Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်ထောင်မှာ နိုင်ကျဉ်းတစ်ဦး လုံလောက်တဲ့ဆေးကုသခွင့်မရလို့ ထပ်မံကျဆုံး

တနင်္သာရီတိုင်း ၊ ထားဝယ်အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး လုံလောက်တဲ့ဆေးကုသခွင့်မရလို့ ဆုံးပါးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီနေ့ အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ – ၇ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

တနင်္သာရီတိုင်း ၊ ထားဝယ်အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး လုံလောက်တဲ့ဆေးကုသခွင့်မရလို့ ဆုံးပါးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီနေ့ အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ထောင်ဒဏ်ရှစ်နှစ်ကျခံနေရတဲ့ အသက် ၄၈ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦးဟာ အောက်တိုဘာ ၃ ရက်မှာ နှလုံး၊ ဆီးချို ၊ကျောက်ကပ်ရောဂါတို့နဲ့ ထောင်ပြင်ပဆေးရုံမှာ သေဆုံးသွားတာဖြစ်ပါတယ်။

နဂိုရောဂါအခံကြောင့် မကြာခဏ ဆေးကုသမှုခံယူနေရသူဖြစ်ပြီး ထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာကြောင့် အသက် ဆုံးရှုံးရတာလို့ PPMN က မှတ်ချက်ပြုးပါယ်။

Public Service Announcement

Public Service Announcement

“ တချို့ကျတော့ မသေဆုံးသင့်ဘဲ သေဆုံးရတဲ့ အခြေနေတွေရှိပါတယ်၊ ထောင်ထဲမှာ အဟာရပြည့်ဝတဲ့အစားအသောက်တွေကို မရတာကြာလာတာနဲ့အမျှရောဂါတွေကို ခံနိုင်ရည်လျော့နည်းလာတဲ့အတွက် ထောင်တွင်းမှာ သေဆုံးနိုင်ခြေပိုပြီးများပါတယ်”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောပါတယ်။

ထားဝယ်အကျဉ်းထောင်မှာထောင်ဆရာဝန်၊ ထောင်ဆေးရုံ မရှိတဲ့အတွက် ရောဂါဆိုးဝါးတဲ့သူတွေကိုသာ ထောင်ပြင်ပဆေးရုံမှာကုသရတယ်လို့ ဆိုပါတယ်။

ကိုအောင်ကိုဦးဟာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီးနောက် ၂၀၂၁ခုနှစ် ၊မေလ ၁၄ ရက်မှာ ထားဝယ်မြို့ ၊ ရှင်မုတ္ထီးရွာရှိ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက် ထောင် ရှစ်နှစ်ချခံရတာပါ။

အခုနှစ်အတွင်းမှာတင် ထောင်ထဲမှာ လုံလောက်တဲ့ဆေးဝါးကုသခွင့်မရလို့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၄ ဦးထိ ရှိလာပြီလို့ PPNM ရဲ့ စာရင်းအရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။