Connect with us

Hi, what are you looking for?

သတင်း

မဲရုံလုံခြုံရေးအစောင့်အဖြစ် အသုံးပြုဖို့ မန္တလေးမှာ စာရင်းကောက်ခံနေ

လာမယ့်ဒီဇင်ဘာလကုန်ပိုင်း စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ မဲရုံလုံခြုံရေးအတွက် အသုံးပြုဖို့ ရပ်ကွက်အလိုက် စာရင်းကောက်တာတွေ မန္တလေးမှာ ရှိလာပြီလို့ မြို့ခံတွေဆီကသိရပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စစ်တပ်ခေါင်းဆောင် မဲပေးနေစဉ် ( ဓာတ်ပုံ - MOI)

အောက်တိုဘာ – ၂ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

လာမယ့်ဒီဇင်ဘာလကုန်ပိုင်း စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ မဲရုံလုံခြုံရေးအတွက် အသုံးပြုဖို့ ရပ်ကွက်အလိုက် စာရင်းကောက်တာတွေ မန္တလေးမှာ ရှိလာပြီလို့ မြို့ခံတွေဆီကသိရပါတယ်။

မဲရုံပရဝဏ်မှာလုံခြုံရေးတာဝန်ယူရမှာဖြစ်ပြီး အသုံးပြုမယ့် လူစာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက စာရင်းပြုစုနေတာပါ။

“ နာမည်စာရင်းနဲ့တကွရွေးထားတာ ၊နာမည်ပါတဲ့လူက မပျက်မကွက်လုပ်ပေးရမှာပေါ့”လို့ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်တဲ့ လူငယ်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မဲရုံလုံခြုံရေးလုပ်ဖို့ ပျက်ကွက်ရင် စစ်မှုထမ်းဖို့ ပို့ဆောင််မယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိနေတယ်လို့ သိရပါတယ်။

ဒါအပြင် မန္တလေးမှာ လက်ဝေခံ ပျုစောထီးတွေကိုလည်း စစ်ကောင်စီ က ရွေးကောက်ပွဲ လုံခြုံရေးယူခိုင်းဖို့ ရှိနေပါတယ်။

အရပ်သားNLD အစိုးရလက်ထက်မှာကျင်းပတဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာတော့ မဲရုံ လုံခြုံရေးအတွက် အရပ်သားတွေကို ရွေးကောက်ပွဲကာလအထူးရဲအဖြစ် ရဲတပ်ဖွဲ့က ကာလတို လေ့ကျင့်ပေးပြီး လစာနဲ့ ခန့်အပ်တာရှိပါတယ်။

လက်ရှိမန္တလေးမှာစစ်ကောင်စီကရွေးကောက်ပွဲမှာမဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်စာရင်း( မဲစာရင်း) ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွေမှာ ကြေညာထားပေမယ့် စိတ်ဝင်တစား လာရောက်ကြည့်ရှုသူ မရှိသလောက် နည်းပါးတယ်လို့မြို့ခံတွေဆီကသိရပါတယ်။

မဲစာရင်းမကြေညာခင်ကတော့ မဲပေးစက်နဲ့ မဲပေးပုံကို ပြသဖို့အတွက် တစ်အိမ်တစ်ယောက် မပျက်မကွက် လာရောက်ရမယ်လို့ ရပ်ကွက် အုပ်ချုပ်ရေးပိုင်းက ဖိအားပေးခဲ့တယ်လို့ အမရပူရမြို့နယ်မှာနေထိုင်တဲ့ အိမ်ရှင််မတစ်ဦးကပြောပါတယ်။

ရွေးကောက်ခံ အရပ်သားအစိုးရ ကို ဖြုတ်ချပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီး ကျင်းပမှာဖြစ်ပြီး အပိုင်း တစ်ကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ မြို့နယ် ၁၀၂ မြို့နယ်မှာပြုလုပ်မှာဖြစ်ပါတယ်။

NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေ၊ စစ်ကောင်စီကိုတော်လှန်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အဲဒီရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲသာဖြစ်ပြီး ဆန့်ကျင်ကြဖို့ နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook