Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားသစ် ၇ ဦး KNLA တပ်မဟာ(၄)ထံ ထပ်မံအလင်းဝင်လာ

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) မြိတ်-ထားဝယ်ခရိုင်/တပ်မဟာ(၄)ဆီကို စစ်ကောင်စီတပ်သားသစ် ၇ ဦး အလင်းဝင်လာတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ယနေ့ သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ-၂၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) မြိတ်-ထားဝယ်ခရိုင်/တပ်မဟာ(၄)ဆီကို စစ်ကောင်စီတပ်သားသစ် ၇ ဦး အလင်းဝင်လာတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ယနေ့ သတင်းထုတ်ပြန်ပါတယ်။

KNU အုပ်ချုပ်နယ်မြေ လယ်မူလား(ပုလော)မြို့နယ် ပလောက်မြို့အခြေစိုက် စစ်ကောင်စီတပ်သားသစ် ၇ဦးဟာ စက်တင်ဘာ ၁၇ရက်မှာ KNLA တပ်မဟာ(၄) လက်အောက်ခံ KNDO တပ်ရင်း(၇) တပ်ခွဲ(၅)ဆီကို အလင်းဝင် ဘက်ပြောင်းခိုလှုံလာတာလို့ ဖော်ပြထားပါတယ်။

အဲဒီ တပ်သားတွေဟာ စစ်ကောင်စီရဲ့ တိုင်းဗိုလ် အမှတ်(၁၂)လေ့ကျင့်ရေးသင်တန်းကျောင်းက ဖြစ်ပြီး လက်နက်မပါလာဘဲ အလင်းဝင်လာတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၇ဦး အပါအဝင် အခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာတတိယပတ်အထိ ၉လနီးပါးအတွင်း စစ်ကောင်စီတပ်သား ၃၃ဦး အလင်းဝင်ရောက်ခဲ့တယ်လို့ KNLA သတင်းရင်းမြစ်က ပြောပါတယ်။

ဘက်ပြောင်းခိုလှုံလာသူတွေထဲမှာ ဗိုလ်ကြီးအဆင့်လည်းပါဝင်ပြီး မြန်မာ-ထိုင်းနယ်စပ် သုခစခန်းက စခန်းတာဝန်ခံ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီ ဗိုလ်ကြီးဟာ KNLAတပ်မဟာ(၄)နဲ့အတူ လက်တွဲ ပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေတယ်လို့လည်း ပြောပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီကို ရရာနည်းနဲ့ လက်နက်ချ အလင်းဝင် ပူးပေါင်းကြဖို့လည်း KNU မြိတ်ထားဝယ်ခရိုင်က ထပ်မံတိုက်တွန်းထားပါတယ်။

(အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၇ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။