ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်မှာတိုက်ပွဲ အပြင်းအထန်ဖြစ်နေတာမှာ စက်တင်ဘာ ၂၄ ရက်နေ့က ထိုင်းဘက်ကိုလက်နက်ကြီးကျည်ကျခဲ့ပါတယ် ။
ဘယ်ဘက်ကပစ်ခတ်မှန်းမသိတဲ့ လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့ ထိုင်းနယ်စပ်သတင်းတွေကိုဖော်ပြနေတဲ့
AEC News ကဖော်ပြပါတယ်။ ဘယ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီး ကျည်ဆိုတာ မသိရဘူးဆိုပေမယ့် ထိုင်းစစ်တပ်က အာဏာသိမ်းစစ်တပ်ဆီကို ကန့်ကွက်စာပို့ထားတယ်လို့လည်း ဖော်ပြပါတယ် ။

Public Service Announcement
မြန်မာဘက်မှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်ထိုင်းစစ်တပ်က နယ်စပ်မှာ ၂၄ နာရီလုံခြုံရေးယူစောင့်ကြည့်နေတယ်လို့ လည်းဆိုပါတယ် ။
စစ်တပ်က စက်တင်ဘာ ၂၃ရက်ကစပြီး လေးကေ့ကော်မြို့ဆီကို စစ်ကြောင်း ၅ကြောင်းနဲ့ ထိုးစစ်ဆင်ရာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပါတယ်။ စစ်တပ်ဟာ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မခေါ်ဆောင်ထားတဲ့ ပြည်သူ့စစ်တပ်သားသစ်တွေကို မူးယစ်ဆေးတွေ ကျွေးပြီး ရှေ့တက်ခိုင်းတာ
ကြောင့် သေဆုံးဒဏ်ရာရသူတွေများပြီး စစ်ကြောင်းတွေပြန်လန်ကျခဲ့ပါတယ်။စက်တင်ဘာ ၂၄ ရက်နေ့မှာလည်း လေးကေ့ကော်မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။





















































