Connect with us

Hi, what are you looking for?

သတင်း

သီတင်းကျွတ်ကာလ မန္တလေးမှာ မီးပုံပျံ ပြုတ်ကျပြီး နေအိမ် သုံးလုံးမီးလောင်ခဲ့

မန္တလေးမြို့မှာ သီတင်းကျွတ်ကာလ လပြည့်နဲ့ လပြည့်ကျော်တစ်ရက်နေ့တွေမှာ မီးပုံးပျံပျက်ကျလို့ လူနေအိမ် သုံးလုံးမီးလောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာ – ၈ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့မှာ သီတင်းကျွတ်ကာလ လပြည့်နဲ့ လပြည့်ကျော်တစ်ရက်နေ့တွေမှာ မီးပုံးပျံပျက်ကျလို့ လူနေအိမ် သုံးလုံးမီးလောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မီးပုံးပျံပျက်ကျလို့ နှစ်ထပ်တိုက်တစ်လုံးနဲ့ နှစ်ထပ်အိမ် နှစ်လုံးတို့ မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

လပြည့်ကျော်တစ်ရက်နေ့ (အောက်တိုဘာ ၇ ရက်) ည ၇ နာရီခွဲခန့်က ပြည်ကြီးတံခွန်မြို့နယ်၊သင်ပန်းကုန်းရပ်ကွက်၊၁၁၉လမ်းနဲ့၁၂၀လမ်းကြား ၅၉ ( အေ) လမ်းရှိ နှစ်ထပ်ထရံကာ အိမ်ခေါင်မိုးပေါ်သို့ မီးပုံးပျံပျက်ကြပြီး မီးလောင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

“တစ်အိမ်လုံးပြာကျသွားတာ၊ ဘေးအိမ်တွေနဲ့က ဝေးလို့ မီးမကူးသွားတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သီတင်းကျွတ်လပြည့်ညကလည်း ချမ်းမြသာစည်နဲ့ပြည်ကြီးတံခွန်မြို့နယ်က နေအိမ်နှစ်လုံးပေါ် မီးပုံးပျံပျက်ကျပြီး မီးလောင်ခဲ့ပါတယ်။

ချမ်းမြသာစည်မြို့နယ်က လူနေနှစ်ထပ်တိုက်ပေါ်ရှိ ဆိုလာပေါ် မီးပုံးပျံပျက်ကျရာကနေ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့တာလို့ ရပ်ကွက်နေသူတွေကပြောပါတယ်။

အဲဒီမီးလောင်မှုကြောင့် အမျိုးသမီးတစ်ဦးနဲ့ မီးသတ်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေထံကနေသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။