Connect with us

Hi, what are you looking for?

သတင်း

အရက်မူးစကားများ ရန်ဖြစ်ရာကနေ ရဲတပ်သားအချင်းချင်း သေနတ်နဲ့ အပြန်အလှန်ပစ်ခတ်၊ ရဲတပ်သားဇနီးနဲ့ ရဲသုံးဦးသေဆုံးဟုဆို

ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့မှာ အရက်မူးစကားများရန်ဖြစ်ရာကနေ ရဲတပ်သားအချင်းချင်း သေနတ်နဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ရာ ရဲတပ်သားဇနီးနဲ့ ရဲသုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ-၁၇၊ ၂၀၂၆။ ဒလပန်း/People’s Spring

ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့မှာ အရက်မူးစကားများရန်ဖြစ်ရာကနေ ရဲတပ်သားအချင်းချင်း သေနတ်နဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ရာ ရဲတပ်သားဇနီးနဲ့ ရဲသုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၆ ရက် မနေ့ မနက် ၆ နာရီခွဲအချိန်မှာ ကျောက်တံခါးမြို့ မြောက်ဖက်အထွက် နတ်စင် တာဆုံဂိတ်စခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ အရက်မူးစကားများရန်ဖြစ်ခဲ့ကြပြီး အချင်းချင်းအပြန်အလှန်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“သူတို့အချင်းချင်း အရက်မူးပြီး စကားများကြတာ။ ဗိုလ်လေးက အရင်ပစ်တာ။ ရဲတပ်သားမွန်လေးရဲ့ မိန်းမ မသက်မာကို ထိတယ်။ အဲ့တာနဲ့ မွန်လေးက သေနတ်လုပြီး ပြန်ပစ်တာ သုံးယောက်သေသွားတာ”လို့ ကျောက်တံခါးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲတပ်သားမွန်လေး ထွက်ပြေးလွတ်မြောက်သွားပြီး အခုဖြစ်စဉ်ကို ရဲတပ်ဖွဲ့က ဖုံးကွယ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရဲတပ်သားမွန်လေးနဲ့ သူ့အမျိုးသမီး မသက်မာတို့ဟာ လက်ထပ်ထားတာ တစ်လခန့်သာ ရှိသေးတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ရဲတပ်သားသုံးဦးထဲမှာ တစ်ပွင့် အဆင့်အရာရှိတစ်ဦးပါဝင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက လွတ်မြောက်သွားတဲ့ ရဲတပ်သားမွန်လေးကို မနေ့က ညနေပိုင်းမှာ ရန်ကုန်-မန္တလေးအမြန်လမ်းအနီး မြို့ချောင်းကျေးရွာအနီးက ကင်းရွာမှာ ပစ်ခတ်အသေဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

သတင်း

စစ်တပ်လွှတ်​တော်​ခေါ်တဲ့ ဒုတိယ​နေ့မှာ ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်သားတွေက ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ကမတ်လ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ်၂ဦး အပါအဝင် ၄ဦးသေဆုံးကာ ၃လအရွယ် ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်မှာစစ်တပ်က လက်နက်ကြီးနဲ့ပစ် ၊ဒရုန်း နဲ့ ဗုံးကြခဲ့တာကြောင့်မိသားစုတစ်စုထဲက မိခင်၊ဖခင်နဲ့ ကလေးငယ် ၂ ဦး စုစု​ပေါင်း​လေးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။