အောက်တိုဘာ-၈၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ထီးခီး(မယ်သမီခီး)ကျေးရွာကို စစ်ကောင်စီက Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၈ရက် မနက် ၉နာရီကျော်မှာ စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ၁၀ကြိမ် ဗုံးအလုံးရေ ၄၀ကျော်ကြဲချခဲ့တာလို့ ဆိုပါတယ်။ မြေပြင်တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်လာတာလို့ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်တာ မရှိဘူးလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
“ ပြည်သူကို ခြိမ်းခြောက်တာ။ ပစ်မှတ်ထားတာ။ နယ်မြေမတိုးတက်အောင် သူလုပ်တာ သပ်သပ်ဖြစ်တယ်”လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု အပေါ်မှတ်ချက်ပြုပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ ထီးခီးစစ်ကောင်စီစခန်းကို KNLA တပ်မဟာ(၄) ပူးပေါင်းတပ်ဖွဲ့က အခုနှစ် မေလ ဒုတိယ ပတ်မှာ သိမ်းပိုက်ခဲ့တာပါ။ အဲဒီလို သိမ်းပိုက်ပြီးနောက်စစ်ကောင်စီက ပြည်သူကို ပစ်မှတ်ထားလေကြောင် တိုက်ခိုက်မှု ပထမဆုံးအကြိမ် ပြုလုပ်လာတာလည်းဖြစ်တယ်လို့ KNLA တပ်မဟာ(၄)သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီဗုံးကြဲလို့ ထီးခီးဒေသခံတွေ ထိုင်းနယ်စပ်တောထဲမှာ တိမ်းရှောင်နေရ အောက်တိုဘာ-၈၊ ၂၀၂၅။ ထားမြတ်/People’s…
Posted by People's Spring on Wednesday 8 October 2025
အာဏာသိမ်းစစ်တပ်ဟာ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ တနင်္သာရီ စတဲ့မြို့နယ်တွေမှာလည်း ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ ဒရုန်း၊လက်နက်ကြီး တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့လို့ ပြည်သူ သေဆုံးထိခိုက်မှု ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ စစ်တပ်ဟာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားသလို တဖက်မှာလည်း KNU မြိတ်ထားဝယ်ခရိုင်မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာနေကြောင်း KNLA သတင်းရင်းမြစ်က ပြောထားပါတယ်။



















































