Connect with us

Hi, what are you looking for?

သတင်း

PDF ပဲခူးခရိုင်တပ်ရင်း(၂)ထံ ယခုနှစ်အတွင်း အလင်းဝင်သည့် တပ်သား ၃၅ဦးအထိရှိ

ပဲခူးတိုင်း ၊ကျောက်တံခါးမြို့နယ် စစ်ကောင်စီ၏ နတ်သံကွင်းကာကင်းစခန်းမှ ပြည်သူ့စစ် တပ်သားသစ် တဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပဲခူးခရိုင် တပ်ရင်း(၂)က စက်တင်ဘာ ၁၂ရက်တွင် ထုတ်ပြန်သည်။

PDF ပဲခူးခရိုင်တပ်ရင်း(၂)ထံ အလင်းဝင်လာသော စစ်ကောင်စီတပ်သားအား တွေ့ရစဉ်။ ဓာတ်ပုံ - ပဲခူးခရိုင်တပ်ရင်း(၂)

စက်တင်ဘာ-၁၂၊ ၂၀၂၅။ဟန်နွေ/People’s Spring

ပဲခူးတိုင်း ၊ကျောက်တံခါးမြို့နယ် စစ်ကောင်စီ၏ နတ်သံကွင်းကာကင်းစခန်းမှ ပြည်သူ့စစ် တပ်သားသစ် တဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပဲခူးခရိုင် တပ်ရင်း(၂)က စက်တင်ဘာ ၁၂ရက်တွင် ထုတ်ပြန်သည်။

စက်တင်ဘာ ၇ရက်တွင် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားသစ်က MA 1 ၁လက်နှင့် ကျည်များ ယူဆောင်လာကြောင်း တပ်သားသစ် က လက်နက်အပ်နှံသည့် ဓာတ်ပုံမှတ်တမ်းဖော်ပြကာ အလင်းဝင်လာသူကိုလည်း ဘေးကင်းရာသို့ ပို့ဆောင်ခဲ့ဟု အသိပေးသည်။

ယခု အလင်းဝင်လာသူ အပါအဝင် ၂၀၂၅ စက်တင်ဘာ ပထမပတ်အထိ စစ်ကောင်စီတပ်မှ ဘက်ပြောင်းခိုလှုံလာသူ ၃၅ဦးထိ ရှိဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

” အားလုံးနီးပါးက ပစတွေ(စစ်ကောင်စီအဓမ္မ စစ်သားစုဆောင်းထားသည့် ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များ)ပါဗျ။ လက်နက်နဲ့ အလင်းဝင်တာက ၉ယောက်လောက်ပဲရှိတယ်ဗျ။ ကျန်တာကတော့ လက်နက်မပါဘူးပေါ့နော်။ သူတို့က(စစ်ကောင်စီက) လက်နက်နဲ့ အလင်းဝင်လာရင် PDFက ပစ်သတ်တယ် ပြီး လက်နက်နဲ့ ပြေးရင် နောက်ပိုင်းမိသားစုကို အရေးယူမည် အဲဒီလိုခြောက်ထားတော့ မယူလာရဲကြတာများတယ်”ဟု ပဲခူးခရိုင် တပ်ရင်း(၂) တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူများအနေဖြင့် တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲများသို့ အမြန်ချိတ်ဆက် အလင်းဝင်ကြရန်လည်း ပဲခူးခရိုင် တပ်ရင်း(၂)က တိုက်တွန်းသည်။

“ကိုယ်တိုင်ရုန်းထွက်ချင်တဲ့စိတ်နဲ့ စွန့်လွှတ်စွန့်စားရဲတဲ့ သတ္တိရှိဖို့ပဲလိုတယ်ဆိုတာကို တော်လှန်ရေးတပ်ဖွဲတွေဆီမှာ လက်နက်နှင့်တစ်ကွ နေ့စဥ်နှင့်အမျှ အလင်းဝင်နေကြတဲ့သူတွေက အကောင်းဆုံးသက်သေပြနေပါတယ်”ဟု ပဲခူးခရိုင် တပ်ရင်း(၂)က ထုတ်ပြန်သည်။

အလင်းဝင်လိုသည့် ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များအနေဖြင့်ကြိုတင်ချိတ်ဆက်စရာ မလိုဘဲ စစ်ကောင်စီ ထိန်းချုပ်ထားသည့် နယ်မြေမှ ထွက်လာနိုင်ကြောင်းလည်း ပဲခူးခရိုင် တပ်ရင်း(၂) တာဝန်ရှိသူက ပြောသည်။

” စကစ ထိန်းထားတဲ့နယ်မြေက ထွက်တာနဲ့ ကျနော်တို့ စိုးမိုးထားတဲ့နေရာဖြစ်လို့ ဘာမှမစိုးရိမ်ဘဲ ထွက်လာလို့ ရပါတယ်။ ပြီးတော့ လက်နက်ပါ တပါတည်းယူခဲ့ဖို့လည်း တိုက်တွန်းချင်ပါတယ်။ လက်နက်ပါလည်း ကျနော်တို့ဘက်က မပစ်ဘူးဆိုတာလည်း အာမခံပါတယ်”ဟု ၎င်းက ပြောသည်။

ပဲခူးခရိုင် တပ်ရင်း(၂)အနေဖြင့်လည်း စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ပြီး ဘက်ပြောင်းအလင်းဝင်လာကြမည့်သူများကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ရှိဟု အသိပေးသည်။

PDF ပဲခူးခရိုင် တပ်ရင်း(၂)သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃) တပ်ရင်း(၉)နယ်မြေ အခြေစိုက် တပ်ရင်းတခုဖြစ်ပြီး နတ်သံကွင်း ၊ ဇရပ်ကြီး၊ မုန်း၊ ဖာပွန်မြို့သိမ်းတိုက်ပွဲများနှင့် စခန်းသိမ်း တိုက်ပွဲ ၃၀ကျော်ကို မဟာမိတ်များနှင့်အတူတိုက်ပွဲဝင်ခဲ့သည့် တပ်ဖြစ်သည်။

အဆိုပါ တပ်ရင်းအနေဖြင့်လက်ရှိတွင် မြေပြင် တိုက်ခိုက်ရေးရဲဘော်များအတွက် အကာအကွယ် များ ဖြည့်တင်းတပ်ဆင်ပေးရန် ကျည်ကာကမ်ပိန်း ပြုလုပ်နေပြီး ပြည်သူများ ပါဝင်ရန် တပ်ရင်းတာဝန်ရှိသူက တိုက်တွန်းသည်။

ကမ်းပိန်းကာလကို စက်တင်ဘာ ၁ရက်မှ စတင်ခဲ့ပြီး တလခွဲ ကြာမည်ဖြစ်သည်။ ကျည်ကာ၊ ဦးထုပ်နှင့် ကျည်ကာပြားများဖြည့်ဆည်းတပ်ဆင်ပေးနိုင်ရန် တက်နိုင်သည့် ပမာဏဖြင့် တက်အားသရွေ့ ပါဝင်ရန်လည်း နှိုးဆော် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။