Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်မှကိုယ်ပိုင်အထက်တန်းကျောင်းဗုံးကြဲခံရမှုသေဆုံး၊ဒဏ်ရာရသူများ၏အချက်အလက်အ​သေးစိပ်ကိုULA/AAထုတ်ပြန်

စစ်တပ်ဗုံးကြဲမှူတွင်​သေဆုံး ၊ဒဏ်ရာရခဲ့​သော​ကျောင်းသား​ကျောင်းသူများနှင့် ​ဒေသခံပြည်သူများ။ဓါတ်ပုံ-AA Info desk

■ပြစ်ဒဏ်ကျူးလွန်သူ၊ ​စေခိုင်းသူ၊ ပါဝင်ပတ်သက်သူ များအားပြင်းထန်စွာလက်တုံ့ပြန်သွားမည်ဟုသတိ​ပေး

စက်တင်ဘာ-၁၂၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ၊သရက်တပင်ကျေးရွာရှိ “ပညာပန်းခင်း” နှင့် “အမြင်သစ်” ကိုယ်ပိုင် အထက်တန်းစာသင်ကျောင်းများကိုစစ်ကောင်စီကစက်တင်ဘာ ၁၂ရက်နံနက်အစောပိုင်းကဗုံးကြဲတိုက်ခိုက်မှုအတွင်း​သေဆုံး ၊ဒဏ်ရာရခဲ့​သော ​ကျောင်းသား၊​ကျောင်းသူများ၏ အမည်၊ဓါတ်ပုံ နှင့် အချက်အလက်အ​သေးစိပ်ကို ၊ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊အာရက္ခတပ်​တော် (AA)ကထုတ်ပြန်လိုက်သည်။

လတ်တ​လောအထိ​သေဆုံးခဲ့​သော​ကျောင်းသား၊​ကျောင်းသူ ၁၉ ဦးရှိပြီး အသက် အငယ်ဆုံး ၁၅ နှစ်မှ အသက်အကြီး ဆုံး ၂၁ နှစ်အထိပါဝင်သည်။ အသက် ၁၆ နှစ်နှင့် အသက် ၁၇ နှစ်အရွယ်​ကျောင်းသားအများဆုံးဖြစ်ပြီး Grade-8 မှ Grade-12 တို့တွင်ပညာသင်ယူ​နေကြ​သော ​ကျောင်းသား ​ကျောင်းသူများဖြစ်သည်။ ​​သေဆုံးသူ ၁၉ ဦးတွင် ​​ကျောင်းသူ ၂ ဦးပါဝင်ပြီး ၁၇ ဦးမှာ​ကျောင်းသားများဖြစ်သည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိ​သော​ကျောင်းသား ၊​ကျောင်းသူ နှင့် ​ဒေသခံ ၂၂ ဦးရှိသည်။​သေဆုံးဒဏ်ရာရသူများ၏ အမည် ၊အသက် ၊အတန်း ၊မိဘ ၊​နေရပ် စ​သောအချက်အလက်အ​သေးစိပ်ကို​ဖော်ပြထားသည်။

စစ်တပ်က သရက်တပင်ကျေးရွာရှိ “ပညာပန်းခင်း” နှင့် “အမြင်သစ်” ကိုယ်ပိုင် အထက်တန်းစာသင်ကျောင်းများအား ဂျက်ဖိုက်တာဖြင့် ​ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲခဲ့ခြင်းဖြစ်ပြီး ပညာပန်းခင်း​ပုဂ္ဂလိကကျောင်း​ရှေ့ကျ​ရောက်ခဲ့ခြင်းဖြစ်​ကြောင်း​ဖော်ပြထားသည်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက​ ဗုံးကြဲခံရ၍​သေဆုံးသူများမှာ​ကျောင်းသား၊​ကျောင်းသူများမဟုတ်ဘဲ စစ်သင်တန်းတက်​နေသူများဟု သတင်းအမှားဖြန့်​ဝေ​နေကြသည်ကို​တွေ့ရသည်။

စစ်​​အုပ်စုက ရခိုင်ပြည်နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း ယခုဖြစ်ရပ်မပါ အစုလိုက်အပြုံလိုက်ဗုံးကြဲသတ်ဖြတ်မှု အနည်းဆုံး ၅ ကြိမ်ပြုလုပ်ခဲ့ပြီး ၈၉ ဦး​သေဆုံးကာ ၉၁ ဦး​သေဆုံးခဲ့သည်။အဆိုပါဗုံးကြဲမှုများတွင် ​​မြောက်ဦးမြို့နယ်တွင်စစ်သုံ့ပန်းနှင့် ယင်းတို့၏မိသားစုများထား​သော​နေရာကိုဗုံးကြဲသဖြင့် စစ်သုံ့ပန်း နှင့်မိသားစုဝင် ၂၈ ဦး​သေဆုံးပြီး ၂၅ဦးဒဏ်ရာရခဲ့သည်။

စစ်အုပ်စုက ​နေ့စဥ်ရက်ဆက် ကျူးလွန်​နေ​သောစစ်ရာဝဝတ်မှုများ ၊လူသားမျိုးနွှယ်အ​ပေါ် ပြစ်မှုကျူးလွန်​နေမှုများကို နိုင်ငံတကာမှ လက်ပိုက်ကြည့်မ​နေဘဲ ထိ​ရောက်အားပါ​သောအ​ရေးယူမှု များလုပ်​ဆောင်ရန် အထူးလိုအပ်​ကြောင်းလည်းတိုက်တွန်းထားသည်။

ထိုအပြင် စစ်​ကော်မရှင်က အာရက္ခမျိုးဆက်များအ​ပေါ် စစ်ရာဇဝတ်မှုကျူးလွန်မှုအချက်အလက်များကို ULA/AA အ​နေဖြင့်သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများသို့​ပေးပို့မည်ဟု​ဖော်ပြသည်။

တရားမျှတမှုချစ်မြတ်နိုး​သောလုပုဂ္ဂိုလ်၊အဖွဲ့အစည်းများနှင့် ပူး​ပေါင်းကာတရားမျှတမှုရရှိသည်အထိ​ဆောင်ရွက်မည့်အပြင် ပြစ်ဒဏ်ကျူးလွန်သူ ၊​စေခိုင်းသူ ၊ပါဝင်ပတ်သက်သူ များအားပြင်းထန်စွာလက်တုံ့ပြန်သွားမည်ဟုသတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။