Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးတပ်​တွေဗန်းမောက်မြို့မှာ PDF အလံလွှင့်​အောင်ပွဲခံ

တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်လိုက်တဲ့ဗန်းမောက်မြို့သိမ်းတိုက်ပွဲရဲ့ ပထမဆုံးရုပ်သံဖိုင်ဖေစ်ဘွခ်လူမှုကွန်ယက်မှာ စက်တင်ဘာ ၂၁ ရက်ည​နေပိုင်းမှာစတင်ပျံ့နှံ့လာပါတယ်။

PDF များ ဗန်း​မောက်မြို့ဝင်ဆိုင်းဘုတ်​ရှေ့တွင်​အောင်ပွဲခံစဥ်

စက်တင်ဘာ-၂၁၊၂၀၂၅။​နေ့သစ်/People’s Spring

​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်လိုက်တဲ့ဗန်းမောက်မြို့သိမ်းတိုက်ပွဲရဲ့ ပထမဆုံးရုပ်သံဖိုင်ဖေစ်ဘွခ်လူမှုကွန်ယက်မှာ စက်တင်ဘာ ၂၁ ရက်ည​နေပိုင်းမှာစတင်ပျံ့နှံ့လာပါတယ်။

​တော်လှန်​ရေးတပ်​တွေက ဗန်း​မောက်မြို့အဝင်ဆိုင်းဘုတ်​ရှေ့မှာ PDF အလံ​တော်လွှင့်ထူ​အောင်ပွဲခံတဲ့ စက္ကန့် ၂၀ ​ကျော်ကြာရုပ်သံမှတ်တမ်းဖြစ်ပါတယ် ။

တော်လှန်ရေးပူးပေါင်းတပ်ကစက်တင်ဘာ၂၀ ရက်ည​နေမှာ စစ်ကိုင်းတိုင်းနဲ့ ကချင် ပြည်နယ်အစပ်က ဗန်း​​မောက်မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်း​တွေ၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ ကဒူး​ဒေသကာကွယ်​ရေးတပ်ဖွဲ့ ၊ပကဖ စ​တဲ့ တော်လှန်ရေးပူးပေါင်းတပ်​တွေက ဗန်းမောက်မြို့သိမ်း စစ်ဆင်ရေးကို စက်တင်ဘာ ၁၅ရက်မှာစတင်ပြီး ၆ ရက်အကြာမှာသိမ်းပိုက်နိုင်ခဲ့တာပါ။စက်တင်ဘာ ၂၀ ရက်ည​နေပိုင်းမှာ​တော့ မြို့ထဲကစခန်း​တွေက​နေ စစ်တပ်နဲ့ ရှမ်းနီတပ်​တွေကဆုတ်ခွာထွက်​ပြေးသွားတဲ့အတွက် မြို့ကို သိမ်းနိုင်ခဲ့တာဖြစ်ပါတယ် ။

ဒါ​ပေမယ့် စက်တင်ဘာ ၂၁ ရက်မနက်ပိုင်းမှာ ​တော်လှန်​ရေးတပ်ဖွဲ့​တွေကမြို့အတွင်း နယ်​မြေ ရှင်းလင်းရေးလုပ်စဥ် စစ်သား နဲ့SNA တပ်ဖွဲ့ဝင်​တွေထပ်​ရောက်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ် ။​တော်လှန်​ရေးတပ်​တွေက နယ်​မြေရှင်းလင်း​ရေးကိုဆက်လက်ပြုလုပ်​နေတယ်လို့သူကဆက်​ပြောပါတယ်။​တော်လှန်​ရေးတပ်​တွေက ဗန်း​မောက်မြို့ကစစ်စခန်း​တွေသိမ်းပြီးတဲ့​နောက် စက်တင်ဘာ ၂၀ ညမှာနဲ့ စက်တင်ဘာ ၂၁ ရက်မှာ ​တိုက်​လေယာဥ်​တွေနဲ့ ဗုံးကြဲခဲ့တယ်လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင် ၁ ဦးက​ပြောပါတယ် ။

စစ်​တပ်ဝါဒဖြန့်တယ်လီဂရန်ချန်နယ်လ်​တွေက​တော့ ဗန်း​မောက်မြို့ အသိမ်းမခံရ​သေးဘူး စစ်တပ်နဲ့ ရှမ်းနီတပ်​တွေက ပြန်တိုက်​နေတယ်ဆိုပြီးဝါဒဖြန့်​နေကြတာ​တွေ့ရပါတယ် ။

ဗန်းမောက်မြို့သိမ်း စစ်ဆင်ရေးကို NUG ကာကွယ်​ရေးဝန်ကြီးဌာနလက်​အောက်ရှိ အမှတ်(၁) စစ်​ဒေသ၏ ကွပ်ကဲမှုနဲ့ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒါ​ကြောင့်မကြာခင်မှာ NUG ကမြို့သိမ်းတိုက်ပွဲသတင်းထုတ်ပြန်ဖွယ်ရှိပါတယ်။

ဗန်း​မောက်မြို့သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်တာ​ကြောင့် ​တော်လှန်​ရေးတပ်​တွေက စစ်ကိုင်းတိုင်းမှာလတ်တ​လောမြို့ ၇ မြို့သိမ်းပိုက်ထားတာဖြစ်ပါတယ် ။ ခမ်းပါတ် ၊​ရွှေပြည်သာ ၊မြို့သစ် ၊ပင်လည်ဘူး ၊​မော်လူး ၊အင်း​တော် ၊ ဗန်း​မောက်မြို့ တို့ဖြစ်ပါတယ် ။

တော်လှန်​ရေးတပ်​တွေဗန်းမောက်မြို့မှာ PDF အလံလွှင့်​အောင်ပွဲခံ စက်တင်ဘာ-၂၁၊၂၀၂၅။​နေ့သစ်/People’s…

Posted by People's Spring on Sunday 21 September 2025

ရုပ်သံ-ဇက်အယ်လ်

ဆက်စပ်သတင်းများ

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။