မော်တ်ိုက်ပွဲ စစ်တပ်စစ်ကြောင်း အထိနာ ၊ စစ်သုံ့ပန်းအချို့ကို KIA၊ KPDF ဖမ်းမိ

စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအပြင်းအထန်တိုက်ခိုက်နေသည့် ဝိုင်းမော်မြို့နယ်၊ လမြန်ရွာတိုက်ပွဲတွင် စစ်တပ်ထိခိုက်သေဆုံးမှုများပြားပြီး ဗိုလ်အပါအဝင်ရှစ်ဦးကို KIA၊KPDF ကအရှင်ဖမ်းမိခဲ့ကြောင်းသတင်းရရှိသည်။

KIA တပ်ဖွဲ့ဝင်အချိူ့ ။ဓါတ်ပုံ-File photo

စက်တင်ဘာ-၅၊၂၀၂၅။လူအေး/People’s Spring

စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအပြင်းအထန်တိုက်ခိုက်နေသည့် ဝိုင်းမော်မြို့နယ်၊ လမြန်ရွာတိုက်ပွဲတွင် စစ်တပ်ထိခိုက်သေဆုံးမှုများပြားပြီး ဗိုလ်အပါအဝင်ရှစ်ဦးကို KIA၊KPDF ကအရှင်ဖမ်းမိခဲ့ကြောင်းသတင်းရရှိသည်။

KIA ထိန်းချုပ်ထားသည့် လမြန်ရွာကို စစ်ကောင်စီတပ်က ဩဂုတ်၂၇ရက်မှစတင် ထိုးစစ်ဆင်ခဲ့ပြီး တိုက်ပွဲပြင်းထန်‌နေသည်။ စက်တင်ဘာလဆန်းပိုင်း၌တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီ ထိခိုက်သေဆုံးမှုများပြားခဲ့ခြင်းဖြစ်​ကြောင်းဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

“သေဆုံးတဲ့ စစ်သားအ‌ရေအတွက်အတိအကျမသိဘူး။အရှင်မိထားတာကရှစ်ယောက်ဟုတ်တယ်။ တိုက်ပွဲနောက်ဆုံးအခြေအနေက မြေပြင်မှာထက် လက်နက်ကြီးအဓိကပစ်နေတယ်။ တင့်ကားတွေနဲ့ကော ပစ်နေတာ” ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၄ ရက်ည​နေ ၆နာရီခန့်အထိ စစ်ကောင်စီက လက်နက်ကြီးများပစ်ခဲ့ပြီး ညပိုင်းတွင်တိုက်ပွဲငြိမ်သက်နေသည်ဟုသိရသည်။

ဩဂုတ်လ‌နှောင်းပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်က လမြန်ရွာအပါအဝင် ဘေးပတ်ဝန်းကျင်စွာများကို လေကြောင်းမှမကြာခဏ ဗုံးကြဲခဲ့သည်။ဝိုင်း‌မော်မြို့နယ် ၊နမ့်ဝါရွာကိုဩဂုတ်လ ၃၁ရက်နေ့ ညနေက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့၍ စစ်ဘေးရှောင်မိသားစုဝင်ငါးဦးဒဏ်ရာရခဲ့ပြီး အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။

တိုက်ပွဲသည် ဝိုင်းမော်မြို့ပေါ်မှ ဆယ်မိုင်ခန့်အကွာတွင်ဖြစ်နေခြင်းဖြစ်သည်။လမြန်ရွာပတ်ဝန်းကျင်ကို လေကြောင်းအပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)မှနေ၍ လက်နက်ကြီးများနေ့စဉ်ပစ်ခတ်နေသည်။

စစ်ကောင်စီသည် ပြည်သူလူထုကို ပစ်မှတ်ထား၍ လက်နက်ကြီးများအသုံးပြုပြီး ရမ်းသမ်းပစ်ခတ်မှုများ ပိုမို လုပ်ဆောင်နေသည်ဟု Kachin Human Rights Watch – KHRW ကလည်း ထုတ်ပြန်ထားသည်။

ဝိုင်းမော်ဒေသတိုက်ပွဲသတင်းကို KIAက အသေးစိတ်ထုန်ပြန်ခြင်းမရှိသေးသော်လည်းစစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီး အင်အားသုံးပစ်ခတ်နေ၍ လုံခြုံရေးသတိပြုကြရန် ဒေသံများအား သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။