Connect with us

Hi, what are you looking for?

သတင်း

ကျောက်ပန်းတောင်းမှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး ဓါးပြဝင်တိုက်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်မှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး အိမ်ထဲဝင်ပြီး ဓါးပြတိုက်သွားကြောင်း ဒေသခံများက ပြောပါတယ်။

အောက်တိုဘာ-၂၃၊ ၂၀၂၅။ ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်မှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး အိမ်ထဲဝင်ပြီး ဓါးပြတိုက်သွားကြောင်း ဒေသခံများက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ရက် ည ၁၂ နာရီခွဲခန့်က ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်က နေအိမ်တအိမ်ကို လက်နက်အရှည်ကိုင်ထားတဲ့ လူ ၇ ဦးက ဓါးပြဝင်တိုက်ရာ ရွှေ ၇ကျပ်သားနဲ့ ငွေသား သိန်းသုံးရာကျော် ပါသွားခဲ့ကြောင်း နီးစပ်သူတွေက ပြောပါတယ်။

“ဧည့်စာရင်းစစ်ချင်လို့ဆိုပြီး တံခါးဖွင့်ခိုင်းတာမဟုတ်ဘဲ အုတ်တံတိုင်းကျော်ပြီး အနက်ဝတ်စုံတွေနဲ့ ဝင်လာတာ။ တုတ်တွေ၊ ဓါးတွေလည်း ကိုင်ထားတယ်။”လို့ ဓါးပြတိုက်ခံရတဲ့အိမ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဓါးပြတွေဟာ မျက်နှာကို ပဝါတွေစီးထားပြီး အပေါ်ကိုယ်ထည်မှာ စောင်တွေ ခြုံထားကာ ပျူဝတ်စုံ ယူနီဖောင်းများ ဝတ်ဆင်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကျူးလွန်သူတွေထဲက တချို့ကိုတော့ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

ကျူးလွန်သူတွေဟာ စစ်ကောင်စီတပ် လက်သပ်မွေးထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာဖြစ်နိုင်ကြောင်း ကျောက်ပန်းတောင်းမြို့ခံတွေက မှတ်ချက်ပြုပါတယ်။

ကျောက်ပန်းတောင်းမြို့ပေါ်မှာ ဓါးပြတိုက်မှုအပြင် ခိုးမှု၊ လုယက်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ ရွှေကူမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး တရားခံတွေ ထွက်ပြေး လွတ်မြောက်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားပြီး၊ ပျူ​စောထီး​တွေများတဲ့မန္တလေးမြို့မှာ ဒီက​နေ့ည​နေပိုင်းက ချမ်းမြသာစည်မြို့နယ်ထဲက မီလျံနာ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၅၀ ကျပ်သားဝန်းကျင် ပါသွားတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌မြို့ခံ တွေက ပြောပါတယ်။