Connect with us

Hi, what are you looking for?

သတင်း

ဒေါငံခါးရွာမှာ တိုက်ပွဲပြင်းထန်၊ စစ်တပ်က ဘောလခဲကိုလည်း စစ်ကြောင်းထိုးဖို့ပြင်ဆင်နေ

ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဘောလခဲမြို့နယ်ကိုလည်း စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့(စက်တင်ဘာ ၂၈ရက်)မှာ ထုတ်ပြန်ပါတယ်။

ကရင်ပြည်မှာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − KNDF

စက်တင်ဘာ-၂၈၊၂၀၂၅။ရဲခေါင်/People’s Spring

ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဘောလခဲမြို့နယ်ကိုလည်း စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့(စက်တင်ဘာ ၂၈ရက်)မှာ ထုတ်ပြန်ပါတယ်။

ကရင်နီပြည်နယ်တွင်း စစ်ရေးအခြေအနေ ထုတ်ပြန်ချက်တွေအရ ဒီး​မော့ဆိုမြို့နယ်အတွင်းကို သြဂုတ်ကစလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးတလျှောက် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ထိုးစစ်ဆင်နေတဲ့ ဒေါငံခါးရွာနဲ့ အနီးကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်တာ၊ဒရုန်း နဲ့တိုက်ခိုက်တာတွေအပြင် လက်နက်ကြီးတိုက်ခိုက်မှုတွေ နေ့စဥ်လုပ်နေတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒီး​​မော့ဆို-ဖရူဆို လမ်းမကြီးတ​လျှောက်မှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေရာယူပြီး လမ်းဘေးဝဲယာက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်နေတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဒီးမော့ဆို-ဖရူဆိုမြို့နယ်က စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ယာဥ်တန်းတွေက ဖရူဆိုအခြေစိုက် အမှတ်(၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းကို ရောက်​ရှိနေပြီး အဲဒီကတဆင့် ဘောလခဲ မြို့နယ်ကို ဦးတည်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“ဒီနေ့အထိ မြေပြင်အခြေအနေမှာဆိုရင် စစ်ကောင်စီက ဖရူဆို ၁၄ ကျောင်းအထိကို သူ့ရဲ့ရိက္ခာကားတွေအများကြီးရောက်သွားပြီ။၁၁၁၁ မစခင်အခြေအနေကို ပြန်ရောက်သွားတဲ့အခြေအနေဖြစ်တယ်။ကျွန်တော်တို့အများကြီးအလုပ်လုပ်ပြီး ပြန်တိုက်ယူရမယ့်အခြေအနေဖြစ်တယ်”လို့ KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီက ဒီကနေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာလုပ်တဲ့ ဒီးကူပွဲမှာ ပြောပါတယ်။

လက်ရှိ အခြေအနေတွေကြောင့် စစ်ကောင်စီတပ်စစ်ကြောင်းထိုးရာ နေရာတွေနဲ့ နီးစပ်တဲ့ကျေးရွာတွေက ပြည်သူတွေအနေနဲ့လုံ​ခြုံရေးသတိရှိကြဖို့၊တော်လှန်ရေးတပ်ဖွဲ့တွေထုတ်ပြန်ချက်လိုက်နာဖို့ KNDF က တိုက်တွန်းထားပါတယ်။

မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားနေပြီး မိုးဗြဲမြို့အနီးက ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာနဲ့ ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။