Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်မှာ ထောင်ဝင်စာ ဧည့်တွေ့ခွင့် ပိတ်ထား

မန္တလေးအိုးဘိုထောင်က ထောင်သားတစ်ဦး ဆေးရုံကြီးအချုပ်ဆောင်ကနေ ထွက်ပြေးမှုဖြစ်ပွားပြီးနောက် ထောင်ဝင်စာဧည့်တွေ့ပိတ်ထားတယ်လို့ အကျဉ်းသားမိသားစုတွေထံကနေသိရပါတယ်။

ဓာတ်ပုံ - Google Earth

စက်တင်ဘာ – ၂၃ ၊၂၀၂၅ ၊ ဆိုင်းမင်း /People’s Spring

မန္တလေးအိုးဘိုထောင်က ထောင်သားတစ်ဦး ဆေးရုံကြီးအချုပ်ဆောင်ကနေ ထွက်ပြေးမှုဖြစ်ပွားပြီးနောက် ထောင်ဝင်စာဧည့်တွေ့ပိတ်ထားတယ်လို့ အကျဉ်းသားမိသားစုတွေထံကနေသိရပါတယ်။

ထောင်သားထွက်ပြေးမှုဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ၁၉ရက်ကနေ ဒီနေ့ (စက်တင်ဘာလ ၂၃ရက် ) အထိ ဧည့်တွေ့အပြင် ထောင်ဝင်စာ ပါဆယ်ပစ္စည်းအချို့ပါကန့်သတ်လိုက်တာပါ။

“အရင်ကတော့ ပုံမှန်ပို့နေကြပစ္စည်းတွေပို့မရတာတွေဖြစ်လာတယ်၊ရုံးချိန်းဧည့်တွေကိုပါ ပိတ်လိုက်တယ်”လို့ အိုးဘိုထောင်မှာ အကျဉ်ကျခံနေရသူရဲ့ မိခင်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

တဆက်တည်းမှာပဲ ထောင်တွင်းတရားရုံးစစ်ဆေးမှုတွေမှာ လိုက်ပါနိုင်တဲ့ သက်သေတွေကိုပါ ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

အိုးဘိုထောင်မှာ မူးယစ်အမှုနဲ့ နှစ်ရှည် ထောင်ကျနေတဲ့ ထောင်သား တစ်ဦး မန္တလေးဆေးရုံကြီး အချုပ်ဆောင်ကနေ စက်တင်ဘာ ၁၉ရက်က ထွက်ပြေးခဲ့တာပါ။

လိပ်ခေါင်းရောဂါကုသဖို့ မန္တလေးဆေးရုံကြီးကို ရောက်ရှိပြီး ခွဲစိတ်ဖို့ ကုသဆောင်ကို ပို့ဆောင်ရာ သံခြေကျင်းဖြုတ်ပေးပြီးနောက် ထွက်ပြေးသွားတာလို့သိရပါတယ်။

ထွက်ပြေးသွားတဲ့ ထောင်သားကို တော့ စက်တင်ဘာ၂၀ရက် မနက်ပိုင်းမှာပဲ ညီဖြစ်သူရဲ့ နေအိမ်မှာ ပြန်လည်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

သတင်း

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၁၅ ဦးကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ပြီး ၃ ဦး တိုက်ပိတ်ခံထားရကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)-AFCCက ဒီကနေ့ ဇူလိင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။