အောက်တိုဘာ – ၇ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring
တနင်္သာရီတိုင်း ၊ ထားဝယ်အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး လုံလောက်တဲ့ဆေးကုသခွင့်မရလို့ ဆုံးပါးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီနေ့ အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ထောင်ဒဏ်ရှစ်နှစ်ကျခံနေရတဲ့ အသက် ၄၈ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦးဟာ အောက်တိုဘာ ၃ ရက်မှာ နှလုံး၊ ဆီးချို ၊ကျောက်ကပ်ရောဂါတို့နဲ့ ထောင်ပြင်ပဆေးရုံမှာ သေဆုံးသွားတာဖြစ်ပါတယ်။
နဂိုရောဂါအခံကြောင့် မကြာခဏ ဆေးကုသမှုခံယူနေရသူဖြစ်ပြီး ထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာကြောင့် အသက် ဆုံးရှုံးရတာလို့ PPMN က မှတ်ချက်ပြုးပါယ်။

Public Service Announcement
“ တချို့ကျတော့ မသေဆုံးသင့်ဘဲ သေဆုံးရတဲ့ အခြေနေတွေရှိပါတယ်၊ ထောင်ထဲမှာ အဟာရပြည့်ဝတဲ့အစားအသောက်တွေကို မရတာကြာလာတာနဲ့အမျှရောဂါတွေကို ခံနိုင်ရည်လျော့နည်းလာတဲ့အတွက် ထောင်တွင်းမှာ သေဆုံးနိုင်ခြေပိုပြီးများပါတယ်”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောပါတယ်။
ထားဝယ်အကျဉ်းထောင်မှာထောင်ဆရာဝန်၊ ထောင်ဆေးရုံ မရှိတဲ့အတွက် ရောဂါဆိုးဝါးတဲ့သူတွေကိုသာ ထောင်ပြင်ပဆေးရုံမှာကုသရတယ်လို့ ဆိုပါတယ်။
ကိုအောင်ကိုဦးဟာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီးနောက် ၂၀၂၁ခုနှစ် ၊မေလ ၁၄ ရက်မှာ ထားဝယ်မြို့ ၊ ရှင်မုတ္ထီးရွာရှိ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီနောက် ထောင် ရှစ်နှစ်ချခံရတာပါ။
အခုနှစ်အတွင်းမှာတင် ထောင်ထဲမှာ လုံလောက်တဲ့ဆေးဝါးကုသခွင့်မရလို့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၄ ဦးထိ ရှိလာပြီလို့ PPNM ရဲ့ စာရင်းအရသိရပါတယ်။
















































