Connect with us

Hi, what are you looking for?

သတင်း

မဲဇလီဆည်တံတားစစ်ဆေးရေးဂိတ်တိုက်ပွဲမှ စစ်ကောင်စီတပ်သားအလောင်းတွေ ထပ်တွေ့

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်ကစစ်ကောင်စီရဲ့မဲဇလီဆည်တော်ကြိုး တံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်စဥ် သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေ ထပ်မံတွေ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း(၇)က ထုတ်ပြန်ပါတယ်။

မဲဇလီဆည်တံတားစစ်ဆေးရေးဂိတ်တိုက်ပွဲမှ သေဆုံးနေတဲ့ စစ်ကောင်စီတပ်သားအလောင်း။ ဓာတ်ပုံ - PDFမင်းဘူး

အောက်တိုဘာ ၁၄၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်ကစစ်ကောင်စီရဲ့မဲဇလီဆည်တော်ကြိုး တံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်စဥ် သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေ ထပ်မံတွေ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း(၇)က ထုတ်ပြန်ပါတယ်။

နယ်မြေရှင်းလင်းစဉ်မှာ စစ်ကောင်စီတပ်သားနှစ်ဦးရဲ့ ရုပ်အလောင်း ထပ်တွေ့တာလို့ အသိပေးပါတယ်။

“၁၁ ရက်နေ့က တစ်ယောက်၊၁၂ ရက်နေ့က တစ်ယောက် စုစုပေါင်း နှစ်ယောက်တွေ့တာ”လို့ ပွင့်ဖြူမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၄ ရက်က ပုသိမ်-မုံရွာလမ်းပိုင်းက စစ်ကောင်စီတပ်အထိုင်ချထားတဲ့ မဲဇလီ ဆည်တော်ကြိုး တံတားစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ် နောက်ဆက်တွဲလို့ ဆိုပါတယ်။

တိုက်ခိုက်ခဲ့တဲ့နေ့က စစ်ကောင်စီတပ်သားလေးဦးအလောင်းနဲ့ လက်နက်နဲ့ခဲယမ်းတွေရရှိတယ်လို့ ပွင့်ဖြူ ပကဖက ကနဦး ထုတ်ပြန်ထားပါတယ်။ပွင့်ဖြူပကဖ ၊မင်းဘူးခရိုင် ပကဖ၊မင်းဘူးခရိုင် တပ်ရင်း ၇ နဲ့ တပ်ရင်း ၄ တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့လည်း အသိပေးပါတယ်။

မဲဇလီဆည်တော်စစ်​ဆေးရေးဂိတ်မှာစစ်ကောင်စီတပ်သားတွေအထိုင်ချတပ်စွဲထားတာဖြစ်ပြီး အင်အား ၁၀ ဦးထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပုံသိမ်-မုံရွာလမ်းပိုင်းပေါ်က မဲဇလီ ဆည်တော်ကြိုးတံတားကို အသုံးမပြုဖို့ ပွင့်ဖြူ ပကဖ က တိုက်တွန်းထားပါတယ်။

စစ်ရေးဂိတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်က ပွင့်ဖြူမြို့နယ်ထဲ လေကြောင်းကနေ ဗုံးကြဲတာ အပြင် မြေပြင်စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်နေတာ ရှိပါတယ်။

“အဲဒီအခြေနေအသေးစိတ်ကိုတော့ရှေ့တန်းကသတင်းမပို့လာသေးဘူး”လို့ မင်းဘူးခရိုင်တပ်ရင်း ၇ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကနေ ၆ ရက်အထိ ပွင့်ဖြူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်စစ်ကြောင်း ထိုးခဲ့ဖူးပြီး သေဆုံးမှုများတာကြောင့် မင်းဘူး(စကု)ဘက်သို့ တပ်ပြန်ဆုတ်သွားရတယ်လို့ ပွင့်ဖြူ ပကဖ က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်ရှိရွှေတချောင်းမြောင်းမှာဦးခေါင်းဒဏ်ရာတွေရပြီးသေဆုံးနေတဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကိုမနေ့ ( စက်တင်ဘာလ ၁ ရက် ) မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့လူမူကူညီရေး လုပ်ကိုင်သူတချို့ဆီက သိရပါတယ်။