Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ပေါ်မှာမီးပြတ်ချိန် ထရန်စဖော်မာကမီးကြိုးတွေဖြတ်ခိုးခံရ

မီးကြိုး​တွေဖြတ်ခိုးယူခံ​နေရတာ​ကြောင့် ပြည်သူ​တွေကထရန်စ​ဖော်မာ​တွေကိုအကာအရံ​တွေလုပ်

မီးကြိုးဖြတ်ခံရတဲ့ ထရန်စဖော်မာကို မီးကြိုးပြန်တပ်ပြီး အကာအရံများ ပြုလုပ်နေစဥ်။ ဓါတ်ပုံ-ဒေသခံ

စက်တင်ဘာ-၂၁၊၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာမီးပြတ်ချိန်ထရန်စဖော်မာကမီးကြိုးတွေဖြတ်အခိုးခံနေရကြောင်း ဒေသခံများကပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာဒုတိယပတ်အတွင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၇၆လမ်းနဲ့ ၉လမ်းထောင့်မှာရှိတဲ့ ထရန်စဖော်မာက မီးကြိုးတွေ ဖြတ်ခိုးခံခဲ့ရတာလို့ ရပ်ကွက်ခံတချို့က ပြောပါတယ်။

“မနက် ၄ နာရီ မီးပြတ်တဲ့အချိန် ခိုးသွားတာ”လို့ ရပ်ကွက်ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးကြိုးတွေ ဖြတ်ယူအခိုးခံရလို့ ရပ်ကွက်တခုလုံး ရက်အနည်းငယ်ကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ EPCက ပြင်ဆင်ပေးတာမျိုးမရှိလို့ ရပ်ကွက်သူရပ်ကွက်သားတွေကိုယ်တိုင်ငွေထည့်ဝင်ပြီးမီးကြိုးများပြန်တပ်ခဲ့ရကြောင်းဒေသခံများကပြောပါတယ်။

အလားတူ ချမ်းအေးသာဇံမြို့နယ်၊လမ်း ၃၀ နဲ့ ၅၈ လမ်းထောင့်က ထရန်စဖော်မာက မီးကြိုးတွေလည်းယခုရက်ပိုင်းအတွင်းကပဲ ခိုးယူခံခဲ့ရတယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

မီးကြိုးအဖြတ်ခံရတာတွေ ဖြစ်ပွားလာလို့ထရန်စဖော်မာတွေကိုအကာအရံတွေစိုက်ကာခြံခတ်လိုက်ရကြောင်း သိရပါတယ်။

စစ်ကောင်စီဟာ မန္တလေး မြို့ပေါ်မှာ ပြည်သူတွေကို စစ်ဆေးဖမ်းဆီး ငွေညှစ်တာတွေ ပြုလုပ်နေပေမဲ့ ခိုဆိုးလုနှိုက်တွေကိုတော့ ဖမ်းဆီးအရေးယူခြင်း မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။