Connect with us

Hi, what are you looking for?

သတင်း

မန်း တက္ကသိုလ်ရာပြည့်ပွဲကို စစ်ကောင်စီခေါင်းဆောင်လာရောက်ဖို့ရှိတာကြောင့် မြို့အနှံ စစ်ဆေးနေ

မန္တလေးတက္ကသိုလ် ရာပြည့်ပွဲကို အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် တက်ရောက်မှာဖြစ်တဲ့အတွက် မြို့ရဲ့နေရာအနှံ့မှာ ဒီနေ့ အောက်တိုဘာလ ၂ ရက်ကစတင်ပြီး စစ်တပ်ကပိတ်ဆို့ ရှာဖွေစစ်ဆေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

မန္တလေးနန်းတွင်းရှိအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဆီစစ်ကောင်စီခေါင်းဆောင်လာရောက်ခဲ့စဉ် (ပုံဟောင်း)

အောက်တိုဘာ – ၂ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးတက္ကသိုလ် ရာပြည့်ပွဲကို အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် တက်ရောက်မှာဖြစ်တဲ့အတွက် မြို့ရဲ့နေရာအနှံ့မှာ ဒီနေ့ အောက်တိုဘာလ ၂ ရက်ကစတင်ပြီး စစ်တပ်ကပိတ်ဆို့ ရှာဖွေစစ်ဆေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

စစ်တပ်က အဓိကဦးဆောင်ပြီး ဆိုင်ကယ် Tool Box တွေကိုဖွင့်စစ်တာ ၊ ကား နောက်ခန်းတွေ ကို ဖွင့်ပြခိုင်းတာအပြင် လိုင်စင်မဲ့ယာဉ် ဟုတ်၊မဟုတ်ပါ စစ်ဆေးနေတာလို့ သိရပါတယ်။

“နေရာတိုင်းမှာ စစ်နေတာ ၊ဒီနေ့တစ်ရက်တည်းကို သုံးခေါက်ရှိပြီ စစ်ခံနေရတာ”လို့ ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မြို့တွင်း စစ်ဆေးရာမှာ တစ်ဖွဲ့ကို စစ်သား ၊ ရပ်ကျေးလုံခြုံရေး(အပြာဝတ်)တွေအပါအဝင် အင်အား ၃၀နီးပါးရှိတယ်လို့ သိရပါတယ်။ ဒါအပြင် မြို့အစွန့်က နေရာတွေမှာ ဘေးတွဲယာဉ်တွေ ၊ လိုင်စင်မဲ့ကားတွေကိုပါ လိုက်လံ စစ်ဆေးတာရှိနေပါတယ်။

မန္တလေးတက္ကသိုလ်ရာပြည့်ပွဲကို အောက်တိုဘာ ၄ ရက်ကစတင်ကာ ‌သုံးရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။ဖွင့်ပွဲနေ့ကို စစ်ကောင်စီခေါင်း ဆောင်တက်ရောက်မှာပါ။ ဒါကြောင့် ရာပြည့်ပွဲကို လုံခြုံရေးတင်းကြပ်ထားသလို ပွဲဝင်ခွင့်ကိုလည်း ကန့်သတ်ထားတယ် သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံအခြေစိုက်ရိုဟင်ဂျာအသင်း (BROUK)က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဖမ်းဆီးပြီး တရားခံအဖြစ် လွှဲပြောင်းယူနိုင်ရေးကြိုးစားပေးဖို့အာဂျင်တီးနားတရားရေးဌာနကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကို ကြံရာပါပြုခြင်း

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက်ဖို့ဖိတ်ခဲ့တဲ့ ထိုင်းအစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း နဲ့ စစ်တပ် တရားဝင်မှုရရှိအောင် လုပ်ဆောင်မှုတွေ ရပ်တန့်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။