Connect with us

Hi, what are you looking for?

သတင်း

မြဝတီကနေနယ်ပြောင်းတဲ့ ရဲ ၆ဦးကို KNLA ဖမ်းဆီး၊ စစ်တပ်က ​လေး​ကေ့​ကော်မြို့သစ်ကို စစ်ကြောင်းသုံးကြောင်းထိုးနေ

ကရင်ပြည်နယ်၊မြဝတီမြို့မရဲစခန်းကနေ နယ်ပြောင်းတဲ့ စစ်တပ်လက်အောက်ခံရဲ၆ ဦးကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ရဲဘော်တွေက ဖမ်းဆီးလိုက်တယ်လို့ သတင်းရရှိပါတယ်။

၂၀၂၃ စက်တင်ဘာလ ၃ ရက်တွင် မြဝတီခရိုင်ရုံးတိုက်ခိုက်ခံရပြီး​နောက် စစ်​ကောင်စီရဲ နှင့် လက်နက်ကိုင်အဖွဲ့များကို မြဝတီမြို့မှာ​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ

စက်တင်ဘာ−၂၁၊ ၂၀၂၅/People’s Spring

ကရင်ပြည်နယ်၊မြဝတီမြို့မရဲစခန်းကနေ နယ်ပြောင်းတဲ့ စစ်တပ်လက်အောက်ခံရဲ၆ ဦးကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ရဲဘော်တွေက ဖမ်းဆီးလိုက်တယ်လို့ သတင်းရရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်က မြဝတီမြို့ကနေ နယ်ပြောင်းဖို့ အရပ်သားကားနဲ့သွားရာမှာ KNLAရဲ့ သရက်တောဂိတ်မှာ ဖမ်းဆီးခံရတာလို့ KNLAနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“ခြောက်ယောက်တည်းပါ။ သရက်တောဂိတ်မှာ ဖမ်းမိတယ်။အဲမှာ KNUဂိတ်တခုရှိတယ်လေ။ သူတို့က အရပ်သားကားနဲ့သူတို့ဆင်းသွားတယ်။ အ

Public Service Announcement

Public Service Announcement

ရပ်သားကားနောက်ကလိုက်သွားတာပေါ့။ နယ်ပြောင်းရမယ့် ရဲတွေပါသွားတယ်”လို့ ၎င်းက ပြောပါတယ်။

ဒါအပြင်လက်တလော မြဝတီမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေပါတယ်။

ကော့ကရိတ်ကနေ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ဟာ ၁နှစ်ကျော်အကြာ ပြီးခဲ့တဲ့လက မြဝတီမြို့ကိုရောက်ပြီးနောက် မြို့တောင်ဘက်ဒေသတွေကို စစ်ကြောင်းထိုးနေပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေက မြဝတီကနေ လေးကေ့ကော်မြို့သစ်ဆီကို စစ်ကြောင်း သုံးကြောင်းထိုးနေတယ်လို့ စစ်​ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“လေးကေ့ကော်ကို စစ်ကြောင်းသုံးကြောင်းထိုးလာနေတယ်။ ညလောက်ဆို တိုက်ပွဲသံတွေကြားရလောက်မယ်”လို့ ၎င်းက ပြောပါတယ်။

စစ်တပ်က နှစ်ပေါင်း ၂၀ ကျော်ကြာ တပ်စွဲ ခြေကုတ်ယူထားတဲ့ လေးကေ့ကော် အမြောက်ကုန်းကို KNLA ဦး​ဆောင်တဲ့​တော်လှန်​ရေး တပ်ဖွဲ့တွေက ၂၀၂၄ အောက်တိုဘာ ၁၇ ရက်မှာ သိမ်းပိုက်ခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်းမှာ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၂၇၅)တပ်ရင်းကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

“မြို့အပြင်မှာ လက်နက်ကြီးတွေနဲ့ နေ့တိုင်းထုနေတာ”လို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။